အမေရိကန်ပြည်ထောင်စုရဲ့ ငွေကြေးအကျပ်အတည်းကို အမေရိကန်အစိုးရဘက်က
ကူညီဖြေရှင်းပေးတဲ့ အစီအစဉ်တွေ ချမှတ်နေချိန် ကမ္ဘာ့ငွေကြေးဈေးကွက်ဟာ
ဒီနေ့ ပြန်လည် ဦးမော့လာပါတယ်။ဂျပန်နိုင်ငံက နစ်ခေး (Nikkei) စတော့ရှယ်ယာ
ဈေးကွက် အညွှန်းကိန်းဟာ ၄% နီးပါး ပြန်လည် မြင့်တက်လာပါတယ်။
ဟောင်ကောင်က
ဟန်းဆန်း (Hang Seng) စတော့ ဈေးကွက်ဟာ ၉.၅ % ကျော် ပြန်တက်လာခဲ့ပါတယ်။
တရုတ်ပြည် ရှန်ဟိုင်း စတော့ ညွှန်းတန်း ကတော့ ဈေးကွက်ပိတ်တဲ့ အချိန်မှာ ၉%
ကျော် မြင့်တက်ခဲ့ပါတယ်။ တရုတ်အစိုးရက အစုရှယ်ယာတွေ ၀ယ်ရင်
အခွန်မဖြတ်ဘူးလို့ သတ်မှတ်လိုက်ပြီးနောက်ပိုင်း အခုလို
တိုးလာတာဖြစ်ပါတယ်။ဥရောပတ၀ှမ်းက ကုန်သွယ်ရေး ဆိုင်ရာ စတော့ ရှယ်ယာ
ဈေးကွက်လည်း ပြန်ပြီးတော့ မြင့်တက်လာခဲ့ပါတယ်။
ငွေကြေးပြသနာတွေကြောင့်
နှစ်ရက်ကြာပိတ်ထားခဲ့ရတဲ့ ရုရှားစတော့ ဈေးကွက်လည်း
အခုပြန်ဖွင့်လိုက်ပါပြီ။အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဟန်နရီ ပေါ်ဆန် (Henery
Pauson) ကတော့ ကြာသပတေးနေ့က အောက်လွှတ်တော် သဘာပတိ နန်စီ ပလိုစီ (Nancy
Pelosi) နဲ့အခြား အဆင်မြင့် အရာရှိတွေ၊ လွှတ်တော်အမတ်တွေနဲ့
တွေ့ဆုံဆွေးနွေးတဲ့အခါ ငွေကြေး စနစ်တခုလုံးကို အန္တရယ် သက်ရောက်နိုင်ခြေနဲ့
အခက်အခဲတွေကို ဖြေရှင်းရေးမှာ ဘယ်လို ဥပဒေပြဌာန်းရေး ကိစ္စတွေ ကို
ဆွေးနွေးခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။