သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် ကင်းမဲ့


မြန်မာ၊ တရုတ် နဲ့ မြောက်ကိုရီးယား နိုင်ငံတွေဟာ လွန်ခဲ့တဲ့နှစ်က ဘာသာရေး ဆိုင်ရာ လွတ်လပ်ခွင့်တွေကို ချိုးဖောက်ခဲ့ကြတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန က နှစ်ပတ်လည် ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာကို သောကြာနေ့က ထုတ်ပြန်ရာမှာ အရှေ့အာရှ ဒေသ သုံးနိုင်ငံတို့ရဲ့ အခြေအနေဟာ ယခင် နှစ်ပေါင်းများစွာ က အခြေအနေ အတိုင်း ဆက်လက် ရှိနေတဲ့အတွက် စိုးရိမ်ဖွယ် ရှိတယ်လို့ ပြောဆိုထားတာပါ။

အမေရိကန်ပြည်ထောင်စု ရဲ့ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ သံအမတ်ကြီး ဂျွန် ဟန်းဖို့ဒ် က မြောက်ကိုရီးယား နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘာသာရေး လွတ်လပ်ခွင့် ကို အပြင်းထန်ဆုံး ချိုးဖောက်နေတဲ့ နိုင်ငံတခု ဖြစ်တယ်လို့ ဆိုပါတယ်။ ဘာသာရေး အကြောင်းကြောင့် အကျဉ်းကျ ခံနေရသူတွေ မြောက်ကိုရီးယားနိုင်ငံမှာ အများအပြား ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီး အပေါ် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုဟာ နိုင်ငံတော် ဘာသာသဖွယ် ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

မြန်မာစစ်အစိုးရဟာလည်း ၂၀၀၇ ခုနှစ် စက်တင်ဘာလ အတွင်းက လူ့အခွင့်အရေး ထွန်းကားရေး ဆောင်ရွက်ခဲ့တဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို ဖမ်းဆီးပြီး ဘုန်းကြီးကျောင်းတွေကိုလည်း ဝင်ရောက်စီးနင်းခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တချိန်တည်းမှာပဲ မြန်မာအာဏာပိုင်တွေဟာ ဗုဒ္ဓဘာသာ မဟုတ်တဲ့ တိုင်းရင်းသား လူနည်းစုတွေ ကြားမှာ ထေယဝါရ ဗုဒ္ဓဘာသာကို အတင်းအဓမ္မ သွတ်သွင်းနေတယ်လို့ လည်း ဆိုပါတယ်။ မြန်မာနိုင်ငံဟာ အထူး စိုးရိမ်ဖွယ် ကောင်းတဲ့ နိုင်ငံတခုအဖြစ် သတ်မှတ်ထားတဲ့အတွက် အမေရိကန်အစိုးရ ကို စစ်လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချတာကို ပိတ်ပင်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG