သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြေးဈေးကွက် တည်ငြိမ်ရေး အမေရိကန်အစိုးရ ဒေါ်လာသန်းထောင်ချီသုံးမည်


ကမ္ဘာ့ ချေးငွေလုပ်ငန်း ဈေးကွက် အကျပ်အတည်း ကို သက်သာစေဖို့ ရည်ရွယ်ပြီး၊ အမေရိကန် အစိုးရ က ဒေါ်လာ သန်း ထောင်ပေါင်းများစွာ နဲ့ ၀င်ရောက်ဆောင်ရွက်ဖို့ ပြင်ဆင်နေကြောင်း အမေရိကန် ဘဏ္ဍာရေး ၀န်ကြီး ဟင်နရီ ပေါ်လ်ဆင်န် (Henry Paulson) က ပြောကြားပါတယ်။

ကယ်တင်ရေး အစီအစဉ် ကို အသေးစိတ် ဆွေးနွေးဖို့ ဥပဒေပြု အမတ်တွေ နဲ့ ဘုရှ် အစိုးရ အဖွဲ့တို့ ၀ါရှင်တန် မှာ ဆွေးနွေးနေကြပါတယ်။ ငွေးကြေး လုပ်ငန်းတွေ ရဲ့ ပြန်မရတဲ့ ချေးငွေတွေ ကို အစိုးရ က ယူလိုက်ဖို့ အစီအစဉ်တစ်ရပ် ကို အကြမ်း လျာထားဖို့ ဒီိမိုကရက်တွေ နဲ့ ရီပါဘလီကန်တွေ က သောကြာနေ့ မှာ သဘောတူလိုက်ကြပါတယ်။

အိမ်ဈေးကွက် အကျပ်အတည်း ဖြစ်လာတဲ့အတွက် ငွေကြေးလုပ်ငန်းကြီးတွေ ပျက်ကိန်းကြုံနေကြရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆုံးသွားတဲ့ အကြွေးတွေ အတွက် ဘဏ်တွေ ကို အစိုးရ က ငွေ ဘယ်လောက်ပေးမလဲ၊ ဒါမှမဟုတ် အစိုးရ က ထောက်ပံ့ရလို့ ငွေကြေးလုပ်ငန်းတွေ ဆီ က ဘာပြန်ရမလဲ စတဲ့ တိတိကျကျ အချက်တွေ ကိုတော့ ဥပဒေပြုအမတ်တွေ က သဘောမတူနိုင်ကြသေးပါဘူး။

အိမ်ဈေးကွက် အကျပ်အတည်းကြောင့် အထိနာသွားကြတဲ့ အိမ်ပိုင်တွေအတွက် ကယ်ဆယ်ရေး စီမံကိန်း ကိုလည်း တချို့ ဒီမိုကရက်တွေ က လိုချင်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG