အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့မှာ
စတင်ကျင်းပနေပြီဖြစ်တဲ့ နှစ်ပတ်လည် ကုလ
သမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့
အမေရိကန်သမ္မတ ဘုရှ်ဟာ ဒီကနေ့ ကုလ
သမဂ္ဂ ဌာနချုပ်ရှိရာ နယူးယောက်ခ်ကို
ထွက်ခွာ
မှာဖြစ်ပါတယ်။ ကုလသမဂ္ဂဌာနချုပ် အထွေထွေ
ညီလာခံမှာ သမ္မတဘုရှ်အနေနဲ့ မနက်ဖြန်
မိန့်ခွန်းပြောဖို့ရှိသလို နိုင်ငံတကာအရေးကိစ္စနဲ့
ကုလသမဂ္ဂရေးရာ ကိစ္စတွေကို ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်နဲ့ သီးခြားဆွေးနွေးမှာ ဖြစ်ပါ
တယ်။ ဒီလိုဆွေးနွေးရာမှာ
မြန်မာ့အရေးဟာ
သမ္မတဘုရှ်ရဲ့ ထိပ်တန်းဦးစားပေး အကြောင်းတရပ်ဖြစ်တယ်လို့ အမေရိကန်
နိုင်ငံခြား
ရေးဌာနက ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက
ဆက်သွယ်မေးမြန်း
တင်ပြထားပါတယ်။
၆၃ ကြိမ်မြောက်ကျင်းပတဲ့ နှစ်စဉ် ကုလသမဂ္ဂ
အထွေထွေညီလာခံဟာ ပြီးခဲ့တဲ့အပတ်
ထဲက စတင်လိုက်ပြီဖြစ်ပေမယ့် နိုင်ငံအစိုးရ
ခေါင်းဆောင်တွေဟာ လာမယ့် အင်္ဂါနေ့
ကျမှ စပြီး တရားဝင်မိန့်ခွန်းတွေ ပြောကြမှာပါ။
ညီလာခံကို အမေရိကန်သမ္မတ ဘုရှ် တက်ရောက်ပြီး
မိန့်ခွန်းပြောမှာဖြစ်သလို လက်ရှိ
ကုလသမဂ္ဂက ကိုင်တွယ်ရာမှာ အခက်ဖြစ်နေတဲ့
အကြောင်းရပ် တော်တော်များများကို
လည်း သမ္မတဘုရှ်အနေနဲ့ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်နဲ့ သီးခြားဆွေးနွေးမှာ ဖြစ်ပါ
တယ်။ ဒီအထဲမှာ
မြန်မာနိုင်ငံကိစ္စကို ဦးစားပေးပြီး ဆွေးနွေးသွားဖို့ရှိတယ်လို့ ကုလ
သမဂ္ဂဆိုင်ရာ
အမေရိကန်ပြည်ထောင်စု အမြဲတမ်းကိုယ်စားလှယ်ရုံး ပြောခွင့်ရသူ
ဘန်ချမ်းက ပြောပါတယ်။
"ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့
တွေ့ဆုံဆွေးနွေးစဉ် ပြောကြားမယ့်ကိစ္စရပ်တွေထဲမှာ
မြန်မာနိုင်ငံရဲ့ အရေးကိစ္စဟာ
သမ္မတရဲ့ ဦးစားပေး စိုးရိမ်ချက် ဖြစ်ပါလိမ့်မယ်။
ဒီအကြောင်းကို
ဆွေးနွေးပြောဆိုကြလိမ့်မယ်လို့ သူတို့ မျှော်လင့်ထားတဲ့အကြောင်း"
မစ္စတာဘန်ချမ်းက
ပြောသွားပါတယ်။
သောကြာနေ့ အိမ်ဖြူ သတင်းစာရှင်းလင်းပွဲ
အတွင်းကလည်း သမ္မတရဲ့ အမျိုးသား
လုံခြုံရေး အကြံပေး စတီဗင် ဟာလေးက သမ္မတဘုရှ်အနေနဲ့
အတွင်းရေးမှူးချုပ်နဲ့
တွေ့တဲ့အခါ ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေးကိစ္စ၊ အာဖဂန်နစ္စတန်၊
ဆူဒန်၊ မြန်မာနဲ့
ဇင်ဘာဘွေကိစ္စတွေကို ဆွေးနွေးသွားဖို့ရှိတယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဇာမေးလ်
ခါလီဇက်ကလည်း မြန်မာ
နိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်မှုတွေ ဖြစ်လာစေဖို့
မြန်မာအစိုးရအပေါ် ဖိအားတွေ
ဆက်ပေးသွားဖို့ သူတို့အနေနဲ့ ဆက်လုပ်သွားမယ်၊ ဒါပေမယ့်
လက်ရှိအခြေအနေထိ
မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ဘာမှမတွေ့ရသေးဘူးလို့ တနေ့ကပဲ
သတင်းစာ
ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး
အမေရိကန်ပြည်ထောင်စုအနေနဲ့ ကုလသမဂ္ဂထဲမှာ
အရင်ကတည်းက အတော်လေး တက်တက်ကြွကြွ ဆွေးနွေး
တင်ပြနေတာပါ။ ကုလ
သမဂ္ဂ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ အထွေထွေညီလာခံ စသဖြင့် ကုလသမဂ္ဂ
ဆွေးနွေးပွဲတိုင်းမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဦးဆောင်ပြီး မြန်မာနိုင်ငံမှာ
နိုင်ငံရေးအရ
တိုးတက်မှုတွေ ရှိလာဖို့အတွက် တွန်းအားပေး ပြောဆိုခဲ့ပါတယ်။
တွေ၊ နိုင်ငံကိုယ်စားလှယ်တွေကို ဧည့်ခံပွဲလုပ်မယ်လို့ သိရပါတယ်။ မနက်ဖြန် အင်္ဂါနေ့
မှာတော့ အထွေထွေညီလာခံ မိန့်ခွန်းပြောကြားမယ်လို့ သိရပါတယ်။