နိုင်ငံတကာရဲ့ ငွေကြေးစနစ် တည်ငြိမ်မှုရှိလာအောင်
လိုအပ်တဲ့ အရေးယူဆောင်ရွက်ဖို့
ရှိတာမှန်သမျှကို လုပ်ဆောင်သွားမယ်လို့
ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေရဲ့ စီးပွားရေး
ဆိုင်ရာ အရာရှိတွေက ပြောဆိုလိုက်ပါတယ်။
အမေရိကန်ရဲ့ ငွေကြေးဆိုင်ရာ အစိုးရက ကြားဝင် ကျားကန်
ကူညီပေးရေး အစီအစဉ်
နဲ့ပတ်သက်ပြီး G7 ခေါ် ကမ္ဘာ့စက်မှုထိပ်သီး ၇ နိုင်ငံက
ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးတွေနဲ့
ဘဏ္ဍာရေးဝန်ကြီးတွေ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။
ဒေါ်လာငွေ ဘီလီယံပေါင်း ၇၀၀ သုံးစွဲပြီး ငွေကြေးဆိုင်ရာပြဿနာကို
ကူညီသွားဖို့
အတွက် အောက်လွှတ်တော်ကို သမ္မတဘုရှ် အစိုးရအဖွဲ့က မေတ္တာရပ်ခံ
တောင်းဆို
လိုက်ပြီးနောက်ပိုင်း အခုလို နိုင်ငံကြီးတွေရဲ့ ကတိက၀တ်တွေ ရှိလာခဲ့တာပါ။
အမေရိကန်အစိုးရရဲ့ လုပ်ဆောင်မှုတွေဟာ
အာရှစတော့ခ်ဈေးကွက်မှာ စိုးရိမ်ပူပန်မှု
တွေ ရှိနေကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို
စိတ်သက်သာရာ ရစေခဲ့ပါတယ်။ အာရှ
စတော့ခ်ရှယ်ယာဈေးကွက် ဒီနေ့ပိတ်ချိန်မှာ
ဈေးနှုန်းတွေ ပြန်မြင့်တက်လာခဲ့ပြီး
ဥရောပက စတော့ခ်ျရှယ်ယာဈေးကွက်မှာလည်း ဒီနေ့
နေ့ခင်းပိုင်းအထိ ဈေးနှုန်းတွေ
ပြန်မြင့်တက်လာနေပါတယ်။
အမေရိကန်က အဓိကကျတဲ့ ရင်းနှီးမြှုပ်နှံမှု
ဘဏ်ကြီးနှစ်ခုဖြစ်တဲ့ Goldman
Sachs
နဲ့ Morgan Stanley ဘဏ်တွေရဲ့ လုပ်ငန်းတွေကို အမေရိကန်ဗဟိုဘဏ်က ကြားဝင်
ကျားကန် ဆောင်ရွက်ပေးမယ်ဆိုပြီး မနေ့က ပြောဆိုလိုက်ပါတယ်။
အဲလိုလုပ်ပေး
ခြင်းအားဖြင့် ဘဏ်တွေရဲ့ ငွေသွင်းငွေထုတ်လုပ်ငန်းတွေ၊ လိုရင်လိုသလို
ဗဟိုဘဏ်
က ချေးငွေတွေကို အဲဒီဘဏ်တွေ ရရှိနိုင်မှာဖြစ်ပါတယ်။