စစ်အစိုးရ ပြင်ဆင်ပြုလုပ်တော့မယ့် အထွေထွေ ရွေးကောက်ပွဲကြီးအတွက် မြန်မာပြည်သူတွေက ရွေးကောက်ပွဲပြီးရင် အပြောင်းအလဲ ရှိနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မဲပေးကြသလား။ ဒီမိုကရေစီ အင်အားစု အတိုက်အခံတွေရဲ့  တိုက်တွန်းမှုကြောင့် ကန့်ကွက်တဲ့အလုပ်ကို လုပ်ကြမလား။ ဘယ်အုပ်စုကိုမှ မထောက်ခံဘဲ ရေစီးမြောလိုက်ကြမလား ဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးတင်ပြထားပါတယ်။
စစ်အစိုးရ ချုပ်ကိုင်ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအပေါ် အမြင၊် ယူဆ သုံးသပ်ချက်များကို ဦးဘိုလှတင့် (NCGUB - ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရ ၀န်ကြီး)၊ ဒေါက်တာလွမ်းဆွေ (မြားနတ်မောင် မဂ္ဂဇင်း အယ်ဒီတာ) တို့၏ အဓိက ဦးဆောင်ဆွေးနွေးမှုများ နဲ့အတူ ပြည်တွင်းပြည်ပမှ ဆက်သွယ် ဆွေးနွေးလာသူများရဲ့  ပြောဆိုမေးမြန်းချက်များကို ဦးကျော်ဇံသာ နဲ့ ထုတ်လုပ်သူ ဦးဇော်ဝင်းလှိုင် တို့ က ပူးတွဲစီစဉ် ဆွေးနွေး တင်ပြထားပါတယ်။