မြန်မာစစ်အစိုးရရဲ့ ဖိနှိပ်အုပ်ချုပ်မှုအောက်
မှာ ဖိနှိပ်ခံနေရတဲ့
မြန်မာပြည်သူတွေ
လွတ်မြောက်ရေးအတွက် ဆက်လက်
ကြိုးပမ်း ဆောင်ရွက်ပေးဖို့
အမေရိကန်
သမ္မတ ဂျော့ချ် ဒဘလျူ ဘုရှ် (George W.
Bush) က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ
ရှေ့မှောက်မှာ ပန်ကြားသွားပါတယ်။
သမ္မတဘုရှ်ဟာ ဒီနေ့ အမေရိကန်
ပြည်ထောင်စု
နယူးယောက်ခ်မြို့ ကုလ
သမဂ္ဂ အထွေထွေညီလာခံကြီးမှာ မိန့်ခွန်း
ပြောကြားတဲ့အချိန်
မြန်မာနိုင်ငံ အရေးကိစ္စ
ကို ထည့်သွင်းပြောကြားသွားတာ ဖြစ်ပါ
တယ်။
မြန်မာစစ်အစိုးရရဲ့ ဖိနှိပ်မှုအောက်မှာ
နှစ်ပေါင်းများစွာ ခံစားနေကြရတဲ့ မြန်မာပြည်သူ
တွေ လွတ်မြောက်ရေးအတွက်
ဒီ့ထက်ပိုပြီး ကြိုးပမ်းလုပ်ဆောင်ကြဖို့ လိုတဲ့အကြောင်း
သမ္မတဘုရှ်က
ပြောဆိုသွားတာပါ။
သမ္မတဘုရှ်က အမေရိကန်ပြည်ထောင်စုမှာ
ကြုံတွေ့ရင်ဆိုင်နေရတဲ့ စီးပွားရေးအကျပ်
အတည်းတွေနဲ့ ပတ်သက်လို့လည်း
ထည့်သွင်းပြောဆိုသွားပါတယ်။ အမေရိကန်အစိုးရ
အနေနဲ့ အမေရိကန် ငွေကြေးဈေးကွက်
တည်ငြိမ်အောင် ရဲရဲဝံ့ဝံ့၊ အင်တိုက်အားတိုက်၊
ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသား
ဆောင်ရွက်ပြီး လုပ်ဆောင်နေတယ်လို့လည်း
ထည့်သွင်းပြောဆိုသွားပါတယ်။
ဒီအတောအတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဘန်ကီမွန်း (Ban Ki-moon) လည်း
အထွေထွေညီလာခံ အဖွင့်မိန့်ခွန်းပြောကြားပြီး
သီတင်းပတ်နဲ့ချီကျင်းပမယ့်
အထွေထွေညီလာခံကြီးကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ရာသီဥတုပြောင်းလဲမှု၊ အိတ်ချ်အိုင်ဗွီ၊
အေအိုင်ဒီအက်စ်၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေး၊
စားနပ်ရိက္ခာနဲ့ ငွေကြေးဈေးကွက်
ကိစ္စတွေကို သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွား
ပါတယ်။
ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့လည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက
ညီလာခံမှာ တိုက်တွန်းပြောဆိုသွားပါတယ်။