အမေရိကန်ပြည်ထောင်စုက
အကြီးဆုံးဘဏ်ကြီးတချို့ ငွေကြေးအကျပ်အတည်းဖြစ်ပြီး
တဲ့နောက်
ကမ္ဘာ့ငွေကြေးဈေးကွက်၊ အစု ရှယ်ယာဈေးကွက်တွေ တဟုန်ထိုးကျဆင်းပြီး
ထိခိုက်လာရတဲ့အတွက် အမေရိကန်အစိုးရက ၀င်ရောက်စွက်ဖက်ပြီး ကိုင်တွယ်ရတဲ့
အခြေအနေ
ဆိုက်ရောက်သွားခဲ့ပါတယ်။
အမေရိကန်စီးပွားရေးဟာ
ကမ္ဘာမှာ အကြီးဆုံး စီးပွားရေးတခုဖြစ်တာကြောင့်
အမေရိကန်မှာ ဒီလိုဖြစ်ပြီဆိုရင် တကမ္ဘာလုံးမှာ
ရိုက်ခတ်တော့တာပါပဲ။
အမေရိကန်စီးပွားရေးက
လွတ်လပ်တဲ့စီးပွားရေး၊ စီးပွားရေးလုပ်ငန်းတွေ၊ ဘဏ်တွေ
ဟာ အစိုးရရဲ့စွက်ဖက်မှုမရှိဘဲ
သူတို့ဖာသာ လွတ်လွတ်လပ်လပ် လည်ပတ်လုပ်
ကိုင်ကြတယ်ဆိုပေမယ့် အခုလို အကျပ်အတည်း
ကြီးကြီးမားမား ကြုံလာရတဲ့အခါ
မှာတော့ အစိုးရက ဒီတိုင်းကြည့်နေလို့မရတော့ဘဲ
ဝင်ဖြေရှင်းရတော့တာပါ။
ဖြေရှင်းတဲ့နေရာမှာလည်း
အမေရိကန်လူထုက အစိုးရကိုပေးဆောင်ထားတဲ့ အခွန်
ဘဏ္ဍာငွေတွေ ဒေါ်လာကုဋေပေါင်း
သောင်းနဲ့ချီပြီးတော့ကို အသုံးပြုပြီးဖြေရှင်းရမယ်
လို့ တွက်ချက်ထားကြပါတယ်။