မြန်မာစစ်အစိုးရ
ခေါင်းဆောင်တွေအနေနဲ့
မြန်မာပြည်သူတွေရဲ့ အခွင့်အရေးတွေကို
လေးစားဖို့အတွက်
အိမ်နီးချင်းနိုင်ငံတွေ၊
အထူးသဖြင့် တရုတ်နဲ့ အိန္ဒိယတို့က
တွန်းအားပေးပါလို့
သမ္မတကတော်
လော်ရာဘုရှ် (Laura Bush) က တိုက်တွန်း
လိုက်ပါတယ်။
နယူးယောက်ခ်မြို့မှာ
ကျင်းပနေတဲ့ ကုလ
သမဂ္ဂ အထွေထွေညီလာခံကြီးကို
တက်ရောက်ခဲ့တဲ့ သမ္မတဘုရှ်နဲ့ သမ္မတ
ကတော်
လော်ရာဘုရှ်တို့ဟာ ဒီမိုကရေစီနဲ့
လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ နေ့လယ်စာစားရင်း
တွေ့ဆုံခဲ့ပါတယ်။ အဲဒီ ဒီမို
ကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေထဲမှာ
မြန်မာပြည်က သံဃာတော်တပါး
ဖြစ်တဲ့ အရှင်ကောဝိဒလည်း ပါဝင်ပါတယ်။ မနှစ်က
သံဃာထုလှုပ်ရှားမှု၊ ရွှေဝါရောင်
တော်လှန်ရေးကြီးအပြီး ဘေးလွတ်ရာ တိမ်းရှောင်ခဲ့တဲ့
သံဃာတပါးဖြစ်ပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း
အရှင်ကောဝိဒက မိန့်ကြားခဲ့တာကို အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားပါတယ်။