သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး အကျပ်အတည်းကိစ္စ သမ္မတလောင်းတွေနဲ့ ဆွေးနွေးမည်


တိုင်းပြည်အတွင်းက အခက်အခဲနဲ့ ရင်ဆိုင်နေကြ
ရတဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေကို
ကယ်တင်မယ့် သူ့ရဲ့အစီအစဉ်ကို ထောက်ခံလာ
အောင် ဆွဲဆောင်ဖို့ ကြိုးစားတဲ့အနေနဲ့ သမ္မတဘုရှ်
က သမ္မတရွေးကောက်ပွဲဝင်ကြမယ့် ကိုယ်စား
လှယ်လောင်း ၂ ယောက်နဲ့ ကွန်ဂရက်လွှတ်တော်
က ခေါင်းဆောင်တချို့ကို သမ္မတအိမ်ဖြူတော်ကို
ဖိတ်ကြားလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့ညပိုင်းက
တိုင်းပြည်ကို ရုပ်မြင်သံကြားကတဆင့် ပြောကြား
တဲ့ မိန့်ခွန်းထဲမှာ ပြည်သူလူထုအနေနဲ့ အဲဒီ
ကယ်တင်ရေးအစီအစဉ်ကို ထောက်ခံကြဖို့ကို
လည်း တိုက်တွန်းသွားတဲ့အကြောင်း ဗွီအိုအေ
သတင်းထောက် ပေါ်လာ ဝုဖ်ဆင် (Paula
Wolfson) သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

တိုင်းပြည်စီးပွားရေး အခြေအနေဟာ အန္တရာယ်ကျရောက်နိုင်တဲ့ အနေအထားကို
ရောက်နေတာကြောင့် တခုခုလုပ်မှရတော့မယ်လို့ သမ္မတဘုရှ်က ပြောပါတယ်။

"ကျနော်တို့ဟာ စီးပွားရေးအရ အကျယ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာကြောင့်
ဗဟိုအစိုးရအနေနဲ့ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ပြီး တုံ့ပြန်နေပါတယ်။"

မနေ့ညက တိုင်းပြည်ကို ရှားရှားပါးပါးပြောကြားတဲ့ မိန့်ခွန်းမှာတော့ လတ်တလော
ကြုံတွေ့နေရတဲ့ ခက်ခဲနက်နဲတဲ့ စီးပွားရေးအကျပ်အတည်းကို သာမန်ပြည်သူတွေ
နားလည်နိုင်အောင် သမ္မတဘုရှ်က ကြိုးစား ပြောကြားသွားပါတယ်။ သူက အခု
လောလောဆယ် ဝေါလ်စထရိ (Wall Street) အစုရှယ်ယာဈေးကွက်မှာ ကြုံတွေ့နေရ
တဲ့ ပြဿနာတွေဟာ အဆုံးသတ်မှာ အမေရိကန်တဦးချင်းစီရဲ့ အိမ်တွေကိုပါ ကူးစက်
လာနိုင်ပါတယ်တဲ့။

"စီးပွားရေးလုပ်ငန်းတွေ ထပ်ပြီးပျက်စီးနိုင်တာကြောင့် အလုပ်လက်မဲ့ဖြစ်တဲ့ အမေ
ရိကန်တွေလည်း များလာနိုင်ပါတယ်။ ခင်ဗျားတို့မှာ အကြွေးဝယ်ယူနိုင်တဲ့ မှတ်တမ်း
ကောင်းကောင်းရှိရင်တောင် ကားဝယ်ဖို့ ငွေချေးတာတို့၊ သားသမီးတွေကို ကောလိပ်
ကျောင်းပို့ဖို့တွေမှာ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ အဆုံးသတ်မှာတော့ ကျနော်တို့
တိုင်းပြည်ကြီးတခုလုံးအနေနဲ့ နာတာရှည်တဲ့ စီးပွားရေးကျဆင်းမှုကြီးနဲ့ ရင်ဆိုင်ရနိုင်ပါ
တယ်။"

မကြာသေးခင်အချိန်ထိတော့ အမေရိကန် စီးပွားရေးအခြေအနေဟာ ကောင်းမွန်နေ
တယ်လို့ သမ္မတဘုရှ်က ပြောခဲ့ပါတယ်။ အခုတော့ လက်ရှိ စီးပွားရေးအခြေအနေကို
တခြားစကားလုံးတွေသုံးပြီး သမ္မတအိမ်ဖြူတော်က ဖော်ပြနေပါတယ်။ အဲဒါကတော့
လတ်တလောဖြစ်ပေါ်နေတဲ့ စီးပွားရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ အမေရိကန်
ရဲ့ ဘဏ္ဍာရေးစနစ်ဟာ တောင့်တင်းကောင်းမွန်ပါတယ်တဲ့။

ဒါပေမယ့် ဒီရောဂါကို ကုစားနိုင်မယ့် ဆေးကောင်းကတော့ တန်ဖိုးကြီးကြီးပေးရမယ့်
အလားသဏ္ဌာန် ပေါ်နေပါတယ်။ အခု အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ ကုမ္ပဏီကြီးတွေ
ပိုင်ဆိုင်ထားတဲ့ အကြွေးဟောင်းတွေကို ဝယ်ယူနိုင်ဖို့ အမေရိကန်ဒေါ်လာ ဘီလီယံ ၇၀၀
လိုအပ်မှာ ဖြစ်ပါတယ်။

တခုခုလုပ်မှရတော့မယ်ဆိုတဲ့ အပေါ်မှာတော့ လူတိုင်းက သဘောတူကြပါတယ်။
ဒါပေမယ့် ပုဂ္ဂလိက ကုမ္ပဏီတွေအတွက် အဲဒီလောက်များပြားတဲ့ ငွေပမာဏကို သုံးရ
မယ်ဆိုတဲ့အပေါ်မှာ အမေရိကန် ဥပဒေပြုအမတ်တွေက သိပ်အယုံအကြည်ရှိကြပုံ မရ
ပါဘူး။ နောက်ပြီး အဲဒီငွေတွေအားလုံးကို ဖြန့်ဖြူးတဲ့အခါမှာလည်း ဘဏ္ဍာရေးဝန်ကြီး
ဟင်နရီ ပေါလ်ဆင် (Henry Paulson) တယောက်တည်း ဆုံးဖြတ်မယ့်အပေါ်မှာ စိုးရိမ်
ကြောင့်ကြမှုတွေ ရှိနေကြပါတယ်။

အခုကယ်ဆယ်ရေး အစီအစဉ်က ငွေကြေးရင်းနှီးမြှုပ်မှုတွေ လုပ်ကိုင်ကြတဲ့ ကုမ္ပဏီ
တော်တော်များများကို ကူညီမှာဖြစ်ပေမယ့် အမေရိကန်နိုင်ငံသား တဦးချင်းစီအတွက်
တော့ လုံလောက်တဲ့ ကူညီလုပ်ဆောင်ပေးခြင်း မရှိဘူးလို့ ကယ်လီဖိုးနီးယားပြည်နယ်
လွှတ်တော်အမတ် ဘရက်ဒ် ရှားမန်း (Brad Sherman) က စောဒကတက်ပါတယ်။

"ကယ်ဆယ်ရေးလုပ်ဆောင်ဖို့ အဆိုပြုထားတဲ့ ဒီဥပဒေမူကြမ်းကို ကျနော်တို့လွှတ်တော်
ကသာ အတည်ပြုလိုက်ရင် သေချာတာတခုကတော့ ဝေါလ်စထရိ အစုရှယ်ယာ
ဈေးကွက်မှာရှိတဲ့ သူတွေကတော့ အတော်လေး ဝမ်းသာကြမှာပဲ။"

ဒါပေမယ့် ဒီအစီအစဉ်ကို ကန့်ကွက်ကြသူတွေထဲမှာ သမ္မတရဲ့ပါတီအတွင်းက ဘဏ္ဍာ
ရေးဆိုင်ရာ ချိုးခြံချွေတာရေး မူဝါဒကို စွဲကိုင်ထားသူတွေက အသံအကျယ်ဆုံးပါ။
ဒီအစီအစဉ်ကို အကောင်အထည် ဖော်လိုက်ခြင်းအားဖြင့် အမေရိကန်က အခွန်ထမ်း
တွေအနေနဲ့ ဘဏ္ဍာရေးအရ အခက်အခဲ၊ အကျပ်အတည်းကြီးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့
ကယ်လီဖိုးနီးယားပြည်နယ်က ရီပတ်ဘလီကန် လွှတ်တော်အမတ် ကလစ်ဖ် စတန်းစ်
(Cliff Stearns) က ပြောပါတယ်။

"ဒီကယ်ဆယ်ရေးအစီအစဉ်က ဘာလဲဆိုတော့ ကြိုးကြိုးစားစား ချွေးနည်းစာလေးနဲ့
ရှာထားကြတဲ့ အခွန်ထမ်းတွေရဲ့ ငွေတွေကို ပုဂ္ဂလိက ကုမ္ပဏီတွေက စည်းမဲ့ကမ်းမဲ့
နည်းလမ်းမကျ ရင်းနှီးမြှုပ်နှံခဲ့ကြတဲ့ အရှုပ်ထုပ်ကြီးကို နောက်ဆက်တွဲ အကျိုးသက်
ရောက်မှု ဘာမှမရှိဘဲ ဗဟိုအစိုးရက ကူညီမယ့်ကိစ္စပဲ။"

သူ့ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ကယ်ဆယ်ရေးအစီအစဉ်နဲ့ ပတ်သက်ပြီး ကွန်ဂရက်
လွှတ်တော်က ခေါင်းဆောင်တချို့ အပါအဝင် သမ္မတရွေးကောက်ပွဲဝင်ကြမယ့်
ကိုယ်စားလှယ်လောင်း ၂ ယောက်တို့နဲ့ တံခါးပိတ်စည်းဝေးပွဲ ဒီကနေ့ ပြုလုပ်ဖို့ရှိပါ
တယ်။

ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း ဘရက်ခ် အိုဘားမား (Barak Obama) နဲ့ ရီပတ်
ဘလီကန်ပါတီက သမ္မတလောင်း ဂျွန်မက်ကိန်း (John McCain) တို့ ၂ ယောက်စလုံးက
ဒီကိစ္စကို ပါတီစွဲမထားဘဲ ပူးပေါင်းလုပ်ဆောင်ကြဖို့ လွှတ်တော်အတွင်းက ရှားရှားပါးပါး
ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG