ငွေကြေးအကျပ်အတည်း ရင်ဆိုင်နေရတဲ့ စီးပွားရေး ကုမ္မဏီတွေကို ကယ်တင်ဘို့ အမေရိကန် ဒေါ်လာ သန်းပေါင်း ခုနှစ်သိန်း သုံးစွဲရေး အမေရိကန် အစိုးရက ပြင်ဆင်နေပါတယ်။ ကွန်ဂရက်စ်လွှတ်တော်အနေနဲ့ ငွေကြေးဈေးကွက်တည်ငြိမ်ရေး အရေးပေါ် ဥပဒေတရပ် ပြဌာန်းဘို့လည်း တိုက်တွန်းနေပါတယ်။ စီးပွားရေးပြသနာက အမေရိကန် နိုင်ငံရေး၊ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာ အဓိက ပြောဆိုတဲ့ အကြောင်းအရာဖြစ်လာနေတဲ့အကြောင်း ဦးသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးထားပါတယ်။