မြန်မာနိုင်ငံမှာ မနှစ်က သံဃာထုလှုပ်ရှားမှု
ရွှေဝါရောင်တော်လှန်ရေးအတွင်း ငြိမ်းချမ်းစွာ
ဆန္ဒပြသူတွေကို ရက်ရက်စက်စက် အကြမ်း
ဖက်
နှိပ်ကွပ်ခဲ့ရာမှာ တာဝန်ရှိတဲ့ မြန်မာ
စစ်အစိုးရ ခေါင်းဆောင်တွေကို တရားဥပဒေ
အရ
အရေးယူရေး အမေရိကန်ပြည်ထောင်စု
အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့အတူ
ဆက်လက်ကြိုးပမ်းသွားမယ်လို့ သမ္မတ
ကတော် လော်ရာဘုရှ် (Laura Bush) က
ပြောဆိုလိုက်ပါတယ်။
စားဝတ်နေရေး ကျပ်တည်းကြတဲ့ လူထုအတွက် မေတ္တာရှေ့ထားပြီး
ငြိမ်းချမ်းစွာ ကြွချီ
ဆန္ဒပြခဲ့ကြတဲ့ သံဃာထုကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့
နှစ်ပတ်လည်နေ့ အကြိုအထိမ်း
အမှတ်အဖြစ် သမ္မတကတော် လော်ရာဘုရှ်က ကြာသပတေးနေ့က
ကြေညာချက်
ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ပစ် ဖြိုခွင်းခဲ့ရာမှာ ၃၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက မှတ်တမ်း
တင်ထားခဲ့ပါတယ်။