သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးကယ်တင်မှု ဥပဒေကြမ်း အတည်ပြုရေး သမ္မတဘုရ်ှ တိုက်တွန်း

အမေရိကန် ငွေကြေးကုမ္ပဏီတွေ ဒုက္ခရောက်နေတာကို အစိုးရဘက်က ဝင်ပြီးကူညီ
ရေး ဒေါ်လာငွေ ဘီလီယံ ၇၀၀ သုံးစွဲဖို့ကိစ္စ သမ္မတဘုရှ်ရဲ့ အစီအစဉ်ကို
အောက်လွှတ်တော်က အတည်ပြုပေးဖို့ သမ္မတဘုရှ်က တိုက်တွန်းတောင်းဆိုလိုက်ပါ
တယ်။

ဒီလိုသာကူညီမယ်ဆိုရင် အခုတွေ့ကြုံနေရတဲ့ စီးပွားရေးအကျပ်အတည်း ပျံ့နှံ့မသွားရ
အောင် ကြိုတင်ကာကွယ်ရာ ရောက်လိမ့်မယ်လို့ ဆိုပါတယ်။

ဒီနေ့မနက်ခင်း အမေရိကန် စတော့ခ်ရှယ်ယာဈေးကွက် မဖွင့်ခင်မှာ သမ္မတဘုရှ်က
အခုလိုပြောဆိုခဲ့တာပါ။ ဥပဒေပြုအမတ်တွေက ထပ်ပြီးဖြည့်စွက်ထားတဲ့ တောင်းဆို
ချက်တွေ ပါဝင်တဲ့ ဥပဒေဟာ ရင်းနှီးမြှုပ်နှံသူတွေကို စိတ်ချလက်ချ ဖြစ်စေနိုင်မယ်လို့
သမ္မတဘုရှ်က တွက်ထားပါတယ်။

ကမ္ဘာ့ငွေကြေးဈေးကွက် ပြန်ပြီးခိုင်မာလာဖို့နဲ့ ငွေကြေးစနစ်မှာ ယုံကြည်မှုတွေ ပြန်ရ
လာအောင်၊ စီးပွားရေးတွေ ပြန်မြင့်တက်လာအောင် ကူညီနိုင်ဖို့ ခိုင်မာတဲ့ အချက်ပြမှု
တခု လုပ်ဆောင်ကြဖို့အရေး အောက်လွှတ်တော်ကို သမ္မတဘုရှ်က တိုက်တွန်းပြောဆို
ခဲ့ပါတယ်။

ဖြစ်ပေါ်လာမယ့်ဥပဒေဟာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒေါ်လာငွေ ဘီလီယံ
၇၀၀ သုံးစွဲပြီး ငွေကြေးကုမ္ပဏီတွေရဲ့ ကြွေးဆုံးတွေကို ဝယ်ယူသုံးစွဲခွင့် ရှိလာမှာပါ။
အဲဒီကြွေးဆုံးပြဿနာတွေကြောင့် ဘဏ်လုပ်ငန်းတွေက စီးပွားရေးလုပ်ငန်းတွေကို
ငွေထုတ်မချေးနိုင်ဘဲ ဖြစ်နေခဲ့ရတာပါ။

ကမ္ဘာတဝန်း ရင်းနှီးမြှုပ်နှံသူတွေကတော့ သမ္မတဘုရှ်ရဲ့ အခုအစီအစဉ်ဟာ အမေရိကန်
စီးပွားရေးကို ပြန်ပြီး မြှင့်တင်နိုင်ပါ့မလားဆိုပြီး စိုးရိမ်ပူပန်နေကြပါတယ်။

အာရှနဲ့ ဥရောပက အဓိကကျတဲ့ စတော့ခ်ရှယ်ယာဈေးကွက်တွေမှာ ဒီကနေ့တော့
ကျဆင်းမှုတွေ ရှိခဲ့ပါတယ်။
XS
SM
MD
LG