ဆိုင်ကလုန်းမုန်တိုင်းဒဏ်
ခံခဲ့ရတဲ့ မြန်မာနိုင်ငံက စပါးစိုက်ပျိုးတဲ့ တောင်သူ
လယ်သမားတွေကို ကူညီတဲ့အနေနဲ့
ဓာတ်မြေသြဇာတွေ လှူဒါန်းမယ်လို့ စင်ကာပူနိုင်ငံ
က ပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂ
စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (အက်ဖ်အေအို) နဲ့ တခြား နိုင်ငံတကာ
အေဂျင်စီတွေက ကူညီတဲ့ ဓာတ်မြေသြဇာအိတ်ပေါင်း ၃၈,၀၀၀ ထက်မနည်းကို
မကြာမီ ဖြန့်ဖြူးပေးသွားမယ်လို့
စင်ကာပူနိုင်ငံ သံအမတ်ကြီးက တနင်္လာနေ့မှာ
ပြောဆိုလိုက်ပါတယ်။
လွန်ခဲ့တဲ့မေလက
မြန်မာနိုင်ငံမှာ ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ခဲ့တာကြောင့် လူပေါင်း
၁၃၀,၀၀၀ ကျော်
သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးခဲ့ရတာပါ။ ဒီမုန်တိုင်းဒဏ်ကို မြန်မာ
နိုင်ငံက
ဆန်စပါးအထွက်ဆုံး ဒေသဖြစ်တဲ့ မြစ်ဝကျွန်းပေါ်ဒေသက ပြင်းပြင်းထန်ထန်
ခံခဲ့ရတာဖြစ်ပါတယ်။
မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ သိုလှောင်ထားတဲ့ မျိုးစပါး ၈၀%
ပျက်စီးသွားရတယ်လို့
မြန်မာအာဏာပိုင်တွေက ဆိုပါတယ်။
အခုအခါမှာတော့
မြစ်ဝကျွန်းပေါ်ဒေသက ပျက်ဆီးသွားတဲ့ လယ်ကွင်းတွေ အားလုံး
နီးပါး ဆန်စပါးတွေ
ပြန်စိုက်ပျိုးနေကြပြီလို့ အက်ဖ်အေအိုက ပြောဆိုလိုက်တဲ့
အကြောင်း ရိုက်တာသတင်းမှာ
ဖော်ပြထားပါတယ်။
သမဂ္ဂ အထွေထွေညီလာခံအတွင်း မြန်မာ့လေဘေး ကူညီကယ်ဆယ်ရေးအတွက်
ရက်ရက်ရောရော လှူဒါန်းကြတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ကျေးဇူးတင်ကြောင်း
ပြောဆိုခဲ့ပါတယ်။