မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ထောင်နဲ့ချီတဲ့
အကျဉ်းသားတွေကို နိုင်ငံတဝန်းမှာ
ရှိတဲ့ ထောင်တွေကနေ လွှတ်ပေးရာမှာ အသက် ၇၈ နှစ်အရွယ်ရှိ ထင်ရှားတဲ့ သတင်း
စာဆရာကြီး ဦးဝင်းတင်အပါအဝင် နိုင်ငံရေး အကျဉ်းသားတချို့လည်း
ပါဝင်ခဲ့ပါတယ်။
မြန်မာစစ်အစိုးရ အာဏာပိုင်တွေကတော့ တည်ဆဲဥပဒေတွေအရ
ပြစ်ဒဏ်ကျခံနေ
ရတဲ့ အကျဉ်းသားတွေကို နိုင်ငံတော်သစ် တည်ထောင်ရာမှာ အကျိုးပြုမယ့်
နိုင်ငံသား
တွေ ဖြစ်လာစေဖို့ရည်ရွယ်ပြီး အခုလို လွတ်ငြိမ်းချမ်းသာခွင့် ပေးတာလို့
ဆိုပါတယ်။
ဦးဝင်းတင်ကတော့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာကို လက်မခံဘဲ မတရား အကျဉ်းချခံ
ထားရတဲ့သူ့ကို
ထောင်ချထားခြင်းကနေ ရပ်စဲတယ်လို့ပဲ လက်ခံယူဆကြောင်း
ပြောပါတယ်။