သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောင်စာဆီဈေး ကောလာဟလ ပြည်သူတွေအကြား ဂယက်ရိုက်


မြန်မာနိုင်ငံမှာ အတိမ်းအစောင်းမခံဖြစ်နေ
တဲ့ လောင်စာဆီဈေးနှုန်းနဲ့ပတ်သက်တဲ့ ကောလာဟလကြောင့် ဈေးနှုန်းတက်မယ့်
အခြေအနေကို စစ်အစိုးရက ကြေညာချက်
ထုတ်ပြီး ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
ဒီကနေ့ သတင်းစာထဲမှာ CNG သဘာဝ
ဓာတ်ငွေ့တွေကို အလုံအလောက် ဖြန့်ဖြူး
ပေးမယ်လို့ ကြေညာထားပါတယ်။ အသေး
စိတ်ကို ထိုင်း-မြန်မာနယ်စပ် ဗွီအိုအေမြန်မာ
ပိုင်းသတင်းထောက် ဒေါ်အေးအေးမာ တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ CNG သဘာဝဓာတ်ငွေ့တွေကို ဒီဇင်ဘာလ ၂၈ ရက်နေ့ည ၁၂ နာရီက
စပြီး အကန့်အသတ်နဲ့ရောင်းချမယ်လို့ CNG ဆိုင်တွေမှာ ကြေညာခဲ့ပြီးတဲ့နောက် စစ်
အစိုးရက ဇန်နဝါရီလ ၁ ရက်နေ့မှာတော့ CNG သဘာဝဓာတ်ငွေ့တွေကို လိုသ
လောက် ဝယ်ယူခွင့်ပြုသွားမယ်ဆိုတဲ့အကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာ ထုတ်ပြန်
လိုက်ပါတယ်။ CNG ကားမောင်းသမားတဦး ပြောပြတာကတော့ …
“အစကတော့ တက်စီတွေမှာ နေ့မောင်းညမောင်းဆိုရင် ၂ အိုးသုံးရတာပေါ့။ အနိမ့်ဆုံး
ပေါ့။ ၂ အိုးသုံးတဲ့အချိန်မှာ အခု ၁ အိုးပဲပေးမယ်လို့ ပြောလိုက်ပါတယ်။ တနေ့ ၁ အိုးပဲ ပေးမယ်ဆိုတော့ အထူးသဖြင့် ညမောင်းသမားတွေ ဒုက္ခရောက်သွားတာပေါ့။ ညမောင်းသမားတွေဆိုရင် လုံးဝမောင်းလို့မရတော့ဘူး။ မလောက်တော့ဘူး။ ဘာဖြစ်
လို့လဲဆိုတော့ CNG ဆိုတာလည်း အပြင်မှာဝယ်လို့မရဘူးလေ။ ဓာတ်ဆီ၊ ဒီဇယ်ကမှ
အပြင်မှာဝယ်ထည့်လို့ ရသေးတယ်။ ဒီ CNG ကျတော့ သတ်မှတ်တဲ့ဆိုင်ကလွဲပြီး အပြင်
မှာရောင်းလို့မှမရတာ။ ရောင်းမှမရောင်းတာကိုး။ အဲတော့ စားဝတ်နေရေး အခက်အခဲ
ရှိတာပေါ့”

အခုလို CNG ဆိုင်တွေမှာ စာကပ်ပြီးချိန်ကတည်းကစပြီး ဓာတ်ဆီဈေးတွေလည်း တက်
သွားကြောင်း၊ ကားခတွေလည်း တက်ခဲ့တဲ့အကြောင်း ရန်ကုန်မြို့က ပြည်သူတဦးက အခုလိုဆက်ပြောပြပါတယ်။
“အရင်တုန်းက ဘယ်နှစ်ကြိမ်ထည့်ထည့် ထည့်လို့ရတယ်။ အခုက တကြိမ်ပဲ ထည့်ခွင့်
ပေးတယ်။ တကြိမ်ပဲထည့်ခွင့်ပေးရာကနေ အခု ကားခတွေက ဈေးတက်သွားတယ်။
၁၂၀၀ လမ်းက ၁၅၀၀ ဖြစ်သွားတယ်၊ ၁၅၀၀ လမ်းက ၂၀၀၀ ဖြစ်သွားတယ်။ သဘာဝဓာတ်ငွေ့နဲ့သွားတဲ့ကားတွေ အဲလိုတွေ ဖြစ်သွားတာပေါ့။ အဲတော့ ပူညံပူညံဖြစ်တော့
အခုတော့ လိုအပ်သလောက်ပေးမယ်၊ စစ်ဆေးပြီးမှပေးတော့မှာပေါ့။ အရင်တုန်းကလို ကြိုက်သလောက်ထည့်တာမျိုးတော့ မရဘူး။ ဒီသဘာဝဓာတ်ငွေ့ဆိုတာကလည်း
ထည့်တဲ့အချိန်လေး၊ အဆင်ပြေတဲ့အချိန်လေး ထည့်ရတာကိုး။ ကားမောင်းသူတွေက
အဲဒီဆိုင်မှာ နှစ်နာရီလောက် သွားတန်းစီစောင့်ရတာ ရှိတယ်လေ။ တချို့ ညထဲက ညအိပ်စောင့်ရတာမျိုးတွေရှိတယ်။ အရင်တုန်းကလို လိုသလောက်မပေးဘူး။ ထိန်းချုပ်
မှုရှိတာပေါ့။ ထိန်းချုပ်တယ်ဆိုတာ ထုတ်ချင်တိုင်း ထုတ်ခွင့်မရတော့ဘူးပေါ့။
အကြောင်းပြချက်မှန်ရင် ရမှာပေါ့၊ အကြောင်းပြချက်မမှန်ရင် မရဘူး”

အာဏာပိုင်တွေအနေနဲ့ ပြီးခဲ့တဲ့လပိုင်းတွေအတွင်းကစပြီး လောင်စာဆီဈေး တက်ခဲ့
တာကြောင့် ပြည်သူတွေအနေနဲ့ ခရီးသွားလာရေး အခက်အခဲတွေ ဖြစ်ခဲ့ရပြီး နိုင်ငံ
တွင်းမှာ မငြိမ်မသက်မှုတွေလည်း ဖြစ်ခဲ့ရပါတယ်။ အခုလည်း CNG သဘာဝဓာတ်ငွေ့
တွေကို လျှော့ပေးမယ်လို့ သတင်းတွေထွက်ပေါ် လာအပြီးမှာတော့ ကားခတွေ ဈေးတက်သွားခဲ့ပါတယ်။

မြန်မာစစ်အစိုးရကတော့ ခရီးစဉ်သုံးစွဲမှုအပေါ်မူတည်ပြီး လိုသလောက်ပေးမယ်၊
ဓာတ်ဆီ၊ ဒီဇယ်ဆီတွေကိုလည်း အရင်အတိုင်း အပြောင်းအလဲမရှိ ဆက်လက် ထုတ်ပေးသွားမယ်ဆိုတဲ့အကြောင်း နိုင်ငံပိုင်သတင်းစာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG