ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း မစ္စဘနာ
ဇီယာဘူတို (Benazir Bhutto) ဟာ ရွေး ကောက်ပွဲကာလအတွင်း မဲမသမာမှုတွေနဲ့
ပတ်သက်လို့ အထောက်အထားတွေကို ထုတ်ပြန်ဖို့ရှိတဲ့နေ့မှာပဲ လုပ်ကြံခံခဲ့ရတာလို့ အတိုက်အခံခေါင်းဆောင် မစ္စဘူတိုရဲ့
လက်ထောက်တဦးက ပြောဆိုလိုက်ပါတယ်။
စာမျက်နှာ ၁၆၀ ရှိတဲ့ မှတ်တမ်းတွေကို အမေရိကန်လွှတ်တော်အမတ်နှစ်ဦးကို ပေး
အပ်အပြီး ပြီးခဲ့တဲ့အပတ်ထဲမှာပဲ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ဖွင့်ချဖို့ရှိတဲ့အကြောင်း
မစ္စဘူတိုရဲ့ ပါကစ္စတန်ပြည်သူ့ပါတီက အမတ်တဦးဖြစ်တဲ့ လာတစ်ဖ်ခိုစာ
(Latif Khosa) က ဒီကနေ့ပဲ ပြောဆိုလိုက်တာပါ။
မစ္စဘူတိုရဲ့ အစီရင်ခံစာကိုတော့ ဒီမိုကရေစီမျက်နှာစာပေါ်က နောက်ထပ်အစွန်း
တစက်လို့ အမည်ပေးထားကြောင်း မစ္စတာခိုစာက ပြောပါတယ်။
လာမယ့်လွှတ်တော်ရွေးကောက်ပွဲတွေမတိုင်မီ မဲရဖို့ မမှန်မကန်ဆောင်ရွက်ခဲ့တဲ့ အထောက်အထားတွေပါဝင်တဲ့ အစီရင်ခံစာကို အခုအချိန်ထိ မထုတ်ပြန်သေးပါဘူး။ ဒီအစီရင်ခံစာထဲမှာ ပါကစ္စတန်နိုင်ငံရဲ့ ထောက်လှမ်းရေးဌာနက ရွေးကောက်ပွဲ
ရလဒ်တွေကို လိုသလိုပြင်ဆင်ဖို့ ရွေးကောက်ပွဲကော်မရှင်၊ အာဏာရပါတီတို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့လည်း သူကဆိုပါတယ်။