သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်ကြီးသိန်းစိန်၏ အင်ဒိုနီးရှားခရီးစဉ် ရက်ရွှေ့ဆိုင်း


အင်ဒိုနီးရှားသမ္မတဟောင်း ဆူဟာတို
(Soeharto) ရဲ့ ကျန်းမာရေးအခြေအနေ
တနေ့တခြား ဆိုးရွားနေတာကြောင့် အင်ဒို
နီးရှားနဲ့ မြန်မာစစ်အစိုးရတို့အကြား မြန်မာ
စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်
ရဲ့ ဒီသီတင်းပတ်အတွက် ခရီးစဉ်ကို ရက်ရွှေ့
ဆိုင်းလိုက်ဖို့ သဘောတူလိုက်တဲ့အကြောင်း
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားလိုက်ပါတယ်။ ထိုင်းနိုင်ငံ
ရောက် အယ်ဒီတာဒေါ်လှလှသန်းက
အကြောင်းစုံကို တင်ပြထားပါတယ်။

ဂျကာတာမြို့တော် ပတာမီးနားဆေးရုံမှာ အသက်ရှူစက်တပ်ထားရတဲ့ အသက် ၈၆ နှစ်အရွယ် အင်ဒိုနီးရှားသမ္မတဟောင်း ဆူဟာတိုရဲ့ ကျန်းမာရေးအခြေအနေ တဖြည်းဖြည်း ဆိုးရွားလာနေတာကြောင့် မြန်မာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့ ဒီကနေ့ထွက်မယ့် ဂျကာတာခရီးစဉ်ကို နှစ်နိုင်ငံ အစိုးရတို့က ရက်ရွှေ့ဆိုင်းဖို့ သဘောတူလိုက်တဲ့ အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ခရစ္စတီယာတို ဆူရီယို လီဂိုဝို (Kristiarto Soeryo Legowo) က ဗွီအိုအေကို အတည်ပြု ပြောကြားပါတယ်။

“အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံတို့က မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့ ဂျကာတာ
ကို ၁၄ နဲ့ ၁၅ ရက်တွေမှာ လာရောက်ဖို့ရှိတဲ့ ကနဦးစီစဉ်ထားတာကို ရွှေ့ဆိုင်းဖို့ သဘောတူခဲ့ပါတယ်။ သမ္မတဟောင်း ဆူဟာတိုရဲ့ ကျန်းမာရေးအခြေအနေဟာ တနေ့
တခြား ဆိုးရွားလာနေတဲ့အတွက် အခုလိုရွှေ့ဆိုင်းရတာကိုလည်း မြန်မာအစိုးရဘက်က အပြည့်အ၀ နားလည် စာနာတယ်လို့ ထင်ပါတယ်။ ဒီအချိန်မှာ အင်ဒိုနီးရှား တနိုင်ငံလုံး
ဟာ မစ္စတာဆူဟာတိုရဲ့ ကျန်းမာရေးကို ဂရုစိုက်နေကြတာမို့ပါ။ ရွှေ့ဆိုင်းလိုက်ရတဲ့ ခရီးစဉ် အတွက် နောက်ထပ်လာမယ့်ရက် သတ်မှတ်ဖို့က နှစ်နိုင်ငံစလုံးအတွက် အဆင်ပြေမယ့် ရက်ကိုရွေးဖို့ ထပ်တိုင်ပင်ရဦးမှာပါ” လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန ပြောခွင့်ရ က ပြောသွားတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) ရဲ့ ဖိတ်ကြားချက်အရ မြန်မာဝန်ကြီးချုပ်ရဲ့ ရွှေ့ဆိုင်းလိုက်ရတဲ့ ခရီးစဉ်အတွင်း ဗိုလ်ချုပ်
ကြီးသိန်းစိန်ဟာ ဘရူနိုင်းနိုင်ငံကိုလည်း ခရီးဆက်ဖို့ရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ခရီး
စဉ်အတွင်းတော့ နှစ်နိုင်ငံဆက်ဆံရေး အားဖြည့်ပေးဖို့ ရည်ရွယ်ပြီး မြန်မာဝန်ကြီးချုပ်
နဲ့အတူ စိုက်ပျိုးရေး၊ ဆည်မြောင်း၊ အမျိုးသားဖွံ့ဖြိုးရေးနဲ့ စီမံကိန်း၊ စွမ်းအင်၊ သယ်ယူ
ပို့ဆောင်ရေး၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဝန်ကြီးဌာန ၆ ခုက သက်ဆိုင်ရာဝန်ကြီး
တွေလည်း လိုက်ပါဖို့ရှိတယ်လို့ သိရပါတယ်။

မြန်မာဝန်ကြီးချုပ်နဲ့ အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘမ်ဘန်း ယူဒိုယိုနိုတို့ဟာ ပြီးခဲ့တဲ့နှစ်
ဒီဇင်ဘာက စင်ကာပူမှာကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံမှာလည်း တွေ့ဆုံခဲ့ကြ
ပြီး ဖြစ်ပါတယ်။ ဝန်ကြီးချုပ်သိန်းစိန်ကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက တခြား
အာဆီယံနိုင်ငံတွေဖြစ်တဲ့ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့ကိုလည်း သွားရောက်
ခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့ အင်ဒိုနီးရှားခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေ
စီ ရရှိရေးအတွက် ဆောင်ရွက်ပေးနေတဲ့ Civil Society အဖွဲ့ ၂၀ ပါ ညွန့်ပေါင်းအဖွဲ့တို့
က ကန့်ကွက်ဆန္ဒပြဖို့လည်း စီစဉ်ထားတာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားသမ္မတ ဆူဆီလို
ကတော့ သက္ကရာဇ် ၂၀၀၆ ခု မတ်လက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်
ခဲ့ပြီး ထိုစဉ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်ဖွဲ့ဖို့ စာချွန်တော်ကို
လည်း လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အာဆီယံနိုင်ငံများကြား ကုန်သွယ်ရေးမှာ အင်ဒိုနီးရှားဟာ ထိုင်း၊ စင်ကာပူ၊ မလေးရှားအပြီး စတုတ္ထလိုက်တာ
ဖြစ်ပြီး သက္ကရာဇ် ၂၀၀၆ နဲ့ ၂၀၀၇ ခုအကြား နှစ်နိုင်ငံကုန်သွယ်ရေးပမာဏ ဒေါ်လာ
၁၈၁ သန်းရှိခဲ့တယ်လို့ သိရပါတယ်။

ရွှေ့ဆိုင်းလိုက်ရတဲ့ခရီးစဉ်အတွင်း နှစ်နိုင်ငံကုန်သွယ်ရေးအပြင် မြန်မာနိုင်ငံမှာ ဒီမို
ကရေစီ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုအကြောင်းလည်း ဆွေးနွေးဖို့ စီစဉ်ထားတယ်
လို့ နိုင်ငံခြားရေးဝန်ကြီး ဟာဆန်ဝိရာယုဒ (Hassan Wirayuda) က စောစောပိုင်းက
ပြောခဲ့ပါတယ်။ လက်ရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အလှည့်ကျအဖွဲ့ဝင်နိုင်ငံများ
အနက် အင်ဒိုနီးရှားလည်း ပါဝင်နေတာမို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ အင်ဒိုနီးရှားဟာ ပြောနိုင်ဆိုနိုင်အား ရှိနိုင်တယ်လို့လည်း မြန်မာ့အကဲခတ်တွေက
သုံးသပ်ကြတာ တွေ့ရပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကတော့ မြန်မာနိုင်ငံရေးဟာ လုံခြုံရေး ကောင်စီမှာထက် လူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေးဖို့ သင့်တော်တယ်လို့ အင်ဒိုနီး
ရှားက ရှုမြင်တဲ့အကြောင်း အခုလိုပြောပါတယ်။

“အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံကိစ္စဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးကိစ္စ ဖြစ်
တယ်လို့ အမြဲရှုမြင်ခဲ့ပါတယ်။ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေမယ့်
ကိစ္စ မဟုတ်တဲ့အတွက် လူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေးသင့်တယ်လို့ အင်ဒိုနီး
ရှားက ယူဆတဲ့အကြောင်း” အင်ဒိုနီးရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ
လီဂိုဝိုက ဗွီအိုအေကို ပြောခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG