သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နိုင်ငံက မြန်မာအစိုးရကို ကျန်းမာရေးကဏ္ဍတွင်သုံးစွဲရန် ငွေကြေးအကူအညီပေးမည်


မြန်မာပြည်က ငြိမ်းချမ်းစွာဆန္ဒပြကြတဲ့ ရဟန်းရှင်လူ ပြည်သူအများကို အစိုးရက
နှိပ်ကွပ်ပြီး သတင်းယူနေတဲ့ ဂျပန်သတင်းထောက် ကန်ဂျိနာဂါအိ ပစ်သတ်ခံရလို့
မြန်မာပြည်ကို အထောက်အပံ့ လျှော့ချထားခဲ့ရာကနေ အခု အထောက်အပံ့ အမေ
ရိကန်ဒေါ်လာ တသန်းခုနှစ်သိန်းကိုးသောင်းပေးမယ်လို့ ကတိပြုလိုက်ပါတယ်။

မြန်မာပြည်မှာ ကလေးများနဲ့ အမျိုးသမီးများကို သေစေနိုင်လောက်တဲ့ ရောဂါအတွက် ကာကွယ်ဆေးများ၊ ကုသဆေးများနဲ့ စမ်းသပ်ကိရိယာများအတွက် သုံးစွဲဖို့ဖြစ်တယ်လို့
ရန်ကုန်မြို့ရှိ ဂျပန်သံရုံးနဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) တို့က ကြေညာလိုက်တာပါ။

အဲဒီလို ထောက်ပံ့ပေးမယ်လို့ သဘောတူညီချက်ကို မြန်မာပြည်ဆိုင်ရာ ဂျပန်သံအမတ်
ယာဆူဝါကီ နိုဂါဝါ (Yasuaki Nogawa) နဲ့ ယူနီဆက်ဖ်ဌာနေကိုယ်စားလှယ် ရာမက်
ရှရတ်စ်သာ (Ramesh Shrestha) တို့ ဒီကနေ့ လက်မှတ်ရေးထိုးကြတယ်လို့ သိရပါ
တယ်။

မြန်မာပြည်ကို အများဆုံး အထောက်အပံ့ပေးနေကြတဲ့ နိုင်ငံတွေထဲပါဝင်တဲ့ ဂျပန်နိုင်ငံ
ဟာ အောက်တိုဘာလက မြန်မာပြည်ကိုပေးဖို့ စီစဉ်ထားတဲ့ ဒေါ်လာငါးသန်းနီးပါးကို ပယ်ဖျက်လိုက်ကြောင်း၊ တိုကျိုအခြေစိုက် အေပီအက်ဖ်နယူးစ်က ဗွီဒီယိုသတင်း
ထောက် ကန်ဂျိနာဂါအိ စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မှာ သတင်းယူနေတုန်း ပစ်သတ်ခံရလို့ဖြစ်ကြောင်း၊ စစ်အစိုးရက မြန်မာပြည်မှာ ကျန်းမာရေးအတွက် ၀.၃
ရာခိုင်နှုန်းသာ သုံးစွဲကြောင်း၊ ကုလသမဂ္ဂ စာရင်းဇယားများအရ အမေရိကန်နဲ့
ဥရောပသမဂ္ဂ (အီးယူ) တို့က စီးပွားရေးအရ စစ်အစိုးရကို ဒဏ်ခတ်အရေုးယူထားလို့ ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံတွေထဲ နိုင်ငံခြားအထောက်အပံ့ အနည်းဆုံးရတဲ့နိုင်ငံဖြစ်နေကြောင်း
စသဖြင့် ရန်ကုန်ကလာတဲ့ အေအက်ဖ်ပီသတင်းထဲမှာ ရှင်းလင်းဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG