သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တွင်းကြီးမြို့နယ် အဲန်အယ်လ်ဒီအဖွဲ့ဝင်နှစ်ဦးကို အာဏာပိုင်များ ကြမ်းကြမ်းတမ်းတမ်းဖမ်းဆီး


တောင်တွင်းကြီးမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးအဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့
ဦးစိုးနဲ့ ဦးပါလေးတို့ကို အာဏာပိုင်တွေက ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးသွားတယ်လို့
သိရပါတယ်။ ဘာအကြောင်းကြောင့် ဖမ်းဆီးတယ်ဆိုတာကိုလည်း တစုံတရာ ပြော ကြားခြင်းမရှိပါဘူး။ အဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေကို မြန်မာပိုင်းအစီအစဉ်
သတင်းထောက် မအေးအေးမာက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် စည်းကော်မတီဝင်
တွေဖြစ်တဲ့ ဦးစိုးနဲ့ ဦးပါလေးတို့နှစ်ဦးကို ဇန်နဝါရီလ ၁၄ ရက်နေ့က မြို့နယ်အာဏာပိုင်
တချို့နဲ့ အရပ်ဝတ်အာဏာပိုင်တွေက နောက်ပြန်လက်ထိပ်ခတ်၊ မျက်နှာကိုအဝတ်နက်
နဲ့စည်းပြီး ခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုက ပြောပါတယ်။ ဦးပါလေးကို တောင်
တွင်းကြီးမြို့ ချောင်းနက်ကျေးရွာနေအိမ်မှာ ဖမ်းဆီးသွားခဲ့ပုံကို ဇနီးဖြစ်သူ မညိုမီက
အခုလိုပြောပြပါတယ်။
“သူတို့ ၁၁ နာရီလောက်ကလာပြီး အိမ်ရှေ့မှာပတ်နေတယ်။ နောက် ၁၂ နာရီမှာ တခါ
ပတ်တယ်။ ၃ နာရီ ၁၅ မှာကျတော့ သူတို့ဝင်ဖမ်းတာပဲ။ သူတို့ပုံစံက စစ်ကေပုံစံမျိုး။
ရိုးရိုးအဝတ်အစားနဲ့ ဝင်ဖမ်းတာလေ။ ရှစ်ယောက်ပေါ့။ သူတို့ခေါ်တာတော့ကြမ်းတယ်။
ပထမဆုံး သူ့ကို လက်ပြန်လိမ်ချိုးတယ်။ ချိုးပြီး လက်ထိပ်နှစ်ဖက်လုံး လက်ပြန်ခတ်
တယ်။ ခတ်ပြီးမှ မျက်နှာကို အနက်နဲ့ ကြိုးစည်းတယ်။ လူချင်းတွန်းခေါ်တာပေါ့။ ကျောင်းဆင်းတဲ့အချိန် ၃ နာရီ ၂၀ မှာ ကျမသမီးလေးနဲ့ တန်းတွေ့တာ။ အဲတော့
ကလေးက ပက်လက်လန်သွားတာပေါ့။ ခုချိန်ထိ ကလေးက နှလုံးရောဂါဖြစ်နေတယ်။ ကျန်းမာရေးက ကလေးက ဖအေ ခဏခဏဖမ်းနေတော့ နှလုံးရောဂါဖြစ်နေတာပေါ့။
“လာခေါ်တဲ့လူတွေက သူတို့ကိုမေးတော့ မပြောဘူး။ ပြောပိုင်ခွင့်မရှိဘူးတဲ့။ ဘယ်
နိုင်ငံမှမပြောဘူးတဲ့။ အဲလိုမျိုး။ ကျမစိတ်ထဲမှာတော့ တော်တော့ကို ခံစားနေရတာ
ပေါ့။ ကလေးကိုကြည့်ပြီးတော့လေ။ နောက်ပြီးတော့လည်း ကိုပါလေးက သူ့သမီးက အဲလိုဖြစ်သွားတဲ့အချိန်မှာ သူလည်း တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။ ခါတိုင်းဖမ်းတုန်းက ညဖမ်းတာလေ။ ခဏခဏ အဲလို ဖမ်းလိုက်ပြုလိုက်နဲ့ဆိုတော့၊
ကလေးက လေးတန်းရောက်သွားပြီဆိုတော့၊ ကိုးနှစ်သမီးဆိုတော့ သိပြီပေါ့အစ်မ
ရယ်”

ဦးပါလေးရဲ့နေအိမ်ကိုလည်း မွှေနှောက်ရှာဖွေသွားပြီးတဲ့နောက် ညနေလေးနာရီ
ကျော် အချိန်လောက်မှာတော့ ဦးပါလေးကို တောင်တွင်းကြီးမြို့ရဲ့ စရဖရုံးမှာထားခဲ့ပြီး
အဲဒီအဖွဲ့ကပဲ ဦးစိုးကို ထပ်မံဖမ်းဆီးသွားခဲ့ပါတယ်။ ဦးစိုးရဲ့ညီမ မကေသီကတော့ အခုလိုပြောပြပါတယ်။
“အဲဒီအချိန်မှာ ကားတစီးထိုးရပ်လာပြီး လူလေးငါးခြောက်ယောက်လောက်ရှိမယ်၊
ဝင်လာတယ်။ စက်ပြင်တဲ့လူပဲမှတ်ပြီး ကျမတို့ အိမ်ထဲကနေ ကြည့်နေလိုက်တာပေါ့။
သူ့လက်ကို နောက်ပြန်ဆွဲပြီး လက်ထိပ်ခတ်ဖို့ ကြိုးစားတယ်။ ဦးစိုးက ဟာ အဲလိုမျိုး လုပ်ဖို့မလိုပါဘူးတဲ့၊ ခင်ဗျားဘာလုပ်တာလဲဆိုတော့ ကျနော် တာဝန်အရပါတဲ့၊ တာဝန်
ဆိုရင်လည်း အေးအေးဆေးဆေးပြောပါတဲ့၊ ကျနော် ခင်ဗျားတို့ခေါ်ရင်လည်း လိုက်မှာ
ပါတဲ့။ ဒါနဲ့ နောက်က လူနှစ်ယောက်၊ သူတို့ထဲက ခေါင်းဆောင်လို့ထင်ရတဲ့ လူ
နှစ်ယောက်က လက်ကို တယောက်တဖက်ဆွဲပြီးတော့ ဇွတ်ပဲ လက်ထိပ်ခတ်လိုက်ပါ
တယ်။
“နောက် ဦးစိုးကို သူတို့ အပြင်ဆွဲထုတ်ဖို့လုပ်နေတော့ ကျမတို့ သွားပြီး ခြံထဲကို ဆင်းလိုက်တဲ့အခါကျတော့ သူတို့က အိမ်ဘက်ကိုခေါ်လာတယ်။ ခေါ်လာပြီး ဦးစိုးကို
အောက်မှာ ငုတ်တုတ်လေးပဲ ထိုင်ခိုင်းထားတယ်။ ထိုင်ခိုင်းပြီး မျက်နှာကို အဝတ်နက်
ကြီး စည်းလိုက်တယ်။ ရှင်တို့က ဘာလုပ်တာလဲ၊ ဘယ်သူတွေလဲပေါ့၊ ရှင်တို့ရဲ့နာမည်၊
နေရပ်နဲ့ အလုပ်အကိုင်၊ ရာထူးတွေကိုပြောပါဆိုတော့ မပြောနိုင်ဘူးတဲ့၊ ဒါ တာဝန်အရ
လုပ်တာတဲ့၊ သိဖို့မလိုဘူးတဲ့၊ မမေးနဲ့တဲ့၊ ရှင်တို့က တာဝန်အရလုပ်တာမှန်တယ်၊ ကျမ
တို့ကလည်း ကိုယ့်ရဲ့မိသားစုတယောက်ကို ဒီလိုခေါ်တယ်ဆိုတော့ ဘယ်သူဘယ်ဝါက
ခေါ်တယ်ဆိုတာ သိချင်ပါတယ်လို့။ သိဖို့မလိုဘူးတဲ့၊ မမေးနဲ့တဲ့။ ခင်ဗျားတို့ရဲ့ ရပ်ကွက် လူကြီးပါတယ်တဲ့၊ ခင်ဗျားတို့မြို့ စခန်းက လူတယောက်ပါတယ်ဆိုပြီး ယူနီဖောင်းနဲ့
လူတယောက်ကို လက်ညှိုးထိုးပြီးပြတယ်။ အဲဒီလူက ကျမသိတာတော့ နယ်ထိန်း
ကိုဇော်လတ်တဲ့။ ရပ်ကွက်လူကြီးကတော့ ကိုထွန်းထွန်းဦးရှင့်။ ဦးစိုးကို ကားပေါ်ကို
သူတို့လူနှစ်ယောက်က ဆွဲပြီးခေါ်သွားတယ်။ ခေါ်သွားပြီး ကားပေါ်မှာ တင်ထားလိုက်
တယ်”

ဦးစိုးရဲ့အိမ်ကို မွှေနှောက်ရှာဖွေသွားပြီးတဲ့နောက် မစ္စတာဂမ်ဘာရီနဲ့ ဒေါ်အောင်ဆန်းစု
ကြည်တို့နှစ်ဦး ရိုက်ကူးထားတဲ့ပုံကိုလည်း ဖြုတ်ယူသွားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့
ပတ်သက်တဲ့ ဓာတ်ပုံမှန်သမျှ၊ စာရွက်စာတမ်းမှန်သမျှကို ဓာတ်ပုံမှတ်တမ်း ရိုက်ယူ
သွားခဲ့တယ်လို့ ဆိုပါတယ်။

ဦးစိုးကို ဖမ်းဆီးသွားသူတွေဟာ ကြမ်းတမ်းတဲ့အပြုအမူ လုပ်ခဲ့တာကြောင့် ကျန်းမာရေး
မကောင်းတဲ့ ဦးစိုးရဲ့ မိခင်ဖြစ်သူဟာ အတော့်ကို စိတ်ထိခိုက်ခဲ့ရတယ်လု့ိ ဆိုပါတယ်။
အဖွဲ့ချုပ်ဝင်နှစ်ဦးကို ဘာ့ကြောင့် အခုလို ဖမ်းဆီးသွားခဲ့သလဲ ဆိုတာကိုတော့ မိသားစု
အပါအဝင် အဖွဲ့ချုပ်ဝင်တွေက မသိရှိသေးကြောင်း၊ သူတို့နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်
သွားတဲ့ ကားကတော့ နတ်မောက်မြို့ဘက်ကို ထွက်သွားတာ တွေ့မြင်လိုက်ရကြောင်း
မိသားစုဝင်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG