မြန်မာနိုင်ငံတွင်းက သံဃာ့တပ်ပေါင်းစုရဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်နဲ့ ပတ်သက်
ပြီး စက်တင်ဘာလ သံဃာ့လှုပ်ရှားမှုနောက်ပိုင်း ပြည်ပမှာဖွဲ့စည်းခဲ့တဲ့ သာသနာ့
ဥသျှောင်အဖွဲ့ကလည်း သဘောတူထောက်ခံတယ်လို့ ဆိုပါတယ်။ သာသနာ့ဥသျှောင်
အဖွဲ့က အတွင်းရေးမှူး ကိုယ်တော်တပါးဖြစ်တဲ့ အမေရိကန်အနောက်ခြမ်း လော့စ်အိန်
ဂျလိစ်မြို့က အရှင်ဂုနိဿရကို ကိုကျော်အောင်လွင်က ဆက်သွယ်လျှောက်ထားခဲ့ပါ
တယ်။
မြန်မာပြည်ထဲက မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုက နှစ်သစ်ကူးရက်စွဲနဲ့ပဲ မြန်မာပြည်သူပြည်သား ဒကာ၊ ဒကာမအားလုံးကို ကြေညာချက်တစောင်ထုတ်ပါ
တယ်။ ဒီကြေညာချက်နဲ့ပတ်သက်ပြီး ပြည်ပမှာဖွဲ့စည်းထားတဲ့ သာသနာ့ဥသျှောင်
အဖွဲ့ကြီးကနေပြီး ဘယ်လိုသဘောထားရှိလဲဆိုတာ မိန့်ပါဘုရား။
“ဦးဇင်းတို့သဘောထားကတော့ ပြည်တွင်းမှာရှိတဲ့ ညီတော်၊ နောင်တော်တွေလုပ်တဲ့
သဘောထားနဲ့ ထပ်တူထပ်မျှပါပဲ။ ပြည်တွင်းမှာရှိတဲ့ သူတို့လှုပ်ရှားနိုင်တဲ့ အင်အား
လေးနဲ့ သူတို့ အမျိုး၊ ဘာသာ၊ သာသနာအတွက် အတတ်နိုင်ဆုံး လုပ်နေတယ်ဆိုတာ ဦးဇင်းတို့ယုံကြည်တယ်။ ဒါကို သူတို့က ကိုယ်ကျိုးစွန့်ပြီးလုပ်နေတယ်ဆိုတာ ယုံကြည်
တယ်။ ပါတဲ့အချက်တွေကလည်း ပြည်ပကသံဃာတွေနဲ့ ပြည်တွင်းကသံဃာတွေ
အကုန်လုံး သဘောထားက အတူတူဆိုတာ ဦးဇင်းတို့ တွေ့ရှိရတယ်”
အဲဒီကြေညာချက်ထဲမှာ ပါတဲ့အတိုင်းဆိုရင် အရှင်ဘုရားတို့ရဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်မှု
တွေကို ပျက်ပြားအောင်ရည်ရွယ်ပြီး အတင်းအဓမ္မ အလှူခံတာမျိုးတွေကို အာဏာပိုင်
တွေက လုပ်နေတယ်လို့ ကြေညာချက်ထဲမှာ ပါပါတယ်။ ဒီအချက်ပေါ်မှာရော အရှင်
ဘုရားတို့ ဘာများမိန့်ချင်ပါလဲ။
“လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့အခြေအနေ ကိုယ်တော်လေးတွေပြောထားတာ ပြည်တွင်းသံဃာ့အဖွဲ့အစည်းက ပြောတဲ့ကိစ္စက လုံးဝမှန်ကန်ပါတယ်။ ဒီလို အစိုးရက လုပ်နေတယ်ဆိုတာ ဦးဇင်းတို့ သိပြီးသားဖြစ်ပါတယ်။ သူတို့အနေနဲ့ ဒါကို ကန့်ကွက်နေ
တဲ့ဟာ ဦးဇင်းတို့သဘောထားနဲ့ ထပ်တူထပ်မျှပါပဲ”
မြန်မာစစ်အာဏာပိုင်တွေအပေါ်မှာ သပိတ်မှောက် ကံဆောင်ထားတဲ့ ပတ္တနိက္ကုဇ္ဇန
ကံဆောင်မှုကို ဆက်ပြီး တိုးမြှင့်လုပ်သွားဖို့ တိုက်တွန်းထားတာ တွေ့ရပါတယ်။ ပတ္တနိက္ကုဇ္ဇနကံဆောင်မှုဟာ ပြည်တွင်းပြည်ပမှာရှိတဲ့ သံဃာတော်တွေအနေနဲ့
နောက်ဆုံး ဘယ်လိုအခြေအနေတွေပေါ်မှာ ရပ်တည်ပြီး ဒီသပိတ်မှောက် ကံဆောင်
မှုတွေ ရှိနေပါသလဲဘုရား။
“ဘယ်လိုအခြေအနေပေါ်မှာ ရပ်တည်လဲဆိုတော့ ရှင်းပါတယ်။ ပတ္တနိက္ကုဇ္ဇနကံရဲ့ အင်္ဂါ
အချက်တွေက ရှစ်ချက်ရှိပါတယ်။ အဲဒီရှစ်ချက်ထဲက အကုန်လုံးသော်လည်းကောင်း၊ တချက်ချက်သော်လည်းကောင်း ငြိစွန်းလို့ရှိရင် ပတ္တနိက္ကုဇ္ဇနကံက မှောက်နေမြဲ၊ မှောက်နေလျက်ပါပဲ။
“အဲဒီပတ္တနိက္ကုဇ္ဇနကံထဲက အချက်တွေကို သူတို့ကနေပြီး မလုပ်တော့ဘူး၊ သံဃာတော်
တွေကို စော်ကားထားတာတွေကို ပြန်တောင်းပန်မယ်၊ သူတို့ ညစ်ပတ်ပြီးလုပ်တဲ့ဟာ
တွေ၊ စည်းမျဉ်းဘောင်မရှိဘဲ လုပ်တဲ့ဟာတွေကို သူတို့ သံဃာတွေကိုပြန်တောင်းပန်
မယ်၊ လူထုတွေကို ပြန်တောင်းပန်မယ်ဆိုရင် ဦးဇင်းတို့ ပတ္တနိက္ကုဇ္ဇနကံပြုထားတဲ့ဟာ
ကို ပြန်လှန်မှာပါ။ ဒါပေမယ့် သူတို့အနေနဲ့ ယနေ့အချိန်အထိ တုံ့ပြန်တာမရှိပါဘူး။
ဦးဇင်းတို့ကို ပြန်တောင်းပန်တာတွေ မရှိဘူး။ မရှိတဲ့အပြင် ပိုတိုးတိုးပြီး လုပ်နေတဲ့
အတွက် ဦးဇင်းတို့တွေက ဒီအချက်ရှစ်ချက်ပေါ်မှာမူတည်ပြီး ဆက်လက်မှောက်ထား
လျက်ပါပဲ။ မှားထားတာတွေကို ပြန်တောင်းပန်မယ်ဆိုရင် ဦးဇင်းတို့က ပတ္တနိက္ကုဇ္ဇနကံ
ကို ပတ္တဥက္ကုဇ္ဇနကံ ပြန်ပြီးတော့ သပိတ်ပြန်လှန်မှာပါ။
“နောက် သံဃာတွေတောင်းဆိုထားတာ လေးချက်ရှိပါတယ်။ အားလုံးသိပြီးသား
အတိုင်းပါပဲ။ သံဃာတွေပြန်တောင်းပန်ရမယ်၊ ဒေါ်စုကိုလွှတ်ပေးရမယ်၊ ကုန်ဈေးနှုန်း
ချပေးရမယ်၊ ဆွေးနွေးပွဲတွေလုပ်ရမယ်၊ လူထုနဲ့။ ဒါတွေကို ဘာမှမလုပ်ဘူး။ မလုပ်တဲ့
အတွက် ဦးဇင်းတို့က တောင်းဆိုထားတဲ့အချက်တွေပေါ်မှာ အခြေခံပြီးတော့ ဆက်
လက်ပြီး ပတ္တနိက္ကုဇ္ဇနကံကို ပြုပြီးသားဖြစ်ပါတယ်။ လုပ်နေဆဲလည်းဖြစ်ပါတယ်။
ဘယ်လိုပဲ သူတို့အနေနဲ့ လှူဒါန်းနေတယ်၊ ဝင်ပြီးတော့ စည်းရုံးနေတယ်၊ ချဉ်းကပ်နေ
တယ်၊ အဲဒါတွေလုပ်နေပေမယ့် ဦးဇင်းတို့ ပတ္တနိက္ကုဇ္ဇနကံက ပျက်မသွားပါဘူး။ ဦးဇင်း
တို့က ကမ္မဝါဖတ်ပြီး သူတို့တွေဟာ တကယ်ကို လိုလိုချင်ချင်နဲ့ ပြန်တောင်းပန်ပြီ၊
တကယ်လုပ်ပြီ၊ စေတနာဖြူဖြူစင်စင်နဲ့ လုပ်ပြီဆိုမှ ဦးဇင်းတို့ ပြန်လှန်မှာပါ။ အဲဒီတော့
မှပဲ ဒီကိစ္စကပြီးမှာပါ။ ဦးဇင်းတို့က ဆက်လက်ရပ်တည်ပြီး လုပ်ဆောင်သွားမှာပါ”