သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဒေသတွင်းနိုင်ငံများ တွန်းအားပေးရန် အမေရိကန်လိုလား


အမေရိကန် လက်ထောက်နိုင်ငံခြားရေး
ဝန်ကြီး စကော့မာဆီ (Scot Marciel) ဟာ
ဂျပန်၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေ
ကို ခရီးလှည့်လည်ပြီး မြန်မာနိုင်ငံပြောင်းလဲ
ရေးအတွက် တိုက်တွန်းနေပါတယ်။ ဒီခရီးစဉ်
နဲ့ပတ်သက်လို့ သဘောထားအမြင်တွေကို ဦးတင်မောင်သန်းက တင်ပြထားပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေး
ဝန်ကြီး စကော့မာဆီဟာ ဂျပန်၊ ကမ္ဘောဒီး
ယားနဲ့ ဗီယက်နမ်နိုင်ငံတွေကို ခရီးလှည့်
လည်ပြီး အဆိုပါနိုင်ငံတွေက မြန်မာနိုင်ငံ ပြောင်းလဲရေးအတွက် တွန်းပေးကြဖို့ တိုက် တွန်းနေပါတယ်။ မြန်မာနိုင်ငံအစိုးရက ကိုယ့်
ပြည်သူတွေရဲ့ သဘောထားကိုလည်း မတုံ့
ပြန်၊ နိုင်ငံတကာ အသိုက်အဝန်းရဲ့ သဘောထားကိုလည်း မတုံ့ပြန်ဘဲ အပြုသဘော
ဆောင်တဲ့ ခြေလှမ်းတွေလှမ်းဖို့ ငြင်းဆိုနေတယ်လို့ သူကဆိုပါတယ်။

အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လေးလေးနက်နက် စကားစပြောဖို့ လိုအပ်တယ်
လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ထင်မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို
၂ လနေလို့မှ အပြင်တခါခေါ်ပြီး တနာရီလောက် တွေ့ဆုံတာဟာ တွေ့ဆုံဆွေးနွေးတာ
မဟုတ်ဘူးလို့ မစ္စတာ စကော့မာဆီက ယူဆပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကတော့ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနေတဲ့ ဖြစ်ပေါ်ပြောင်းလဲ
မှုနှုန်းကို အားမရပေမယ့် အပြုသဘောဆောင်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ
ဦးဉာဏ်ဝင်းက မီဒီယာတွေကို ပြောခဲ့ဖူးပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာစကော့မာဆီက အစိုးရရဲ့မူဝါဒတွေဟာ နယ်ပယ်အားလုံးမှာ ကျဆင်းနေတယ်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးဟာ အမေရိ
ကန် အစိုးရအတွက် အရေးကြီးကြောင်း၊ ဒီထောင့်က မြန်မာနိုင်ငံအကြောင်းကို အများ ဆုံးပြောလေ့ရှိကြောင်း၊ ဒါပေမယ့် အဲဒီနယ်ပယ်သာမက စီးပွားရေးကလည်း ကျဆင်း
နေကြောင်း၊ ပညာရေးကလည်း ပျက်စီးနေကြောင်း ပြောဆိုသွားပါတယ်။ ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုကလည်း အလုပ်မဖြစ်လှဘဲ မြန်မာနိုင်ငံက ဆေးမတိုး
တော့တဲ့ တီဘီနဲ့ ငှက်ဖျားရောဂါတွေ ပိုလို့ ပိုလို့ ဖြစ်ပေါ်နေကြောင်း၊ ဒုက္ခသည်တွေက အိမ်နီးချင်းနိုင်ငံတွေကို ပိုမိုထွက်လာနေကြကြောင်း၊ ဒါက ပြဿနာစက် တထွေးကြီး
ဖြစ်နေကြောင်း ဆက်လက်ပြောဆိုသွားပါသေးတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ သံဃာတွေဦးဆောင်တဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေကို နှိမ်နင်းခဲ့ပုံ
ကြောင့် နိုင်ငံတကာက မြန်မာစစ်အစိုးရအပေါ် ဒေါသူပုန်ထခဲ့ကြပြီး အနောက်နိုင်ငံ
တွေနဲ့ သြစတြေးလျနိုင်ငံတို့က ပိတ်ဆို့အရေးယူမှု တိုးမြှင့်ခဲ့ကြ ပါတယ်။ ဂျပန်အစိုးရ
က အကူအညီပေးတာကို ရပ်ဆိုင်းထားခဲ့ပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်က မျှော်လင့်သလို ထိရောက်
ပ့ါမလား ဆိုတာနဲ့ပတ်သက်ပြီး အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်း
အစိုးရရဲ့ ကုလသမဂ္ဂရေးရာတာဝန်ခံ ဒေါက်တာသောင်းထွန်းက အခုလို ထင်မြင်ချက်
ပေးပါတယ်။
“မြန်မာနိုင်ငံမှာ ညင်ညင်သာသာနဲ့ ရှောရှောရှူရှူ အသွင်ကူးပြောင်းနိုင်ဖို့ဆိုတာ
စစ်တပ်အပါအဝင် အင်အားစုအားလုံးက အပြေအလည်ညှိနှိုင်းပြီး တဦးရဲ့အခန်းကဏ္ဍ
ကို တဦးက အသိအမှတ်ပြုပြီး ဆွေးနွေးပြီးတော့ ပြောင်းရမယ်ဆိုတဲ့ သဘောပေါ့။
ဒီသဘောကို အိမ်နီးချင်းနိုင်ငံတွေက နားလည်လာအောင် ချပြတဲ့သဘောလည်းပါသ
လို ဒီလိုမျိုးချပြပြီး နိုင်ငံတကာက ညှိနှိုင်းပြီးတော့ အားလုံး သဘောတူလာကြတဲ့
ဒီလမ်းကြောင်းနဲ့ ဒီချဉ်းကပ်မှုကို နအဖပိုင်းကလည်း သဘောပေါက်ဖို့လိုသလို ဒါဟာ
နိုင်ငံတကာနဲ့ ဆက်ဆံရေးပြေလည်စေမယ့် အခွင့်အလမ်းတခုလို့ သုံးသပ်ပြီး ပိုင်ပိုင်
နိုင်နိုင်ရယူ ဆောင်ရွက်ဖို့လည်း လိုတယ်လို့ ကျနော်မြင်ပါတယ်”

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ စကော့မာဆီက မြန်မာ့အရေးကို လွယ်
လွယ်နဲ့ ဖြေရှင်းလို့ရမယ်လို့ မမြင်ပါဘူး။ မြန်မာနိုင်ငံက တဆစ်ချိုးကွေ့နိုင်မလားဆိုရင်
တော့ ဒီအစိုးရအောက်မှာ တကယ်ဖြစ်နိုင်မယ်မထင်ကြောင်း၊ သူတို့မှာ ဘဏ္ဍာချို့ငဲ့၊ လူထုထောက်ခံမှုမဲ့၊ တရားဝင်မှုမရှိ၊ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ အကြံ ဉာဏ်လည်းရှိပုံမရကြောင်း သူက ဆက်လက်ပြောဆိုသွားပါသေးတယ်။ ဆန္ဒပြပွဲတွေ
ပြီးကာစက ကုလသမဂ္ဂ ကြားဝင်ဖျန်ဖြေသူကို ခွင့်ပြုခဲ့တာ၊ အတိုက်အခံနဲ့ အကန့်
အသတ်ရှိတဲ့ ဆွေးနွေးမှု လုပ်ခဲ့တာတွေကြောင့် အစောပိုင်းမှာ ခြေလှမ်းသေးသေး
လှမ်းခဲ့တာလို့ ပြောနိုင်ပေမယ့် အဲဒီကတည်းက အခြေခံအားဖြင့်ဆိုရင်တော့ ဘာမှ
မဖြစ်ခဲ့တော့ကြောင်း သူက ထောက်ပြသွားပါတယ်။ ဒါ့ကြောင့် ထုံးစံအတိုင်း ဓာတ်ပြား
ဟောင်းကြီး ပြန်ဖွင့်နေတာကတော့ သိပ်ကောင်းလှတဲ့ ရွေးချယ်စရာမူဝါဒ မဟုတ်ပါ
ဘူး။ ဘာကြောင့်လဲဆိုတော့ စက်တင်ဘာလမှာ ကန့်ကွက်ဆန္ဒပြပွဲတွေနဲ့ အကြမ်းဖက်
ဖြိုခွင်းမှုတွေ ဖြစ်ပွားခဲ့ရတဲ့ ပြဿနာရဲ့ဇာစ်မြစ်ကို လုံး၀ မကိုင်တွယ်လို့ပါဘဲလို့ သူက ပြောဆိုသွားပါတယ်။

မကြာမီရက်ပိုင်းအတွင်းက မစ္စတာဂမ်ဘာရီ (Mr Ibrahim Gambari)၊ ဗြိတိသျှဝန်ကြီး
ချုပ် ဂေါ်ဒွန်ဘရောင်း (Gordon Brown) နဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေး
ဝန်ကြီး မစ္စတာ စကော့မာဆီတို့ဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ အာရှနိုင်ငံ
များကို ခရီးလှည့်လည်နေခဲ့ကြပါတယ်။ လုပ်နိုင်စရာရှိတာတွေ အားလုံးလုပ်ပါလျက်နဲ့ အလုပ်မဖြစ်ဘူးဆိုတော့မှ လုံခြုံရေးကောင်စီမှာ နောက်တဆင့်တက် တင်ပြဆွေးနွေး
ရတာ လက်ရှိနိုင်ငံတကာဆက်ဆံရေးရဲ့ လုပ်ပုံကိုင်ပုံဖြစ်တယ်လို့ ဒေါက်တာ
သောင်းထွန်းက ဆိုပါတယ်။
“နောက်တဆင့် Security Council သွားဖို့ဆိုတာက All available options exhausted
ဆိုတဲ့ အဆင့်ကို ဖြတ်ရဦးမယ်။ ဒါ ဖြစ်တာမဖြစ်တာ မသိဘူးလေ။ ဗီယက်နမ် ဘယ်
လောက်တွန်းမလဲ၊ အာဆီယံ ဘယ်လောက်တွန်းမလဲ၊ တရုတ် ဘယ်လောက်တွန်းမလဲ၊
အိန္ဒိယ ဘယ်လောက်တွန်းမလဲ၊ မသိဘူး။ ဒီ Option ကို ဒါ မဖြတ်လို့ကိုမရဘူး။ ဒါ ဖြတ်နေတဲ့အချိန်ပဲ”

အိန္ဒိယ၊ တရုတ်နဲ့ အာဆီယံအပါအဝင် လူတိုင်းက သံတမန်ရေးရာအရ ပြောကြတာပါ
ပဲ။ ကျနော်တို့ပြောနေတာကတော့ ဆက်ပြီး အဲသလိုလုပ်ပေးကြပါ။ တခါ လုပ်ရုံ
လောက်နဲ့တော့ သိပ်ခရီးမရောက်လှပေဘူးဆိုတာပါပဲလို့ အမေရိကန် လက်ထောက်
နိုင်ငံခြားရေးဝန်ကြီးက ဆော်သြသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG