ကျဆင်းနေတဲ့ အမေရိကန်စီးပွားရေးကို ပြန်ပြီးမြင့်တက်လာအောင် ကြိုးစားတဲ့အနေ
နဲ့ အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းတွေကို တစ်ရာခိုင်နှုန်းရဲ့ လေးပုံသုံးပုံအထိ လျှော့ချလိုက်ပါတယ်။ အတိုးနှုန်းအသစ်အနေနဲ့ ၃.၅ ရာခိုင်နှုန်းအဖြစ် အမေရိကန်
ဗဟိုဘဏ်က သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဟင်နရီပေါလ်ဆင် (Henry Paulson) ဒီကနေ့ပြောတဲ့
အထဲမှာတော့ ထိုင်းမှိုင်းနေတဲ့ အမေရိကန်စီးပွားရေးတွေကို ပြန်ပြီး နိုးကြားလာအောင်
လုပ်ဖို့အတွက် အမေရိကန်သမ္မတနဲ့ လွှတ်တော်အမတ်တွေက ၁၄၅ ဘီလျံဒေါ်လာကို အမြန်ထုတ်ပေးဖို့ကိစ္စ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ အဲဒီလို အမေရိကန်စီးပွား
ရေး ကျဆင်းနေတဲ့ ဂယက်တွေကြောင့် တကမ္ဘာလုံးက အစုရှယ်ယာတွေ မနေ့က
ကျဆင်းခဲ့ရပါတယ်။ အဲဒါရဲ့ နောက်ဆက်တွဲအနေနဲ့ အာရှနဲ့ ဥရောပက စတော့ဈေး
နှုန်းတွေဟာလည်း ဒီကနေ့ လိုက်ပြီးကျလာပါတယ်။ ဒီကနေ့ စတော့ဈေးကွက်စဖွင့်ပြီး မကြာခင်အချိန်မှာပဲ အိန္ဒိယစတော့ရှယ်ယာဈေးတွေ ၁၀ ရာခိုင်နှုန်းနီးပါး ကျသွားခဲ့ပါ
တယ်။
တောင်ကိုရီးယား၊ ဟောင်ကောင်၊ ဂျပန်၊ စင်ကာပူနဲ့ တရုတ်က စတော့ရှယ်ယာဈေး
တွေဟာလည်း ကျနေပါတယ်။ ဥရောပတ၀န်းမှာလည်း မနေ့တုန်းက စတော့ဈေးနှုန်း
တွေ သိသိသာသာကျဆင်းနေတာဖြစ်ပြီး ဒီနေ့မှာလည်း ဆက်ပြီးကျနေတုန်းပဲ ဖြစ်ပါ
တယ်။ လက်တင်အမေရိကန်ဈေးကွက်မှာလည်း မနေ့က စတော့ကိစ္စတွေ အတော်
လေး အထိနာခဲ့ပါတယ်။
အမေရိကန်စီးပွားရေး အားနည်းလာတာနဲ့အတူ ရေနံဝယ်ယူမှုတွေ၊ လောင်စာဆီဝယ်
ယူမှုတွေ နှေးကွေးလာမှာကို စိုးရိမ်ပြီး ရေနံစိမ်းဈေးတွေလည်း လိုက်ပြီးကျဆင်းနေပါ
တယ်။ အမေရိကန် သူဌေးသူကြွယ်ကြီးဖြစ်တဲ့ ဂျော့ခ်ျဆိုးရော့စ် (George Soros)
မနေ့တုန်းကပဲ သတိပေးပြောဆိုလိုက်တာက အခု ကမ္ဘာမှာကြုံတွေ့နေရတဲ့ စီးပွားရေး အကျပ်အတည်းဟာ ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းက တွက်မယ်ဆိုရင် အဆိုးဆုံး
အခြေအနေကို ရောက်ရှိနေတာလို့ သူကပြောပါတယ်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ အကြီးအကဲ ဒေါမနစ် စထရပ်စ်ခန်
(Dominique Strauss-Kahn) ကလည်း အခုလို ကမ္ဘာ့စီးပွားရေး အကျပ်ဆိုက်နေတဲ့
အခြေအနေဟာ အသည်းအသန်ဖြစ်နေတဲ့ အခြေအနေပါလို့ သူကဆိုပါတယ်။