သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး ဦးမော့အောင် မြေတောင်မြှောက်ပေးနိုင်ရေး သမ္မတဘုရှ် အဆိုပြုချက် အောက်လွှတ်တော်ထောက်ခံအတည်ပြု


အမေရိကန်ပြည်ထောင်စု စီးပွားရေး ပြန်လည်ဦးမော့လာအောင် မြေတောင်
မြှောက်ပေးနိုင်ရေး သမ္မတ ဂျော့ဒဘလျူ
ဘုရှ်ရဲ့ ဒေါ်လာသန်းပေါင်း တသိန်း လေးသောင်းခြောက်ထောင် အခွန်လျှော့ချ
မယ့် စီးပွားရေးစီမံချက်ကို အမေရိကန် အောက်လွှတ်တော်က ထောက်ခံအတည်ပြု
လိုက်ပါတယ်။ အထက်လွှတ်တော်နဲ့ အောက်
လွှတ်တော်ကို တင်သွင်းတဲ့ ဥပဒေကြမ်းတွေ
အကြား အနည်းငယ် ကွဲလွဲချက်တွေရှိနေပြီး
အခု အထက်လွှတ်တော်က ဆုံးဖြတ်ချက်ပေး
ရမယ့်အလှည့် ဖြစ်ပါတယ်။ ဗွီအိုအေသတင်း
ထောက် Dan Robinson ရဲ့ သတင်းပေးပို့ချက်တွေနဲ့အတူ ကိုသိန်းထိုက်ဦးက စုစည်း
တင်ပြပါလိမ့်မယ်။

အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးကို မြှင့်တင်နိုင်ဖို့အတွက် စီးပွားရေး ပြန်လည် ဦးမော့လာအောင် မြေတောင်မြှောက်ပေးမယ့် သမ္မတဘုရှ် အဆိုပြုထားတဲ့ စီမံချက်
ကို အောက်လွှတ်တော်က ထောက်ခံမဲ ၃၈၅ မဲ၊ ကန့်ကွက်မဲ ၃၅ မဲနဲ့ အတည်ပြုလိုက်
ပါပြီ။ ဒီမိုကရက်ပါတီဝင်တွေက အလုပ်လက်မဲ့ဖြစ်နေတဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ အသက်အရွယ်ကြီးရင့်သူတွေအတွက် နောက်ထပ် ဒေါ်လာသန်းတသောင်း ထပ်အပို
ဆောင်းဖို့ အဆိုပြုထားပါတယ်။ အခု ဒီအဆိုပြုချက်နဲ့ပတ်သက်လို့ ဆီးနိတ် အထက်
လွှတ်တော်က ဆုံးဖြတ်ချက်ပေးရတော့မယ့် အလှည့်ဖြစ်ပါတယ်။

တနင်္လာနေ့ကပဲ အမေရိကန်သမ္မတဘုရှ်က သူ့ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ဒီ စီးပွားရေးပြန်လည်ဦးမော့အောင် အထူးသတိထား စေ့စပ်အဆိုပြုထားတဲ့ စီမံချက်
အပေါ် နှောင့်နှေးကြန့်ကြာအောင်၊ လမ်းကြောင်းလွဲအောင် လုပ်တာမျိုးကို လက်ခံမှာ
မဟုတ်ဘူးလို့ သတိပေးထားပါတယ်။ အခု ဒီမိုကရက်ဘက်က ပြင်ဆင်အဆိုပြုချက်က
သမ္မတရဲ့ သတိပေးချက်တခုလည်း ဖြစ်ပါတယ်။

မနေ့က အောက်လွှတ်တော်မှာ အချေအတင် ဆွေးနွေးတဲ့အခါ ဒီမိုကရက်ဘက်ကရော ရီပတ်ဗလစ်ကန်ဘက်ကပါ အချေအတင် ငြင်းခုံတာတွေကို ရှောင်ရှားခဲ့ကြပါတယ်။ အမေရိကန်ပြည်သူတွေကို အခွန်ကောက်ထားတဲ့ ငွေတွေထဲက ဒေါ်လာခြောက်ရာပြန်
ပေးပြီး စီးပွားရေးပြန်လည်ဦးမော့အောင် ကူညီတဲ့စီမံချက်ကို ထောက်ခံတဲ့အနေနဲ့
ပံ့ပိုးကူညီခဲ့တာ တွေ့ရပါတယ်။

ဂျွန် ဘိုဟ်နာ (John Boehner) ဟာ ရီပတ်ဗလစ်ကန်ပါတီက လူနည်းစု ရစ်ပတ်
ဗလစ်ကန်ခေါင်းဆောင် ဖြစ်ပါတယ်။
“အမေရိကန်ပြည်သူတွေက အဖြေရအောင် ရှာချင်ကြတာပါ။ တိုင်းပြည်မှာ ရင်ဆိုင်
နေရတဲ့ အခက်အခဲတွေကို အဖြေရှာနိုင်ဖို့ လိုချင်ကြတာပါ။ အခု ပါတီနှစ်ရပ်စလုံးက ထောက်ခံလိုက်တဲ့အတွက် အမေရိကန်စီးပွားရေးကို ရေတိုမှာ ပြန်ပြီးတိုးတက်လာ
အောင် လုပ်ဆောင်နိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်”

အောက်လွှတ်တော်သဘာပတိ နန်စီ ပလိုစီ (Nancy Pelosi) ကတော့ ဒီမိုကရက် အထက်လွှတ်တော်အမတ်တွေ အဆိုပြုထားတဲ့ ပြင်ဆင်ချက်တွေနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲမှာ မေးခွန်းထုတ်ပါတယ်။ သမ္မတအိမ်ဖြူတော်နဲ့အတူ ပါတီ
နှစ်ရပ်စလုံးရဲ့ စီးပွားရေး ပြန်လည်ဦးမော့အောင် မြေတောင်မြှောက်ပေးမယ့် စီမံချက်
အပေါ် ခြိမ်းခြောက်မှုရှိမရှိ သတင်းစာရှင်းလင်းပွဲမှာ မေးခွန်းထုတ်ပါတယ်။

အခု စီးပွားရေးပြန်လည်ကောင်းမွန်ဖို့ အစပျိုး အဆိုပြုချက်တွေကို ကျမအနေနဲ့ ထောက်ခံထားပါတယ်။ ဒီလို ထောက်ခံထားတဲ့အတွက်လည်း ဆီးနိတ်အတွင်းမှာ
ပါတီနှစ်ရပ်စလုံးရဲ့ အဆိုပြုချက်အပေါ် ကန့်ကွက်တာတွေ၊ အဟန့်အတားတွေ ဖြစ်လာ
မှာကို ဘာကိုမှ ကျမ မဖြစ်စေချင်ပါဘူး။ တကယ်လို့ ဒေါ်လာ သန်း တသိန်းငါးသောင်း
လို့ အတိအကျ ဖြည့်စွက်မယ်ဆိုရင် ဘယ်လိုလုပ်ပြီး ပေးလို့ရမလဲ။

အောက်လွှတ်တော်က ပြင်ဆင်အဆိုပြုချက်တွေနဲ့ပတ်သက်လို့ သမ္မတဘုရှ် အစိုးရနဲ့ အထက်လွှတ်တော်အကြား ပါတီနှစ်ရပ်စလုံးရဲ့ နည်းနာနဲ့ ညှိနိုင်းဖြေရှင်းသွားမယ်လို့
ပလိုစီက ပြောပါတယ်။ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်ရဲ့ စေ့စပ်ညှိနှိုင်းသူ
တွေက ပြန်လည်စစ်ဆေးပြီး ဥပဒေကြမ်းကို နောက်ဆုံး အချောသတ်ရေးဆွဲမယ်လို့
လည်း ပြောပါတယ်။

အိမ်ဖြူတော်မှာတော့ အမေရိကန်သမ္မတဘုရှ်က အောက်လွှတ်တော်က ဥပဒေကြမ်း
ကို အတည်ပြုလိုက်တာနဲ့ပတ်သက်ပြီး အခုလို ပြောဆိုပါတယ်။
“အောက်လွှတ်တော်ကနေ စီးပွားရေး ပြန်လည်တိုးတက်လာဖို့အတွက် အထောက်
အကူပြုမယ့် အဆိုပြုချက်ကို တခဲနက် အတည်ပြုလိုက်တဲ့အတွက် ကျနော့်အနေနဲ့
အထူးပဲ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ငွေပမာဏ ထပ်ပြီး ဖြည့်စွက်ရေးကိစ္စ အဆုံး
အဖြတ်ကိုတော့ အထက်လွှတ်တော်က လုပ်ရပါလိမ့်မယ်။ ကျနော်ကတော့ ဒီဥပဒေ
ကြမ်းကို အထက်လွှတ်တော်က အတည်ပြုပြီး ကျနော့်ဘက်က အတည်ပြုနိုင်ဖို့၊
နောက် ကုန်ပစ္စည်းဝယ်ယူသူတွေရဲ့လက်ထဲကို ငွေတွေပြန်ပေးနိုင်ပြီး ရင်းနှီးမြှုပ်နှံမှု
အတွက် အကျိုးခံစားခွင့်တွေပေးနိုင်ဖို့ ဒါကို ကျနော် အဓိကထားပါတယ်”

ဆီးနိတ် ဘဏ္ဍာရေးကောက်မတီက ပြန်လည်ပြင်ဆင် အဆိုပြုထားတဲ့ ဥပဒေကြမ်းကို
ဗုဒ္ဓဟူးနေ့မှာ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားပါတယ်။ အောက်လွှတ်တော်နဲ့ အထက်လွှတ်
တော် ဥပဒေပြုအမတ်တွေက အဆုံးသတ် စီးပွားရေးပြန်လည်ဦးမော့လာအောင် မြေတောင်မြှောက်ပေးတဲ့ ဥပဒေကြမ်းကို အမြန်ဆုံး သမ္မတဘုရှ် လက်မှတ်ရေးထိုး အတည်ပြုနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့်လည်း လုပ်ငန်းစဉ်တွေ အပြီး သတ်ဆောင်ရွက်ဖို့ လာမယ့်လ ဒုတိယပတ်လောက်အထိတော့ ကြာလိမ့်မယ်လို့ တွေ့မြင်နေရကြောင်းပါခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG