သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံထားရတဲ့ မြန်မာဘလော့ဂါအတွက် မိသားစုက စိုးရိမ်ပူပန်နေ


ရန်ကုန်မြို့က မြန်မာအင်တာနက် ဘလော့ဂါ
တယောက်ကို အာဏာပိုင်တွေက ဒီတပတ်
ထဲမှာ ဖမ်းဆီးသွားခဲ့ပြီးတဲ့နောက် အခုအချိန်
အထိ ဘာအကြောင်းကြောင့် ခုလိုခေါ်ဆောင်
သွားခဲ့တယ်၊ ဘယ်မှာထိန်းသိမ်းထားတယ်
ဆိုတာတွေကို မသိရတဲ့အတွက် မိသားစုက စိုးရိမ်ပူပန်နေတယ်လို့ သိရပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

နေမျိုးကျော် ခေါ် နေဘုန်းလတ်ဆိုတဲ့ မြန်မာ
အင်တာနက် ဘလော့ဂ်စာမျက်နှာဖွင့်ထားတဲ့လူငယ်ကို ပြီးခဲ့တဲ့အင်္ဂါနေ့က ရန်ကုန်မြို့
သုဝဏ္ဏနေအိမ်မှာ အာဏာပိုင်တွေက လာခေါ်သွားတာပါ။ ဒါပေမယ့်လည်း ဖမ်းဆီးစဉ်
ကစလို့ အခုအချိန်အထိ သက်ဆိုင်ရာမိသားစုကို ဘာမှအသိပေးတာတွေမရှိလို့ မိသား
စုဝင်တွေက ပူပန်နေကြတာပါ။ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာဘလော့ဂါ နေဘုန်း
လတ်ရဲ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ သူနဲ့ ရင်းနှီးသူမိတ်ဆွေတယောက်က
အခုလို ပြောပြပါတယ်။

“နောက်ဆုံးအခြေအနေက သူ ဘယ်မှာမှန်းကို ကျနော်တို့က မသိရသေးလို့ မိသားစုနဲ့
အတူ လိုက်နေတာပဲ။ မိသားစုက ဒီနေ့အချိန်အထိ လိုက်တုန်းပါပဲ။ မိခင်တယောက်
အနေနဲ့တော့ အင်မတန်မှ ဆုံးရှုံးမှုကြီးလိုဖြစ်ပြီးတော့ သူ့ခမျာ ဘယ်လိုက်လို့လိုက်ရ
မှန်းမသိဘူး ဖြစ်တာပေါ့။ အတိအကျနေရာမသိရတဲ့အတွက် သူ့သား ဘယ်နေရာမှာ
ရှိသလဲ၊ ဘယ်မှာနေလဲဆိုတာ သူတို့မသိရသေးဘူး။ ခုချိန်ထိ မိသားစုကို ဘယ်ကို ခေါ်သွားလဲဆိုတာလည်း မပြောဘူး။ ဘယ်မှာရှိလဲဆိုတာလည်း မပြောဘူး။ နှစ်ယောက်အဖမ်းခံရတယ်လို့ ကြားတယ်။ အဲဒီနှစ်ယောက်က အင်တာနက်ဆိုင်ကလို့
ကြားတယ်။ အဲဒီနှစ်ယောက်လုံးကိုလိုက်တော့ တယောက်ကတော့ ဒီနေ့သတင်းတခု
အရဆိုရင် ဒဂုံရဲစခန်းကိုရောက်ပြီ။ မိသားစုနဲ့ တွေ့ခွင့်ရပြီလို့ကြားတယ်”

အခုလို အာဏာပိုင်တွေက ခေါ်သွားတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ အာဏာပိုင်တွေ
ဘက်က ဘာအကြောင်းကြောင့်ဆိုတာ ပြောတာဆိုတာ မရှိတဲ့အတွက် အခုအချိန်
အထိတော့ နေဘုန်းလတ် ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်းတော့
မရှိသေးပါဘူး။ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) လူငယ်အဖွဲ့ဝင် တယောက်ဖြစ်ပါတယ်။

ဒါပေမယ်လို့ သူဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ကဗျာတွေ စာတွေရေးပြီး ကိုယ်ပိုင်အင်တာနက်ဘလော့ဂ် စာမျက်နှာဖွင့်ထားတဲ့သူတယောက်ဖြစ်ပြီး ကွန်ပျူ
တာကျွမ်းကျင်သူ လူငယ်တဦးဖြစ်တာကြောင့် ဒီဖမ်းဆီးမှုဟာ အဲန်အယ်လ်ဒီလူငယ် တဦးဖြစ်တဲ့ကိစ္စထက် အာဏာပိုင်တွေအနေနဲ့ သတင်းမီဒီယာတွေကို ထိန်းချုပ်လို
တာကြောင့် ပိုပြီးဖြစ်နိုင်တယ်လို့လည်း နီးစပ်သူ မိတ်ဆွေတွေက ယူဆနေကြတာပါ။
အင်္ဂါနေ့က ဖမ်းဆီးခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်မြို့က နေဘုန်းလတ်နဲ့ ရင်းနှီးသူ
မိတ်ဆွေက အခုလိုဆိုပါတယ်။

“သူက သူ့မိသားစု ကွန်ပျူတာ အင်တာနက်ဆိုင် ဖွင့်ထားပါတယ်။ သုဝဏ္ဏမှာဖွင့်ထား
ပြီး ကောင်းရာကောင်းကြောင်း လုပ်စားနေတဲ့ လူငယ်တဦးပါ။ သူတင်တဲ့ဘလော့ဂ်
တွေကတော့ ကျနော်တို့သိသလောက် ရိုးသားတဲ့ဘလော့ဂ်တွေပါပဲ။ သူကိုယ်တိုင်က
လည်း စာပေကို တော်တော်ဝါသနာပါတဲ့ လူငယ်တဦးပါပဲ။ တကယ် သူကိုယ်တိုင်
လည်း စာပေနဲ့ပတ်သက်ရင် စာရေးသားတာတို့ ဘာတို့၊ သူကလည်း စာအရေးအသား ကျွမ်းကျင်တော့ ဒီအင်တာနက်ဘလော့ဂ်တွေမှာ တင်တာလောက်ပဲရှိပါတယ်။ ကျန်တဲ့ နိုင်ငံရေးဘလော့ဂ်တွေ တင်ရိုးထုံးစံလည်း မရှိခဲ့ပါဘူး။ သူ့အိမ်ကိုသွားရှာတယ်၊ ရှာပြီး သူတို့လိုချင်တာကို ဘာမှမတွေ့တဲ့အတွက် ဘာမှမယူသွားဘူး”

အင်တာနက်စာမျက်နှာ ဖွင့်လှစ်ထားတဲ့ မြန်မာဘလော့ဂါ နေဘုန်းလတ်ကို ထိန်းသိမ်း
မှုဟာဆိုရင် ဒီရက်ပိုင်းအတွင်း သတင်းမီဒီယာလောကမှာ နောက်ဆုံးဖမ်းဆီးမှုလည်း
ဖြစ်ပါတယ်။ ဒီမတိုင်ခင် တပတ်တုန်းကလည်း မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီးသန်းရွှေကို ပုတ်ခတ်တိုက်ခိုက်တယ်လို့ အဓိပ္ပာယ်ထွက်နေတဲ့ ကဗျာတပုဒ်ကို
စပ်ဆိုတဲ့ ကဗျာဆရာ စောဝေကိုလည်း ဖမ်းဆီးခဲ့တာပါ။ သူကတော့ အခုဆိုရင်
အင်းစိန်ထောင်မှာ ထိန်းသိမ်းခံနေရပြီး အခုအချိန်အထိ မိသားစုက ထောင်ဝင်စာ
တွေ့ခွင့်၊ ထောင်ဝင်စာပစ္စည်းတွေ ပေးပို့ခွင့်လည်း မရသေးဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG