သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စတာဂမ်ဘာရီရဲ့ အိန္ဒိယနိုင်ငံ ဒုတိယအကြိမ် ခရီးစဉ်အပေါ် ရလဒ်ကောင်းများထွက်ပေါ်ရန် မျှော်လင့်


မြန်မာနိုင်ငံရေးအခြေအနေတွေ တနေ့
တခြားဆိုးဝါးလာနေပြီး အမျိုးသားပြန်လည်
သင့်မြတ်ရေးနဲ့ ဝေးနေရတာကို နီးစပ်လာစေ
ဖို့ ကြားဝင်ကြိုးပမ်းနေတဲ့ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ
အထူးအကြံပေး မစ္စတာ အီဘရာဟင်
ဂမ်ဘာရီ (Ibrahim Gambari) ဟာ အိမ်နီး
ချင်းတိုင်းပြည်တွေထဲက အဓိကကျတဲ့
အိန္ဒိယနိုင်ငံမှာ ဒုတိယအကြိမ်အဖြစ်
ရောက်နေပါတယ်။ ဇန်နဝါရီလ ၂၉ ရက်နေ့
ကနေ ဒီကနေ့အထိ သုံးရက်ကြာ အိန္ဒိယမှာ
နေပြီး အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ မြန်မာ့အရေးဆွေးနွေးတဲ့ ခရီးစဉ်ဖြစ်ပါ
တယ်။ အခုလို မစ္စတာဂမ်ဘာရီရဲ့ မြန်မာ့အရေး ကြားဝင်အားထုတ်မှုတွေနဲ့ပတ်သက်ပြီး အဲန်အယ်လ်ဒီဘက်က သဘောထားနဲ့ အိန္ဒိယဘက်က မြန်မာ့အရေးလေ့လာသူတွေရဲ့ သဘောထားတွေကို သိရအောင် ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်း တင်ပြ
ထားပါတယ်။

မစ္စတာဂမ်ဘာရီ အခုလိုမျိုး ဒုတိယအကြိမ်အဖြစ် အိန္ဒိယနိုင်ငံကိုလာရတာ ဘာတွေ
များ ထူးထူးခြားခြားအခြေအနေတွေ ရှိနေလို့လဲဆိုတာ နယူးဒေလီမြို့မှာ အခြေစိုက်
တဲ့ မဇ္ဈိမသတင်းဌာနက အယ်ဒီတာ ကိုမွန်ပိကို မေးကြည့်ပါတယ်။

မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီ
ဟာ အိန္ဒိယနိုင်ငံကို ဒုတိယအကြိမ်အဖြစ် သုံးရက်ကြာခရီး လာခဲ့တဲ့အထဲမှာ ဘာတွေ ထူးခြားမှုတွေရှိတယ်လို့ ကိုမွန်ပိတို့ တွေ့ပါသလဲခင်ဗျ။
“ကျနော်တို့အနေနဲ့ ထူးခြားမှုလို့ တစုံတရာပြောဖို့ နည်းနည်းတော့ စောသေးတယ်။ ဘာကြောင့်လဲဆိုတော့ အခုအချိန်အထိ ကျနော်တို့သိရသလောက်ဆိုရင် အိန္ဒိယ အစိုးရခေါင်းဆောင်တွေနဲ့ မစ္စတာဂမ်ဘာရီနဲ့ တွေ့ဆုံတာနဲ့ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ချက် တခုမှမရှိသေးပါဘူး။ ပြီးတော့ တွေ့ဆုံတဲ့ နိုင်ငံခြားရေးဝန်ကြီး
ရယ်၊ နိုင်ငံခြားရေး အတွင်းရေးမှူးရယ်နဲ့ တွေ့ဆုံတယ်လို့ ကြားရပေမယ့် ဘာတွေဆွေး
နွေးလဲ ဆိုတာတော့ ကြားသိရတာ မရှိသေးပါဘူး”

ပြီးခဲ့တဲ့တခေါက်ကတော့ သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။ ဒီတခေါက်ရော ဘယ်လို
ရှိပါသလဲ။
“ပြီးခဲ့တဲ့တခေါက်ကတော့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တယ်။ ဒါပေမယ့် ဒီတခေါက်
တော့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ဘာတို့ လိုက်ပြီးစုံစမ်းတဲ့အခါမှာ သတင်းစာ
ရှင်းလင်းပွဲ လုပ်ဖြစ်မယ်မဟုတ်ဘူးလို့တော့ သူတို့ပြောထားတာရှိတယ်”

မစ္စတာဂမ်ဘာရီအနေနဲ့ အိန္ဒိယနိုင်ငံကို မကြာခင်တုန်းကလည်း တခေါက်လာခဲ့ပြီးပြီ။
အခုတခေါက် ထပ်လာရတာဟာ ဘယ်လိုထူးခြားမှုတွေရှိလို့ ထပ်ပြီးတော့လာရတယ်
လို့ ကိုမွန်ပိတို့ ထင်ပါသလဲ။
“ကျနော်သုံးသပ်မိသလောက် ပထမတခေါက်လာတုန်းကလည်း ဂမ်ဘာရီ ပြောသွား
တာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အိန္ဒိယရဲ့တုံ့ပြန်မှုအပေါ်မှာ သူ့အနေနဲ့ အားရကျေနပ်မှု တွေရှိတယ်လို့ပြောတယ်။ ဒါပေမယ့် တဆက်တည်းမှာ သူပြောတာက အိန္ဒိယလို
အိမ်နီးချင်း နိုင်ငံကြီးတနိုင်ငံအနေနဲ့ မြန်မာပြည်နဲ့ပတ်သက်ပြီး ပိုမိုလုပ်ဆောင်သင့်
တယ်လို့ သူပြောတာလည်းရှိတယ်”

နောက်ဆုံးချုပ်ပြီးပြောရမယ်ဆိုရင် မစ္စတာဂမ်ဘာရီရဲ့ ကြိုးစားမှုတွေဟာ အိန္ဒိယအစိုးရ
အပေါ်မှာ ထိရောက်မှုတွေရှိတယ်လို့ ပြောလို့ရမလားခင်ဗျ။
“ဂမ်ဘာရီလို့ပဲပြောမလား၊ ကုလသမဂ္ဂလို့ပဲ ပြောမလား၊ သူတို့တွေရဲ့ကြိုးစားမှုတွေက အိန္ဒိယနိုင်ငံပေါ်မှာ ထိရောက်မှုရှိတယ်လို့တော့ ကျနော်တို့ပြောရမှာပဲ။ ဘာကြောင့်လဲ
ဆိုတော့ အိန္ဒိယအနေနဲ့ သူတို့ရဲ့လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ထောက်ခံတယ်၊ အားပေး
တယ်ဆိုတာ သူတို့ တရားဝင်ကြေညာထားတာလည်းဖြစ်တယ်။ အထူးသဖြင့် စက်တင် ဘာအရေးအခင်းနောက်ပိုင်းမှာ ဒီလိုမျိုးတွေ ဖြစ်လာတဲ့အခါမှာ အိန္ဒိယက သူတို့ကိုယ်
တိုင် မြန်မာ့အရေးကို ရှေ့ဆောင်ပြီးလုပ်မယ်ဆိုတာမျိုး အတွေးအခေါ်မျိုးထက် ကုလ
သမဂ္ဂအနေနဲ့ လုပ်ဆောင်မယ်ဆိုရင် သူတို့အနေနဲ့ ထောက်ခံမယ်ဆိုတဲ့ အတွေးအခေါ် မျိုးမှာပါတယ်လို့ ကျနော်တို့မြင်တယ်။

“ဘာကြောင့်လဲဆိုတော့ အိန္ဒိယနိုင်ငံက ဦးဆောင်ပြီးတော့ မြန်မာ့အရေးကို လုပ်
ဆောင်မယ်ဆိုရင် သူတို့မှာ တခြားအကြောင်းအရာတွေ၊ အထူးသဖြင့် နိုင်ငံတကာ
ဆက်ဆံရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေမှာ ငဲ့ညှာစရာတွေ၊ ထောက်ပြုစရာ
တွေ ရှိတဲ့အတွက်ကြောင့် သူတို့ကမလုပ်ဘဲနဲ့ ကုလသမဂ္ဂလုပ်တာကိုပဲ ထောက်ခံနိုင်
သလောက် ထောက်ခံမယ်ဆိုတဲ့ သဘောမှာရှိတယ်လို့ ကျနော်မြင်ပါတယ်”
ကိုမွန်ပိ ရှင်းပြသွားတာဖြစ်ပါတယ်။

ပြည်ပရောက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ တော်တော်များများကတော့ မစ္စတာ
ဂမ်ဘာရီရဲ့ မြန်မာ့အရေးကြိုးပမ်းမှုတွေကို သိပ်ပြီးတော့ အားမရဘူးလို့ ပြောဆိုနေကြ
ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကရော မစ္စတာဂမ်ဘာရီရဲ့ လှုပ်ရှားမှုတွေ
ကို ဘယ်လိုသဘောထားသလဲဆိုတာသိရအောင် အဲန်အယ်လ်ဒီပါတီရဲ့ ပြောခွင့်ရ
ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။

အခုလိုမျိုး မစ္စတာဂမ်ဘာရီ မြန်မာ့အရေး ကြိုးစားနေတာနဲ့ပတ်သက်ပြီး အဲန်အယ်လ်ဒီ
ဘက်က နောက်ဆုံးအခြေအနေတွေအပေါ်မှာ သုံးသပ်ပြီးတော့ ဘယ်လိုသဘောထား
တွေရှိလဲဆိုတာ ရှင်းပြပေးပါ။
“မစ္စတာဂမ်ဘာရီက ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံအရေး ဝင်ရောက် ဆောင်ရွက်နေတာ ကျနော်တို့အဖွဲ့ချုပ်အနေနဲ့ အလွန်တန်ဖိုးထားပါတယ်။ အရေး
လည်းကြီးပါတယ်။ ကျနော်တို့ မနေ့က ဆွေးနွေးတဲ့အထဲမှာ နိုင်ငံတကာရော ကုလ
သမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းတွေက မြန်မာနိုင်ငံရဲ့ အရေးကိစ္စတွေမှာ အားပေးဆောင်ရွက်နေတာတွေဟာ အလွန်တန်ဖိုးကြီးပါတယ်လို့ ကျနော်တို့ ဆွေးနွေး
ဖြစ်ပါတယ်။ ဒါကြောင့် မစ္စတာဂမ်ဘာရီရဲ့ အခု အိန္ဒိယနိုင်ငံအပါအဝင် ဒီပတ်ဝန်းကျင်
နိုင်ငံတွေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သွားရောက်ဆွေးနွေးတာဟာ အရေးကြီးတဲ့
လုပ်ငန်းတခုလို့ ကျနော်တို့ လက်ခံထားပါတယ်”

ဒါပေမယ့် တချို့ နိုင်ငံတကာက ဝေဖန်သုံးသပ်သူတွေရဲ့ သဘောထားကတော့ မစ္စတာ
ဂမ်ဘာရီရဲ့ မြန်မာပြည်အရေး ကြိုးစားမှုမှာ လုပ်ပိုင်ခွင့်တွေက အကန့်အသတ်တွေရှိ
တယ်၊ ထူးခြားတဲ့တိုးတက်မှုတွေ ဖြစ်လာတာ သိသိသာသာ မတွေ့ရဘူးလို့ ပြောပါ
တယ်။ ဆရာတို့ဘက်က ဘယ်လိုမြင်ပါလဲ။
“အဲဒီလိုအကန့်အသတ်ရှိတဲ့ကြားထဲက မစ္စတာဂမ်ဘာရီရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ
ဟာ ထိရောက်မှုရှိတယ်၊ တိုးတက်မှုရှိတယ်၊ မြန်မာနိုင်ငံအရေးအတွက် အရေးကြီး
တယ်ဆိုတာ ကျနော်တို့လက်ခံထားပါတယ်”

ဆရာတို့မြင်တဲ့ ထိရောက်မှု၊ တိုးတက်မှုတွေဆိုတာ ဘယ်လိုအခြေအနေတွေကို
ပြောတာလဲခင်ဗျ။ ဥပမာပေးလို့ရရင် ပြောပြပေးပါ။
“၂၀၀၇ ခုနှစ်မှာ အစိုးရအဖွဲ့ကထုတ်ခဲ့တဲ့ ကြေညာချက် ၁/၂၀၀၇ မှာ ဒေါ်အောင်ဆန်း
စုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆိုပြုတင်ပြချက်သည် မစ္စတာဂမ်ဘာရီရဲ့ အကြံပြုချက် အရဖြစ်တယ်လို့ ဖော်ပြထားပါတယ်”

မနေ့တုန်းက ဆရာအပါအဝင် အဲန်အယ်လ်ဒီ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ဒေါ်အောင်
ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကရော သီးခြား မှတ်ချက်ပေးတာရှိသေးလားခင်ဗျ၊ မစ္စတာဂမ်ဘာရီနဲ့ပတ်သက်ပြီး။
“သီးခြားမှတ်ချက်တော့ မရှိပါဘူး။ ဆွေးနွေးချက်ထဲမှာတော့ ပါပါတယ်။ အားလုံး
ဆွေးနွေးကြတာပါ”

မစ္စတာဂမ်ဘာရီရဲ့ ကြိုးစားမှုတွေဟာ တိုးတက်မှုတွေရှိတယ်လို့ ဆရာတို့ဘက်က
ပြောပေမယ့် မနေ့က ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့အထဲမှာ မြန်မာစစ်အစိုးရ
ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုအပေါ်မှာ သူတော်တော်စိတ်ပျက်နေတဲ့ ကိစ္စ
တွေ ထည့်ပြောတယ်ဆိုတော့ ဒီအခြေအနေနှစ်ခုအပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လို သဘောပေါက်ပါသလဲခင်ဗျ။
“ကျနော်သဘောပေါက်တာက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခု တွေ့ဆုံဆွေးနွေးပွဲ
လုပ်ငန်းစဉ် ဆွေးနွေးနေတာ အားမရဘူး၊ အချိန်တွေ ကြာညောင်းလွန်းတယ်လို့ မြင်
တယ်။ သို့သော်လည်း ဒီလိုလုပ်ငန်းကို စတင်လုပ်ဖို့ ၁/၂၀၀၇ မှာ ဒေါ်အောင်ဆန်းစု
ကြည်နဲ့တွေ့ဆုံဖို့ ပြောကြားတာကိုက မစ္စတာဂမ်ဘာရီရဲ့ အကြံပြုချက်နဲ့ဖြစ်ပါတယ်။
အဲတော့ မစ္စတာဂမ်ဘာရီရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ ပြီးပြည့်စုံသွားပြီလို့ ကျနော်
တို့မဆိုလိုဘူး။ သို့သော်လည်း တစုံတရာ အတိုင်းအတာအထိ တိုးတက်မှုရှိတယ်ဆိုတာ
အဲဒီ ၁/၂၀၀၇ ရဲ့ကြေညာချက်အရ ပေါ်လွင်တယ်လို့ ကျနော် ဒီလိုပဲမြင်ပါတယ်”
အဲန်အယ်လ်ဒီပါတီက ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြသွားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG