သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာ့လွတ်လပ်ရေးနေ့ သဝဏ်လွှာ ပြည်သူလူထုအတွက် အဓိကရည်ရွယ်


ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ကာရဲလ်ရွှာဇင်
ဘာ့ဂ် (Karel Schwarzenberg) က မြန်မာနိုင်ငံ လွတ်
လပ်ရေးနေ့အတွက် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း
ထံကို လွတ်လပ်ရေးနေ့သဝဏ်လွှာ ပေးပို့ခဲ့ရာမှာ လွတ် လပ်ရေးဆုံးရှုံးနေကြတဲ့ မြန်မာပြည်သူတွေ လွတ်လပ်
ရေးကို လွတ်လွတ်လပ်လပ် ဆင်နွှဲနိုင်ကြဖို့နဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးပြီး စစ်မှန်တဲ့အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ သင့်မြတ်
ရေး ပြန်လည်ဖော်ဆောင်ဖို့အတွက် တိုက်တွန်းတောင်း
ဆိုလိုက်တယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ချက်သမ္မတနိုင်ငံသံရုံးက သတင်းကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံမှာရောက်နေတဲ့ ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ကာရဲလ်ရွှာဇင်ဘာ့ဂ်က မြန်မာနိုင်ငံရဲ့ နှစ် ၆၀
ပြည့် လွတ်လပ်ရေးနေ့သဝဏ်လွှာကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းထံကို ပေးပို့ခဲ့တာဖြစ်ပါတယ်။ မစ္စတာရွှာဇင်ဘာ့ဂ်ရဲ့သဝဏ်လွှာဟာ သံတမန်ဆက်ဆံရေး
အရ နိုင်ငံအချင်းချင်း အပြန်အလှန် ပုံမှန်ပေးပို့နေကြ သမားရိုးကျသဝဏ်လွှာမဟုတ်
ဘဲ ဒီကနေ့ မြန်မာလူထုရဲ့ လက်ရှိပကတိအခြေအနေကို ထင်ဟပ်စေတယ်လို့ ထိုင်း
နိုင်ငံ ဘန်ကောက်မြို့ရှိ ချက်သမ္မတနိုင်ငံသံရုံး အကြီးတန်းသံတမန်တဦးက ဗွီအိုအေ
ကို အခုလိုပြောပြပါတယ်။

“ကျနော်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီး ကာရဲလ်ရွှာဇင်ဘာ့ဂ်ရဲ့ ရည်ရွယ်ချက်ကတော့
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကနေတဆင့် မြန်မာပြည်သူလူထုထံကို အမှာ စကားပါးလိုက်တာပါပဲ။ သူ့ရဲ့သဝဏ်လွှာကို ဖတ်ကြည့်ရင် မြန်မာလူထု အတွက်ပဲ အဓိ
က ဦးစားပေးပြီး ပေးပို့တဲ့သဝဏ်လွှာဆိုတာ တွေ့ရပါလိမ့်မယ်” လို့ ပြောပြသွားတာ
ဖြစ်ပါတယ်။

ဒီကနေ့မြန်မာနိုင်ငံမှာ လွတ်လပ်မှုဆုံးရှုံးနေကြတဲ့ ပြည်သူတွေအပါအဝင် မြန်မာ
ပြည်သူလူထုအားလုံး လွတ်လပ်ရေးနေ့မှာ တကယ်စစ်မှန်တဲ့ လွတ်လပ်ရေးရဲ့ အနှစ်
သာရကို အဖြစ်နိုင်ဆုံးနဲ့ အမြန်ဆုံးရရှိစေလိုတဲ့ဆန္ဒကို ချက်သမ္မတ နိုင်ငံခြားရေး
ဝန်ကြီး ကာရဲလ်ရွှာဇင်ဘာ့ဂ်ရဲ့ သဝဏ်လွှာမှာ အလေးအနက် ဖော်ပြထားပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွှတ်ပေးဖို့ တောင်းဆိုလိုက်ပြီး ဒီမိုကရေစီရေး အင်အားစုအားလုံးရဲ့ ကိုယ်စားလှယ်တွေနဲ့ တကယ်စစ်မှန်တဲ့ အမျိုးသားပြန်လည်
သင့်မြတ်ရေး လုပ်ငန်းစဉ်ကို စတင်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ဒေါ်အောင်ဆန်း
စုကြည်နဲ့ ဒီမိုကရေစီရေးအင်အားစုတွေ အားလုံးပါဝင်တဲ့ အမျိုးသားပြန်လည်သင့်
မြတ်ရေး နည်းလမ်းဟာ မြန်မာလူထုနဲ့ ထိုက်တန်တဲ့နည်းလမ်းဖြစ်တယ်လို့ မစ္စတာ
ရွှာဇင်ဘာ့ဂ်က ယုံကြည်တဲ့အကြောင်းလည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

မစ္စတာရွှာဇင်ဘာ့ဂ်ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်းကို ဘန်ကောက်မြို့ ချက်သမ္မတနိုင်ငံ
သံရုံးရဲ့ အကြီးတန်းပုဂ္ဂိုလ်က အခုလိုပြောပြပါတယ်။
“သူ့ရဲ့ဘဝတလျှောက်လုံး နိုင်ငံခြားမှာပဲ နေခဲ့ရပြီး လူ့အခွင့်အရေးကို အကြီးအကျယ် လေးစားထောက်ခံတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံက သာမန်ပြည်သူ
လူထုအတွက် ဒီလိုအမှာစကားတွေပါးဖို့ သူဟာ လူမှန်နေရာမှန်မှာ အခုရောက်ရှိနေ
တာဖြစ်တယ်” လို့ ပြောပြသွားတာပါ။

သံတမန်ဆက်ဆံရေးနယ်ပယ်မှာ လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့ စတဲ့ နေ့ထူး
နေ့မြတ်တွေမှာ နိုင်ငံအချင်းချင်း အပြန်အလှန် သဝဏ်လွှာတွေ ပေးပို့ကြတာဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်ပါပဲလို့ စာရေးဆရာ အဝေးရောက်သံတမန်တဦးဖြစ်တဲ့
ဦးခင်မောင်ကြည်က ပြောပါတယ်။ ဒါပေမယ့် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး
ရွှာဇင်ဘာ့ဂ်ရဲ့ သဝဏ်လွှာကတော့ အပေါ်ယံသဘောမဟုတ်ဘဲ စေတနာပါတယ်လို့
ပြောပါတယ်။

“သဝဏ်လွှာပို့တာမှာ အဓိကကတော့ နှစ်နိုင်ငံချစ်ကြည်ရေးကို ဖော်ပြတဲ့၊ နှစ်နိုင်ငံရဲ့ ရှေ့အလားအလာ ဘယ်လိုဆက်ဆံမယ်ဆိုတဲ့ဟာ ဖော်ပြတဲ့၊ နှစ်နိုင်ငံရဲ့ ပြည်သူပြည်
သားတွေ ကောင်းကောင်းမွန်မွန်ဖြစ်ဖို့၊ ချမ်းချမ်းသာသာဖြစ်ဖို့၊ တိုးတက်ဖွံ့ဖြိုးဖို့ လိုလားတယ်ဆိုတာမျိုးကို ဖော်ပြတယ်။
“သူ့အနေနဲ့က အဲဒီအချက်တချက်မှာ မူတည်ပြီးတော့ မြန်မာပြည်သူပြည်သားတွေ
ခံနေရတဲ့ ဒုက္ခသုက္ခကို ကိုယ်ချင်းစာပြီးတော့ အဲလိုရေးတယ်ဆိုတာလည်း သူ့အနေနဲ့
က ရေးမယ်ဆိုရင် ရေးနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီသဝဏ်လွှာရဲ့အဓိပ္ပာယ်က အကြည်တော်ရဲ့တိုင်းပြည်မှာရှိတဲ့ ပြည်သူပြည်သားတွေကို ချမ်းချမ်းသာသာ၊
ကျန်းကျန်းမာမာ၊ လွတ်လွတ်လပ်လပ်ရှိအောင်ဆိုပြီး ဆုတောင်းတဲ့အပိုဒ်တွေပါတယ်။
မြန်မာပြည်မှာ လောလောဆယ် အတိဒုက္ခရောက်နေတယ်ဆိုတာ သူ့အနေနဲ့ ယုံကြည်
သုံးသပ်ပြီး စေတနာအပြည့်အဝနဲ့ အမှန်တရားကို ဖော်ပြရဲတဲ့ ချက်ရဲ့ နိုင်ငံခြားရေး
ဝန်ကြီးကို ချီးကျူးစရာလည်းကောင်းတယ်။ အပေါ်ယံနှမ်းဖြူးပြီး သူ့ရဲ့အလိုကိုလိုက်ပြီး ပြောတဲ့ဟာမဟုတ်ဘူး။ ပြည်သူပြည်သားတွေရဲ့အလို၊ ပြည်သူပြည်သားတွေရဲ့ အခြေ
အနေကို သူပြောတာ”

သမားရိုးကျသဝဏ်လွှာတွေနဲ့ ချက်သမ္မတ နိုင်ငံခြားရေးဝန်ကြီး ရွှာဇင်ဘာ့ဂ်ရဲ့သဝဏ်
လွှာကို နှိုင်းယှဉ်ပြီး ဒီသဝဏ်လွှာဟာ အနှစ်သာရရှိတယ်လို့လည်း ဦးခင်မောင်ကြည်
က သုံးသပ်လိုက်ပါတယ်။
“သဝဏ်လွှာတိုင်း၊ သဝဏ်လွှာတိုင်းမှာ ရှေ့မှာ ဘာပဲပြောပြော ကောင်းတာလေးတွေ
ကို ဖော်ပြတယ်။ အဆွေတော်ရဲ့နိုင်ငံ သာယာဝပြောပါစေ၊ ပြည်သူပြည်သားတွေ
ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာဖြစ်ပါစေ ဆိုတဲ့ဟာမျိုးတွေက အမြဲဖော်ပြလေ့ရှိ
တယ်။ သံတမန်လုပ်နည်းလုပ်ဟန်အရ ဆိုရင်တော့ ထူးခြားတယ်လို့ ထင်ရပေမယ့် မြန်မာပြည်အခြေအနေကလည်း ကမ္ဘာအရပ်ရပ်နဲ့မတူဘူး။ တော်တော်ထူးခြားနေတဲ့
နိုင်ငံဖြစ်တယ်။ အကုန်လုံးက သံဃာတွေလည်းဒုက္ခရောက်၊ သံတမန်တွေလည်း ဒုက္ခ
ရောက်၊ သံတမန်တွေက ရန်ကုန်မှာ၊ နေပြည်တော်မှာက အုပ်ချုပ်တဲ့လူတွေ၊ အကုန်
လုံး ကွင်းဆက်တွေက ပြတ်နေတယ်။ ကျနော် သံတမန်ဟောင်းတယောက်အနေနဲ့
ကြည့်မယ်ဆိုရင်တော့ စေတနာအပြည့်အဝနဲ့ ချက်နိုင်ငံအနေနဲ့ မြန်မာပြည်ကိုကူညီ
ချင်တယ်၊ ပြည်သူအပေါ်မှာ စေတနာရှိတယ်၊ အပေါ်ယံချစ်ကြည်တာ မဟုတ်ဘူး၊
အနှစ်သာရရှိတဲ့သဝဏ်လွှာလို့ ကျနော်သုံးသပ်ချင်တယ်”

မြန်မာပြည်သူလူထု ဒီကနေ့ခံစားနေရတဲ့ အကျပ်အတည်းတွေ၊ လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုခွင့် မရှိတာတွေ၊ ကိုယ့်ရဲ့ မွေးရာပါအခွင့်အရေးတွေကို ခုခံကာကွယ်
ပိုင်ခွင့် မရှိတာတွေကို အလေးအနက်ဖော်ပြထားတဲ့ သဝဏ်လွှာတစောင်ဖြစ်တာမို့ လေးစားမိတယ်လို့လည်း ဦးခင်မောင်ကြည်က ပြောပါတယ်။
“တိုင်းသူပြည်သားတွေရဲ့ သာယာဝပြောမှုကို အမြဲတမ်း ဆုတောင်းရတာပဲ။ သူ့အနေနဲ့
ဒါကိုတော့ အမှန်အကန် ဆုတောင်းတာပဲ။ အမှန်အကန်ပြောတာပဲ။ တကယ်တော့
တိုင်းပြည်မှာ ဒေါ်အောင်ဆန်းစုကြည်လည်း ဘာမှ ပုဒ်ထီး၊ ပုဒ်မ မတပ်ဘဲ အချုပ်ခံနေ
ရတယ်။ ကျနော်တို့ တိုင်းသူပြည်သားတွေလည်း နိုင်ငံရေး မလုပ်ဘဲနဲ့ နိုင်ငံရေး၊ နိုင်ငံ
ရေးဆိုပြီးတော့ လူ့အခွင့်အရေးလေးပြောတာနဲ့ကို အချုပ်ခံနေရတယ်။ ဒီလူတွေကို လွတ်လပ်စေချင်တဲ့စေတနာနဲ့ ချက်အနေနဲ့က ဝင်ပြီးတော့ ပြောတယ်ဆိုတာ တော်
တော်လေးကို လေးစားစရာကောင်းတဲ့ သဝဏ်လွှာလို့ ကျနော်သုံးသပ်ပါတယ်”

ချက်သမ္မတနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ကာရဲလ်ရွှာဇင်ဘာ့ဂ်ဟာ ၁၉၈၉ ခုနှစ်က ဥရောပကောင်စီက ချီးမြှင့်ခဲ့တဲ့ လူ့အခွင့်အရေးဆုရှင် ဖြစ်ပါတယ်။ သူ့ကို ၁၉၃၇ ခုနှစ်
က ချက်ကိုစလိုဗက်ကီးယားနိုင်ငံ ပရတ်ဂ် (Prague) မြို့မှာ မွေးဖွားခဲ့ပြီး ၁၉၄၈ ခုနှစ်
မှာ သြစတြီးယားနိုင်ငံကို မိသားစုနဲ့ နှင်ထုတ်ခြင်းခံခဲ့ရပါတယ်။ ၁၉၈၉ ခုနှစ်မှာတော့ ချက်သမ္မတနိုင်ငံကိုပြန်လာခဲ့ပြီး သမ္မတ ဗားဆလတ်ဟာဘဲလ် (Vaclav Havel)
လက်ထက်မှာ ချန်စလာအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ
မှာ ချက်သမ္မတနိုင်ငံရဲ့ အထက်လွှတ်တော်အမတ်တဦး ဖြစ်လာခဲ့ပါတယ်။

အီးယူ ဥရောပသမဂ္ဂ အထက်လွှတ်တော် ကော်မတီဝင်၊ နေတိုးအဖွဲ့ဆိုင်ရာ ကိုယ်စား
လှယ် စသဖြင့် တာဝန်တွေ အသီးသီးထမ်းဆောင်ခဲ့ပြီး ၂၀၀၇ ခုနှစ် ဇန်နဝါရီလကစပြီး ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ မစ္စတာ ကာရဲလ်ရွှာဇင်ဘာ့ဂ်ဟာ ချက်သမ္မတဟောင်း ဗားဆလတ်ဟာဘဲလ်နည်းတူ မြန်မာ့ဒီမို ကရေစီရေးအတွက် အစဉ်တစိုက် အားပေးနေသူဖြစ်ပါတယ်။

အခုလို ချက်သမ္မတနိုင်ငံရဲ့ သဝဏ်လွှာပေးပို့ချက်နဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကတော့ အခုလို သုံးသပ်ပါတယ်။
“ချက်နိုင်ငံကနေပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးထံကိုပို့တဲ့ အကြောင်းအရာပါကိစ္စ
အားလုံးဟာ ကျနော်တို့ မြန်မာပြည်သူတွေ တကယ်လိုလားနေတဲ့ကိစ္စပါ။ မြန်မာပြည်
မှာ နိုင်ငံလွတ်လပ်တယ်ဆိုပေမယ့် ပြည်သူတွေမလွတ်လပ်ဘူးဆိုတာ တကမ္ဘာလုံး
လည်းသိတယ်။ မလွတ်လပ်တဲ့ကိစ္စကို လွတ်လပ်အောင် ဆောင်ကြဉ်းပေးဖို့ အဆိုပြု အကြောင်းကြားတာကို ကြိုဆိုပါတယ်လို့ ပြောချင်ပါတယ်”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်း ပြောသွားတာဖြစ်ပါတယ်။

XS
SM
MD
LG