သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန် ရေတပ်စစ်သင်္ဘောများကို အီရန် သင်္ဘောများ ရန်စနှောင့်ယှက်


အာရေဗျပင်လယ် ဟော်မုဇ် (Hormuz)
ရေလက်ကြားမှာ တနင်္ဂနွေနေ့ အစောပိုင်း
က အီရန်သင်္ဘောငယ် ၅ စင်းဟာ အမေရိ
ကန်ရေတပ် စစ်သင်္ဘောတွေနား ရန်စတဲ့
ပုံစံနဲ့ ချဉ်းကပ်လာကြလို့ အမေရိကန်ဘက်
က ပစ်ခတ်ရမလိုတောင် ဖြစ်ခဲ့ရတယ်လို့ အမေရိကန်စစ်ဌာနချုပ်က ပြောဆိုပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အီရန်အစိုးရအနေနဲ့
ဖြေရှင်းဖို့ အမေရိကန်အစိုးရက တောင်းဆိုပါ
တယ်။ အပြည့်အစုံကို ဗွီအိုအေသတင်း
ထောက် Al. Pessin ပင်တဂွန်စစ်ဌာနချုပ်က သတင်းပေးပို့ထားတာကို မအေးသန္တာ
ကျော်က တင်ပြထားပါတယ်။

တနင်္ဂနွေနေ့ အရုဏ်တက်ချိန်လောက်က နိုင်ငံတကာရေပိုင်နက်ဖြစ်တဲ့ ဟော်မုဇ်
ရေလက်ကြား ကျဉ်းကျဉ်းလေးထဲမှာ အီရန်သင်္ဘောတွေ အမေရိကန်သင်္ဘောတွေနား
ကို အရှိန်ပြင်းပြင်းနဲ့ မောင်းလာကြပြီး ရန်စမှုမျိုးတွေလုပ်တာ၊ ရေဒီယိုနဲ့ ဆက်သွယ်မှု
မျိုးတွေ လုပ်ခဲ့ကြတယ်လို့ အရာရှိတွေက ပြောပါတယ်။ အသေးစိတ်ကို ပင်တဂွန်
စစ်ဌာနချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဘရိုင်ယန်ဝှစ်တ်မန် (Bryan Whitman) က အခုလို
ပြောပါတယ်။
“အဲဒီနေ့က ကျနော်တို့ အမေရိကန် ရေတပ်သင်္ဘောသုံးစင်း ဟော်မုဇ်ရေလက်ကြားက
ထွက်ခွာဖို့ ခုတ်မောင်းနေတုန်း အရှိန်ပြင်းပြင်းနဲ့မောင်းလာတဲ့ သင်္ဘောငါးစင်း ချဉ်း
ကပ်လာပါတယ်။ အဲဒီသင်္ဘောတွေဟာ အီရန်သင်္ဘောတွေဖြစ်တာ တွေ့ရပါတယ်။ တချို့သင်္ဘောတွေမှာလည်း လက်နက်တွေပါတာ တွေ့ရပါတယ်။ ပြီးတော့ ရန်စတဲ့ပုံစံ
မျိုးနဲ့ သူတို့သင်္ဘောတွေကို မောင်းနှင်ကြပါတယ်”

အီရန်သင်္ဘောတွေဟာ အမေရိကန်သင်္ဘောတွေနားကို အရှိန်နဲ့ကပ်လာပြီး ရေထဲကို
လည်း ဘာပစ္စည်းတွေမှန်းမသိ ပစ်ချကြတယ်၊ ရေဒီယိုအသံလွှင့်စက်ကလည်း အမေ ရိကန်သင်္ဘောတွေကို နှစ်မိနစ်အတွင်း ပေါက်ကွဲလိမ့်မယ်လို့ ပြောဆိုကြောင်း အမေရိ
ကန်ရေတပ်က ပြောပါတယ်။ အဲဒီလို အီရန်သင်္ဘောတွေရဲ့ အပြုအမူကြောင့် အမေရိ
ကန် သင်္ဘောတွေဘက်က တုံ့ပြန်ရတာလို့ မစ္စတာဝှစ်တ်မန်က ဆိုပါတယ်။
“ဒါကြောင့် ကျနော်တို့သင်္ဘောတွေဘက်ကလည်း သတိပေးတာ ပြန်လုပ်ရပြီး အသင့်
ဖြစ်တဲ့သဘော လှုပ်ရှားမှုတွေ ပြန်လုပ်ရပါတယ်။ အမေရိကန် ရေတပ်သင်္ဘောတွေ
ဘက်က လိုအပ်သလိုတုံ့ပြန်ဖို့ အသင့်ပြင်ပေမယ့် အီရန်သင်္ဘောဘက်က ဘာမှ
လုပ်မလာပါဘူး”
မစ္စတာဝှစ်တ်မန် ပြောသွားတာပါ။

သူက ဒီ့ထက်ပိုပြီး အသေးစိတ်မပြောပြဘဲ လုံခြုံရေးအတွက်ကြောင့်ပါလို့ ဆိုပါတယ်။
ဒါပေမယ့် အမေရိကန် ရေတပ်သင်္ဘောတစင်းပေါ်က တပ်မှူးကြီးက သူ့လူတွေကို အီရန်သင်္ဘောတွေဆီက တစင်းကို ပစ်မိန့်ပေးတော့မယ်ဆိုတဲ့ အချိန်မှာပဲ အဲဒီ
သင်္ဘောက လှည့်ထွက်သွားတယ်လို့ တခြားအရာရှိတွေက ပြောပါတယ်။ ပေါက်ကွဲမှု ဖြစ်တယ်ဆိုတဲ့သတင်းမျိုးတော့ မရရှိဘဲ အမေရိကန်သင်္ဘောတွေမှာလည်း ဒဏ်ရာရ
တာ၊ ထိခိုက်တာမရှိဘူးလို့ မစ္စတာဝှစ်တ်မန်က ဆိုပါတယ်။

အဲဒီလို နှစ်ဖက်ရင်ဆိုင်ရတာ မိနစ်နှစ်ဆယ်လောက်ကြာခဲ့ပြီး အမေရိကန်သင်္ဘောတွေ
က ပါရှန်းပင်လယ်ကွေ့မှာ ညွန့်ပေါင်းတပ်တွေနဲ့ပေါင်းဖို့ အသွားမှာ ဖြစ်တာပါ။ ဒီလို အီရန်တို့ရဲ့လုပ်ရပ်ဟာ ရန်စတဲ့လုပ်ရပ်မျိုးဖြစ်တယ်၊ ဒီလို အန္တရာယ်များနိုင်တဲ့လုပ်ရပ်
မျိုးတွေ မလုပ်သင့်ဘူးလို့ အိမ်ဖြူတော်က ပြောပါတယ်။ မစ္စတာ ဘရိုင်ယန်ဝှစ်တ်မန်
ကလည်း ပင်တဂွန်စစ်ဌာနချုပ်မှာ ဒီပြောကြားချက်နဲ့ ခပ်ဆင်ဆင်မျိုး ထပ်ပြောသွားပါ
တယ်။
“ဒီကိစ္စက ပေါ့ပေါ့တန်တန်ကိစ္စ မဟုတ်ပါဘူး။ ဂရုမစိုက်ဘဲလုပ်တာ၊ မဆင်မခြင်လုပ်
တာပါ။ ရန်စတဲ့ပုံစံမျိုးနဲ့ သင်္ဘောကို မောင်းနှင်ခဲ့ပါတယ်။ သူတို့ ဘာကိုရည်ရွယ်သလဲ
တော့ မသိပါဘူး။ သေချာတာကတော့ သူတို့လုပ်ရပ်ကို သူတို့ ရှင်းပြမှရပါမယ်။ ဒီလို
လုပ်ရပ်မျိုးကို နောက်တခါထပ်လုပ်လို့ မရပါဘူး”
ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဘရိုင်ယန် ၀ှစ်တ်မန် ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနဟာ တခြားအမေရိကန်အစိုးရ အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး
အီရန်ဆီက ဖြေရှင်းချက်ရဖို့ လုပ်ဆောင်သွားမယ်လို့ မစ္စတာဝှစ်တ်မန်က ပြောပါ
တယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ အန္တရာယ်ဖြစ်နိုင်ချေ ရှိတာဆိုရင် အီရန်ရဲ့
လုပ်ရပ်ကို ထိပ်တိုက်ရင်ဆိုင်ရမှာပဲ၊ ဒီလိုမျိုးမူဝါဒကိုလည်း ဒေသတွင်းထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရထားပြီးသားလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်
ရှောင်မက်ကောမက် (Sean McCormack) က ပြောပါတယ်။

မစ္စတာမက်ကောမက်က ဆက်ပြီး အီရန်အစိုးရအနေနဲ့ နိုင်ငံတကာရေးရာတွေမှာ ပိုပြီးအပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှာ ရပ်တည်နိုင်တဲ့ ကိစ္စရပ်မျိုးဆိုရင်တော့ အမေရိကန်ပြည်ထောင်စုက ထောက်ခံပါတယ်လို့လည်း ပြောပါတယ်။

တနင်္ဂနွေကဖြစ်ရပ်မှာ ပါဝင်တဲ့ အီရန်သင်္ဘောတွေဟာ အီရန်တော်လှန်ရေး စောင့်ရှောက်မှုတပ်ကဖြစ်ပြီး သာမန်စစ်တပ်ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာ မရှိပါ
ဘူး။ အဲဒီတော်လှန်ရေးတပ်က အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်တွေကို ထိပ်တိုက်ရင်ဆိုင်တဲ့နည်းမျိုး ပိုပြီး အသုံးပြုပါတယ်။ အဲဒီသင်္ဘောတွေမှာ အများ
အားဖြင့် စက်သေနတ်တွေ တပ်ဆင်ထားပါတယ်။

အခုဖြစ်ရပ်နဲ့အလားတူပြီး ဒီတခေါက်လောက် ပြင်းပြင်းထန်ထန်မဟုတ်တဲ့ အီရန် တော်လှန်ရေးတပ်နဲ့ ရင်ဆိုင်ရတဲ့ ဖြစ်ရပ်မျိုးတွေ အရင်က ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အီရန်ရေတပ်ကတော့ ဒီလိုလုပ်ရပ်မျိုးတွေ မလုပ်ဆောင်ပါဘူးလို့ အမေရိကန်
အရာရှိတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG