သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂြိုဟ်တုစလောင်း လိုင်စင်ကြေးတိုးမြှင့်မှု ယာယီရပ်ဆိုင်း


မြန်မာနိုင်ငံထဲမှာ အသုံးပြုနေကြတဲ့ ဂြိုဟ်တုစလောင်း မှတ်ပုံတင်ကြေးတွေကို မကြာသေးခင်ကဘဲ အဆမ
တန် မြှင့်တင်လိုက်တဲ့အတွက် ကျယ်ကျယ်
လောင်လောင် ပြောဆိုနေချိန်မှာပဲ ဒီကိစ္စကို အခုတော့
ယာယီဆိုင်းငံ့လိုက်တယ်လို့ သိရပါတယ်။ ဂြိုဟ်တု
စလောင်း အသုံးပြုသူတွေကို ဆက်သွယ်မေးမြန်းစုံစမ်း
ထားတဲ့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

အာဏာပိုင်တွေက ဂြိုလ်တုရုပ်မြင်သံကြားအသုံးပြုခွင့် နှစ်စဉ်လိုင်စင်ကြေးတွေ မူလ
က ခြောက်ထောင်ပေးဆောင်နေရာက တသန်းအထိ တိုးမြှင့်ကောက်ခံဖို့ ပြီးခဲ့တဲ့
အပတ်ထဲကမှ ထွက်ပေါ်လာတဲ့ အစီအစဉ်ကို အခုအခါမှာ ယာယီရပ်ဆိုင်းထားဖို့
ညွှန်ကြားချက် ထပ်မံထုတ်ပြန်လိုက်တာလို့ ဒီရက်ပိုင်းအတွင်းမှာပဲ လိုင်စင်ကြေး ပေးဆောင်ရာဌာနကို သွားရောက်စုံစမ်းခဲ့သူတွေက ပြောကြတာပါ။ မကြာသေးခင်
ကမှ နှုန်းထားတွေကို ရုတ်တရက် အဆရာကျော် တိုးမြှင့်လိုက်တာကြောင့် အသုံးပြု
သူတွေအကြား မကျေမနပ်သံတွေ ကြားနေရချိန်မှာပဲ အခုလို သတင်းထွက်လာတာ
လည်း ဖြစ်ပါတယ်။ လိုင်စင်ကြေး ကောက်ခံရာဌာနကို မနေ့တုန်းကမှ သွားရောက်
စုံစမ်းခဲ့တဲ့ ပဲခူးမြို့ခံတဦးကတော့ …
“အခု ဇန်နဝါရီရောက်ပြီဆိုရင် ကျမတို့က ဆောင်ရတော့မှာပေါ့။ ဆောင်ဖို့ ကျမ
မေးခဲ့တာ။ ကျမတို့က ဒီဆယ်သိန်းကို မဆောင်ဘူး၊ ပြန်အပ်မယ်ပေါ့။ အပ်မယ်
ဆိုတော့ သူက မဟုတ်သေးဘူးတဲ့။ ခဏရပ်ထားတယ်တဲ့၊ အားလုံး။ ပိုက်ဆံဆယ်သိန်း ဆောင်တာရော၊ ပစ္စည်းအပ်တာရော အားလုံးရပ်ထားသေးတယ်။ ဆယ်သိန်းဆိုရင်
တော့ လူတွေက အကုန်အပ်ကြမယ်ပေါ့။
“ကျမက ပထမဆုံးလုပ်တဲ့လူဆိုတော့ တသောင်းပေးရတယ်။ တသောင်းပေးပြီး
နောက်ပိုင်းကျတော့ ခြောက်ထောင် ခြောက်ထောင်ပဲ ပေးရတယ်။ ပထမနှစ်
တသောင်းပေါ့၊ နောက်နှစ်လုပ်တဲ့လူကျတော့ လေးသောင်းပေးရတယ်။ လေးသောင်း
ပေးပြီး ခြောက်ထောင် ခြောက်ထောင်ပဲ။ တကယ်လို့ ခိုးပြီးတပ်ထားတာ မိလို့ရှိရင် ထောင်သုံးနှစ်ချမယ်။ အဲလိုပါတယ်။ သူတို့က အဲဒီ အော်ဒါက သုံးရက်ပဲခံတယ်တဲ့။
သုံးရက်ပြီးတော့ ရုံးက နောက်ထပ် ဘာအော်ဒါထပ်ထွက်လဲဆိုတော့ ပိုက်ဆံလည်း
လက်မခံနဲ့ဦး၊ ပစ္စည်းအပ်လည်း လက်မခံနဲ့ဦး။ ဘာမှမလုပ်နဲ့ဦး၊ ရပ်ထားဆိုလို့ သူတို့ အကုန်ရပ်ထားတယ်တဲ့။ အဲလိုပြောတယ်။
“ကျမတို့အခု လိုက်မေးသလောက်ကတော့ ကြည့်သမားတွေ အကုန်လုံးကတော့
သူတု့ိ အပ်မှာပဲ။ သူတို့ပြောတော့ ခဏစောင့်ကြည့်ပါဦးတဲ့။ နှုတ်မိန့်ရော၊ အော်ဒါရော ဘာမှမလာသေးလို့ အထက်မှာ အစည်းအဝေး ထိုင်နေတဲ့သဘောရှိတယ်လို့ ပြောပါ
တယ်။ မနေ့က ကျမသွားခဲ့တုန်းက၊ သူက တပတ်လောက်စောင့်ကြည့်ပါဦးတဲ့၊ တလ
လုံး အချိန်ရှိသေးတယ်။ ဒီတလအတွင်း ဆောင်ရမှာဆိုတော့တဲ့။ အချိန်ရှိပါသေးတယ်
တဲ့။ အဲလိုတော့ပြောတယ်။
“အစက ဇန်နဝါရီ ၃၁ ဆို ကျမတို့သက်တမ်းကုန်ပြီ။ အဲဒါကြောင့် ဆောင်ဖို့ပေါ့။ အဲဒီ
ထက်ကျော်ရင် ကျမတို့ကို ဒဏ်ရိုက်တာပေါ့။ ဒါပေမယ့် အခုတော့ သူက ခဏထပ်
စောင့်ကြည့်ပါဦးတဲ့။ အထက်က ဘာမှ စာလည်းမပို့သေးဘူး၊ အကြောင်းကြားစာ
မပါသေးဘူးပေါ့။ ကျမက ပထမတုန်းက စာပို့လို့လားဆိုတော့ အဲလိုမဟုတ်ဘူးတဲ့၊
နှုတ်မိန့်နဲ့ အော်ဒါပေးတာတဲ့။ အဲလိုပြောတာ”

ဘာအကြောင်းကြောင့်ဆိုတာ တိတိကျကျ ရှင်းမပြပေမယ့် လိုင်စင်ကြေးဆောင်တာ
တွေကို ခေတ္တရပ်ဆိုင်းထားဖို့ အထက်က ညွှန်ကြားချက်အရ အခုအချိန်မှာ လက်မခံ
ဘဲ ငြင်းပယ်ခဲ့တာလို့ ရန်ကုန်မြို့က အိမ်ရှင်မတဦးကလည်း ဆိုပါတယ်။
“အခု ကျမတို့ သွားဆောင်တဲ့အခါ သူတို့က အခုလာဆောင်တဲ့ဟာတွေကို ဆိုင်းငံ့ထား
ပါတယ်တဲ့။ ဆယ်သိန်းလည်းလက်မခံသေးပါဘူးတဲ့။ ဆိုင်းငံ့ထားတယ်ပဲ ပြောလိုက်ပါ
တယ်။ ဘာကြောင့်လို့ သူတို့မပြောပါဘူး၊ ဆိုင်းငံ့ထားတယ်ပဲပြောပါတယ်”

အခုလို လိုင်စင်ကြေးတွေ ရုတ်တရက်တိုးမြှင့်လိုက်တဲ့ကိစ္စကို ဒီလဆန်းပိုင်းကမှ နှစ်စဉ်
ကြေးပေးဖို့ သက်ဆိုင်ရာဌာနတွေကို သွားရောက်တော့မှသာ ဂြိုဟ်တုစလောင်း အသုံး
ပြုသူတွေက သိခဲ့ကြရတာပါ။ မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်ကတော့ ဒီလို တိုးမြှင့်ကောက်ခံတဲ့အကြောင်း တရားဝင် ထုတ်ပြန်ကြေညာတာမျိုးမရှိသလို အခုလို ဆိုင်းငံ့လိုက်တယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့လည်း တစုံတရာပြောဆိုထားတာတော့ မရှိ
ပါဘူး။

ဒီလိုအခြေအနေမှာ အခုလိုဆောင်ရွက်လိုက်တာဟာ ပြည်ပရုပ်သံနဲ့ အသံလွှင့်
ဌာနတွေက သတင်းတွေ အထူးသဖြင့် မကြာသေးခင်က သံဃာတော်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေနဲ့ပတ်သက်တဲ့ သတင်းတွေကို ဂြိုဟ်တုရုပ်သံနဲ့ ရေဒီယိုတွေကတဆင့် လွတ်လွတ်လပ်လပ် နားထောင်ခွင့်ရခဲ့တာတွေကြောင့် ဒီလိုအခြေအနေတွေကို မြန်မာ အာဏာပိုင်တွေဘက်က ပိတ်ပင်ဖို့ ကြိုးပမ်းချက်တရပ်လို့ သတင်းလွတ်လပ်ခွင့်လှုပ်ရှား
သူတွေက ရှုမြင်ထားကြတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG