မြန်မာနိုင်ငံမှာ စစ်အစိုးရက ဒီမိုကရေစီအတွက် ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကြေငြာထားပေမယ့် ဘာမဟုတ်တဲ့ အကြောင်းပြချက် လေးတွေနဲ့ စာနယ်ဇင်း တချို့ကိုလည်း ပိတ်ပင်နေပါတယ်။ အခုလို စာနယ်ဇင်းတွေ ပိတ်ပင်တာဟာ ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် အထောက်အပံ့ ဖြစ်နိုင်ပါရဲ့လား၊ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲတခုတည်းနဲ့ ဖြစ်နိုင်ပါရဲ့လား ဆွေးနွေးထားပါတယ်။