သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရဆန္ဒပြမှုများ ထိုင်းနိုင်ငံမှာ အရှိန်အဟုန်မြင့်လာ


ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို
ရဲကနှိမ်နင်းရင်း လူ ၆၉ ယောက်ထက်မနည်း
ဒဏ်ရာရသွားကြလို့ သူ့မှာတာဝန်ရှိတယ်ဆိုပြီး
ဒုတိယဝန်ကြီးချုပ် ချာဗာလစ် ယောင်ချိုင်ယုဒ်
(Chavalit Yongchaiyudh) ရာထူးက နုတ်ထွက်
သွားပါတယ်။

ဆန္ဒပြသူများနဲ့ ရဲတို့ ပဋိပက္ခဖြစ်ပွားနေစဉ်
ဘန်ကောက်မြို့လယ်မှာ ဒီနေ့ ကားထောင်ဗုံး
ပေါက်ကွဲလို့ အမျိုးသမီးတယောက် သေဆုံးသွား
ပါတယ်။ ဆန္ဒပြသူများနဲ့ ကားထောင်ဗုံးပေါက်ကွဲမှု
တစုံတရာ ပတ်သက်မှုရှိမရှိ လောလောဆယ်
မသိရသေးပါဘူး။

ထိုင်းနိုင်ငံ ပါလီမန်အဆောက်အဦးရှေ့မှာ အင်္ဂါနေ့
က ဆန္ဒပြကြသူများအား လူစုခွဲတဲ့နေရာမှာ အင်အားမသုံးဖို့ ဒုတိယဝန်ကြီးချုပ်က
အမိန့်ပေးခဲ့ပေမယ့် ဒဏ်ရာရကုန်ကြပါတယ်။ ဆန္ဒပြသူများ ထိခိုက်ဒဏ်ရာ မရကြရ
အောင် ရဲက မလုပ်ဆောင်နိုင်ခဲ့ကြဘူးလို့ ချာဗာလစ် ယောင်ချိုင်ယုဒ်က သူ့ရဲ့နုတ်ထွက်
စာထဲမှာ ဖော်ပြထားပါတယ်။

ဆန္ဒပြသူဦးရေက ထောင်ပေါင်းများစွာရှိလို့ ရဲအင်အားထက် ပိုမိုများပြားနေပြီး ရဲက
မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲတဲ့အခါ ဆန္ဒပြသူတွေက မီးရှူးမီးပန်းလို့ ထင်ရတဲ့ ပေါက်ကွဲ
ပစ္စည်းများနဲ့ ပြန်လည်ပစ်ပေါက်ပြီး တွန်းလှန်ပစ်လိုက်တယ်လို့ ဆိုပါတယ်။

အတိုက်အခံ ဒီမိုကရက်တစ်ပါတီက သပိတ်မှောက်ထားလင့်ကစား ဝန်ကြီးချုပ်
ဆွန်ချိုင်း ဝေါင်ဆာဝပ် (Somchai Wongsawat) က ဝါဒသဘောထားမိန့်ခွန်း
ပြောကြားရာသို့ လွှတ်တော်ကိုယ်စားလှယ်များ မတက်ရောက်နိုင်အောင် ပါလီမန်ရှေ့
မှာ ကန့်ကွက်ဆန္ဒပြသူများက ပိတ်ဆို့ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရဲ့
မိန့်ခွန်းထဲမှာတော့ အဲဒီအကြောင်း လုံးဝမပါပါဘူး။

ဒီမိုကရေစီရရှိရေး ပြည်သူ့မဟာမိတ်အဖွဲ့က ဦးဆောင်ကာ ဆက်လက်ဆန္ဒပြသွားမယ်
လို့ ဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG