ကမ္ဘာ့စတော့ခ်ဈေးကွက်မှာ
မနေ့ကစပြီး အကြီးအကျယ် အရှုံးပေါ်ခဲ့ပြီးနောက် ဒီနေ့မှာ
လည်း မရေမရာ ဆက်ပြီးဖြစ်နေသေးကြောင်း
ဆက်ပြီးပြသနေပါတယ်။ ဥရောပ
စတော့ခ်ဈေးကွက်မှာ အတက်ဈေးနဲ့ ဖွင့်လိုက်ပေမယ့်
ချက်ချင်းပဲ ပြန်ကျသွားပါတယ်။
တနင်္လာနေ့တုန်းကတော့
ဥရောပမှာ စတော့ခ်ဈေးနှုန်းဟာ တနေ့ထဲ အရှုံးအများဆုံး
အဖြစ် စံချိန်တင်ခဲ့ပါတယ်။
အာရှဈေးကွက်မှာတော့ စောစောပိုင်းက အရှုံးနဲ့စတင်ခဲ့
ပေမယ့် သြစတြေးလျ ဗဟိုဘဏ်က
မျှော်လင့်ထားတာထက်ပိုပြီး အတိုးနှုန်း
ဖြတ်တောက်ကြောင်း ကြေညာလိုက်လို့ ပြန်တက်လာပါတယ်။
အလားတူ
တခြား ဗဟိုဘဏ်များကလည်း အတိုးနှုန်းတွေ ဖြတ်တောက်လိမ့်မယ်၊
ငွေဈေးနှုန်းဈေးကွက်မှာ
အကျပ်အတည်း လျော့ပြေစေမယ်လို့ ရင်းနှီးမြှုပ်နှံသူများက
မျှော်လင့်နေလို့
အဲဒီလိုဖြစ်တာလို့ ဆန်းစစ်သူများက ထောက်ပြကြပါတယ်။
ဂျပန်နိုင်ငံရဲ့
နစ်ကီအညွှန်း မနေ့က ၄% ကျခဲ့ရာက ဒီနေ့ ၃% ပဲကျပြီး သြစတြေးလျ
မှာ ရှယ်ယာတွေ ၂%
တက်လာပါတယ်။ ထိုင်ဝမ်၊ စင်ကာပူနဲ့ တောင်ကိုရီးယားတို့မှာ
လည်း တက်ခဲ့ပါတယ်။
အောက်ရောက်လို့ လေးနှစ်အတွင်း အနိမ့်ဆုံးဖြစ်ပါတယ်။ နယူးယောက်ခ်မြို့ ရေနံ
ဈေးနှုန်းကတော့ ရှစ်လအတွင်း အနိမ့်ဆုံးအဖြစ် တပီပါကို ဒေါ်လာ ၉၀ အောက်
ရောက်သွားပါတယ်။