ထိုင်းစစ်တပ်များ
ချထားတာဟာ ရဲရဲ့အကူ
အညီတောင်းခံလို့ ကူညီဖို့အတွက်သာ
ဖြစ်တယ်၊
လက်နက်မကိုင်ထားကြပါဘူးလို့
စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ရှင်းလင်းပြောဆို
ပါတယ်။
ထိုင်းနိုင်ငံ
ဘန်ကောက်မြို့မှာ အစိုးရဆန့်ကျင်
ရေး ဆန္ဒပြသမားများနဲ့ လုံခြုံရေးတပ်ဖွဲ့များ
ပဋိပက္ခ ဖြစ်ပွားနေစဉ် မသင်္ကာဖွယ် ကားဗုံး
ပေါက်ကွဲလို့ အမျိုးသမီးတယောက်
သေဆုံး
သွားပါတယ်။ ဒီဗုံးပေါက်ကွဲမှုနဲ့ ပါလီမန်ကို
ဝိုင်းပြီး ဆန္ဒပြနေကြတဲ့
ထောင်ပေါင်းများစွာသော ဆန္ဒပြသမားများ ပတ်သက်ခြင်း
ရှိမရှိ မသိရသေးဘူးလို့
အစိုးရတာဝန်ခံများက ပြောဆိုကြပါတယ်။
ပါလီမန်လွှတ်တော်ထဲ
ဝန်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝပ် (Somchai Wongsawat)
မိန့်ခွန်းပြောရာသို့ လွှတ်တော်ကိုယ်စားလှယ်များ မတက်နိုင်အောင် အစိုးရဆန့်ကျင်
ရေး
ဆန္ဒပြသမားများက လွှတ်တော်ကို ဝိုင်းရံပိတ်ဆို့ထားတာဖြစ်လို့ ရဲက ထပ်တလဲလဲ
မျက်ရည်ယိုဗုံးများသုံးကာ လူစုခွဲရပါတယ်။
ဝန်ကြီးချုပ်အဖြစ်က
ဖယ်ရှားခံလိုက်ရတဲ့ သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra)
နဲ့ နီးစပ်တဲ့
ဒီရွေးကောက်တင်မြှောက်ခံအစိုးရ ဆင်းပေးဖို့ လူထောင်ပေါင်းများစွာတို့က
ဘန်ကောက်မြို့ရှိ အစိုးရရုံးဝင်းကို သိမ်းပိုက်ပြီး ဆန္ဒပြနေတာ တလကျော်သွားပါပြီ။
ဒီနေ့ပဋိပက္ခဟာ ဒီကာလအတွင်း အဆိုးဝါးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
ဘူးလို့ ငြင်းဆန်ကြောင်း သတင်းရရှိပါတယ်။