၁၉၃၀ခုလို နှစ်များအတွင်း စီးပွားရေး
ကပ်ဆိုက်မှုကြီးမျိုးဆီကို ကမ္ဘာ့စီးပွားရေး ဦးတည်နေပြီလို့ ငွေရင်းနှီး
မြုပ်နှံသူများက စိုးရိမ်နေကြတဲ့အတွက် ကမ္ဘာ့ ငွေကြေး ဈေးကွက်မှာ ဒီနေ့ ဆက်ပြီး
ကျဆင်းနေပါတယ်။ အဲဒါကို ကယ်တင်နိုင်ရေး အမေရိကန်နဲ့ ဥရောပ နိုင်ငံများရဲ့
ဗဟိုဘဏ်များက အတိုးနှုန်း ဖြတ်တောက် နေကြပါတယ်။ အမေရိကန် ဗဟိုဘဏ်က နောက်ထပ် .၀၅%
ဖြတ်တောက်ကြောင်း ကြေညာလိုက်ပါတယ်။
အင်္ဂ
ါနေ့ အမေရိကန် နိုင်ငံ Wall Streetဈေးကွပ်မှာ အကြီးအကျယ် ရှုံးခဲ့ပြီးတဲ့နောက်
ဂျပန်နိုင်ငံရဲ့ စတော့ အရောင်းအ၀ယ်မှာလည်း ၉ရာခိုင်နှုန်းကျော် ကျသွားလို့
၁၉၈၇ခုနှစ် နောက်ပိုင်း တနေ့တည်း အများဆုံး ဈေးကျတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့
တိုယိုတာ မော်တော်ကား လုပ်ငန်းက အမြတ် ၄၀% ဒေါ်လာ ၁၃ဘီလီယံဖိုး အရှုံးခံမယ်ဆိုတဲ့
သတင်းကြောင့် အဲဒီလို အရောင်းကျတာလို့ ဆိုပါတယ်။ ဟောင်ကောင် ဟန်ဆန်း ၈%အရှုံးပေါ်ပြီး
အင်ဒိုနီးရှား နိုင်ငံ မှာတော့ မနက်ပိုင်းမှာတင် ၁၀%ကျလို့ အရောင်းအ၀ယ်ကို
ရပ်လိုက်ရပါတယ်။
ဗြိတိန်နိုင်ငံရဲ့ အဌမ အကြီးဆုံး ဘဏ်ကို ဒေါ်လာ ၈၇ဘီလီယံနဲ့ ၀ယ်ယူဖို့ အစီအစဉ်ရှိကြောင်း ထုတ်ပြန် ကြေညာလိုက် ပေမယ့် အကြီးအကျယ် အရှုံးပေါ်နေတဲ့ ငြိမ်မလာသေးဘူးလို့ ဆိုပါတယ်။