အာရှ၊ ဥရောပနဲ့ အမေရိကားမှာ အတိုးနှုန်းတွေကို ညှိနှိုင်းပြီး
ရေတိုအားဖြင့် လျှော့ချ
သွားမယ်လို့ ကြေညာလိုက်ပြီးတဲ့နောက်ပိုင်း နယူးယောက်ခ်က ငွေကြေးဈေးကွက်တွေ
မှာ
မနေ့က အတက်အကျ ရောထွေးနေခဲ့ပါတယ်။ အာရှဈေးကွက်က စတော့ခ်ဈေး
တချို့တော့ ဈေးတွေ
ပြန်ပြီးတက်လာခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက်
ဘယ်ရီ ဝုဒ် (Barry Wood)
ပေးပို့ထားတဲ့သတင်းကို ကိုကျော်အောင်လွင်က တင်ပြ
ပေးထားပါတယ်။
မနေ့က ဗုဒ္ဓဟူးနေ့မှာ ဥရောပရဲ့ စတော့ခ်ရှယ်ရာဈေးကွက်တွေ ပိတ်တဲ့အချိန်မှာ
ဈေးတွေကျခဲ့ပါတယ်။ နယူးယောက်ခ်မှာတော့ တက်တာရော ကျတာရော ရှိခဲ့ပြီး
ဈေးကွက်ပိတ်တဲ့အချိန်မှာတော့
ကျဆင်းခဲ့ပါတယ်။ ပြင်သစ်၊ ဂျာမဏီနဲ့ အင်္ဂလန်နိုင်ငံ
တွေမှာတော့ ဆုံးရှုံးမှုတွေ
ကြီးမားခဲ့ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဟင်နရီ
ပေါ်လ်ဆန် (Henry Paulson) ကတော့
သူ့ရဲ့ ဦးစားပေးကိစ္စဟာ ငွေကြေးဈေးကွက်
တည်ငြိမ်လာအောင် လုပ်ဖို့ပဲလို့
သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဘဏ္ဍာရေး
ဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်အသစ်အရ
ငွေကြေးဆိုင်ရာ လုပ်ငန်းတွေမှာ ရှိနေတဲ့ အကြွေး
ဆုံးတွေကို ဖယ်ထုတ်လိုက်ဖို့ကိစ္စ
သီတင်းပတ်အနည်းငယ်အတွင်းမှာ အပြည့်အဝ
လုပ်ဆောင်လာနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
ဒါပေမယ့် တည်ငြိမ်မှုရဖို့ကိစ္စကတော့
ပြောဖို့ စောနေသေးတယ်လို့ ဆိုပါတယ်။
"ငွေချေးတဲ့ဈေးကွက်တွေမှာ အားရစရာကောင်း
တဲ့ လက္ခဏာတွေကို
မြင်ရဖို့က သိပ်ပြီးစောနေ
သေးတယ်လို့ ကျနော်ထင်ပါတယ်။ ဈေးကွက်ရဲ့
လုပ်ငန်းတွေ
ပုံမှန်အခြေအနေ ပြန်ရောက်လာ
အောင် ကျနော်တို့ ဆက်ပြီးလုပ်သွားရမှာပါ။
ဒါပေမယ့်
ဈေးကွက်တော်တော်များများမှာတော့
လုပ်ငန်းအခြေအနေတွေ ပုံမှန်ပြန်မဖြစ်သေးပါ
ဘူး"
လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက
ပြောသွားပါတယ်။
သူက တရုတ်၊ မြောက်အမေရိကနဲ့ ဥရောပမှာ
အတိုးနှုန်းတွေကို
ရေတိုအားဖြင့် လျှော့ချသွားဖို့
ဗဟိုဘဏ်တွေက ညှိနှိုင်းဆောင်ရွက်မယ့်ကိစ္စကို
အကြီးအကျယ် ထောက်ခံခဲ့တာပါ။ ဒီလိုလုပ်ခြင်းအားဖြင့် အတိုးနှုန်းတွေ
သက်သာလာ
လိမ့်မယ်၊ စီးပွားရေးလုပ်ဆောင်ရာမှာ နိုးကြားမှုတွေ ရှိလာလိမ့်မယ်။ အမေရိကန်
စီးပွားရေးနဲ့
ငွေကြေးအကျပ်အတည်း ဆိုးရွားနေတဲ့ အခြေအနေတွေက ပြန်ပြီး နာလံ
ထူလာအောင် အချိန် ဘယ်လောက်ကြာဦးမယ်ဆိုတာ
သဲသဲကွဲကွဲ မရှိသေးဘူးလို့
ဆိုပါတယ်။ "ငွေကြေးစနစ် တည်ငြိမ်မှုရဖို့အတွက် လိုအပ်တဲ့
အဆင့်အားလုံးကို
လုပ်ဆောင်သွားဖို့ ကျနော် ကြည့်နေပါတယ်" လို့ အမေရိကန်
ဘဏ္ဍာရေးဝန်ကြီး
ဟင်နရီ ပေါ်လ်ဆန်က ပြောသွားတာ ဖြစ်ပါတယ်။
တယ်။ ဟောင်ကောင်မှာတော့ ၃% လောက် ပြန်မြင့်လာပါတယ်။ တောင်ကိုရီးယား
မှာလည်း ဈေးပြန်မြင့်လာပါတယ်။ ဂျပန်၊ ဖိလစ်ပိုင်၊ သြစတြေးလျ၊ ထိုင်ဝမ်နဲ့ နယူး
ဇီလန်နိုင်ငံတွေမှာတော့ ဈေးတွေကျဆင်းခဲ့ပါတယ်။