သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အစုရှယ်ယာဈေး အဖတ်မဆယ်နိုင်သေး


မနေ့က အမေရိကန် အစုရှယ်ယာဈေးကွက် ဒေါင်းဂျုန်းစ် (Dow Jones) အညွန်းကိန်း
၇% အထိ ကျဆင်းခဲ့သလို ဥရောပဈေးကွက် ပိတ်ချိန်မှာလည်း ၂.၅% အထိ ရှယ်ယာ
ဈေးတွေ ကျဆင်းခဲ့ပါတယ်။

ဒီလို စီးပွားရေးအခြေအနေ ကမောက်ကမဖြစ်နေတာကြောင့် သမ္မတဘုရှ်က ဒီနေ့
ကြေညာချက်တစောင် ထုတ်ပြန်ဖို့ရှိပါတယ်။

ဘဏ္ဍာရေးစနစ်ကြီးတည်ငြိမ်အောင် စီးပွားရေးရာ တာဝန်ခံတွေက ဖိဖိစီးစီး အရေး
တယူ ဆောင်ရွက်နေကြတာမို့ အမေရိကန်လူထုအနေနဲ့ ယုံကြည်မှု ရှိသင့်ကြတဲ့
အကြောင်း၊ ငွေချေးစနစ် အကျပ်အတည်းလျော့အောင် ဘဏ္ဍာရေးဌာနက အမြန်ဆုံး
လှုပ်ရှားနေပြီဖြစ်ကြောင်း သမ္မတဘုရှ်က လူထုကို စိတ်ချရအောင် ရှင်းပြရမှာဖြစ်တယ်
လို့ အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး ဒေနာ ပရီနို (Dana Perino) က ပြောဆိုလိုက်
ပါတယ်။

အိုင်အမ်အက်ဖ်ခေါ် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌ ဒေါမနစ် စထရပ်စ်
ခန်း (Dominique Strauss-Kahn) ကလည်း ကမ္ဘာကြီးဟာ စီးပွားရေး ကျဆင်းလုနီးပါး
အခြေစိုက်နေပေမယ့် ၂၀၀၉ ခု နှစ်ကုန်ပိုင်းမှာ ပြန်ပြီး နာလန်ထူလာလိမ့်မယ်လို့
မနေ့က ပြောဆိုလိုက်ပါတယ်။

ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကို ထိန်းဖို့အတွက် နိုင်ငံအားလုံး အတူတကွ ပူးပေါင်းကြဖို့
လိုကြောင်း ဒီသီတင်းပတ်ထဲမှာ ကမ္ဘာ့ဗဟိုဘဏ်ကြီးတွေက အတိုးနှုန်းလျှော့ချတာကို
ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြတာဟာ နမူနာကောင်းတခုဖြစ်တယ်လို့
အိုင်အမ်အက်ဖ် ဥက္ကဋ္ဌက ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG