ကုလသမဂ္ဂ
ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက တာဝန်ယူစောင့်ရှောက်တဲ့
မြန်မာနိုင်ငံအပါအဝင်
ဒုက္ခသည်တွေနဲ့ တခြားသူတွေရဲ့ သုံးပုံတပုံလောက်ဟာ သူတို့မှာ
တကယ်လိုအပ်နေတဲ့
အခြေခံထောက်ပံ့မှုတွေကို မရရှိကြတာ တွေ့ရှိတယ်လို့ အစီရင်
ခံစာ ပေါ်ထွက်လာပါတယ်။
ဘယ်နိုင်ငံတွေမှာ ဘယ်လိုသွားရောက်စစ်ဆေးပြီး
ဒီအစီရင်ခံစာ ထွက်ပေါ်လာသလဲ
ဆိုတာနဲ့ပတ်သက်ပြီး ဗွီအိုအေသတင်းထောက်
လီဆာ ရှလိုင်း (Lisa Schlein) က
ဂျနီဗာမြို့က သတင်းပေးပို့ထားတာကို ကိုရော်နီညိမ်း
က တင်ပြပေးထားပါတယ်။
ဒီနှစ်ထဲမှာ
နိုင်ငံ ၈ နိုင်ငံဖြစ်တဲ့ ကင်မရွန်း၊ အီကွေဒေါ၊ ဂျော်ဂျီယာ၊ ရဝမ်ဒါ၊ ထိုင်း၊
တန်ဇန်းနီးယား၊ ယီမင်နဲ့ ဇမ်ဘီယာနိုင်ငံတွေမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ
မဟာမင်းကြီး (ယူအန်အိတ်ချ်စီအာ) ရုံးက သွားရောက်ကွင်းဆင်း လေ့လာပြီးမှ
ဒီအစီ
ရင်ခံစာကို ပြုစုခဲ့တာလို့ ဗွီအိုအေသတင်းထောက် လီဆာ ရှလိုင်းက ပြောပါတယ်။
ဒုက္ခသည်စခန်းထဲမှာ
နေထိုင်တဲ့သူတွေ၊ ဒုက္ခသည်စခန်းမှာ စာရင်းသွင်းပြီး မြို့ပေါ်မှာ
နေထိုင်နေကြတဲ့သူတွေ အပါအဝင် နိုင်ငံမဲ့နေသူတွေ၊ နိုင်ငံရင်းကနေ အိုးပစ်အိမ်ပစ်
ထွက်ပြေးနေကြသူတွေအားလုံးကို စုံစမ်းမေးမြန်းတဲ့အခါ ဒုက္ခသည် ကူညီ
စောင့်ရှောက်ရေး
လုပ်ငန်းတွေအတွက် ဆောင်ရွက်နေကြသူတွေဟာ သူတို့တွေ့ကြရ
မယ့်၊
ကြုံကြရမယ့်ကိစ္စတွေအတွက် တအံ့တသြ ဖြစ်ကြပြီး အဲဒီအတွက် သူတို့မှာ
ပြင်ဆင်ထားတာ
မရှိကြဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး
ပြောခွင့်ရအမျိုးသမီး
ဂျနီဖာ ပါဂိုနစ် (Jennifer Pagonis) က ပြောပါတယ်။
"ဒုက္ခသည်တွေ
တကယ်လိုအပ်နေတဲ့အရာ ၃၀% လောက်ကို မရရှိဘူးဆိုတာ ကျမ
သိလိုက်ရတော့ တော်တော်လေး အံ့သြ
တုန်လှုပ်ခဲ့ရပါတယ်။ ပညာရေး၊ ကျန်းမာရေး၊
နေ့စဉ် ကိုယ်လက်သန့်ရှင်းမှု၊
အညစ်အကြေးစွန့်မှုအတွက် လိုအပ်သမျှတွေပေါ့။
ဒီလောက် အခြေခံကျတဲ့ ကိစ္စလေးတွေတောင်မှ
အထောက်အပံ့မရကြတော့ ဒုက္ခသည်
တွေရဲ့ဘဝဟာ သိပ်ကို ဆိုးဝါးလှပါတယ်။"
မြို့ပေါ်က
ဒုက္ခသည်တွေထက်စာရင် စခန်းတွေမှာနေထိုင်ကြတဲ့ ဒုက္ခသည်တွေမှာ ပိုပြီး
လုံခြုံတဲ့
ပတ်ဝန်းကျင်အနေအထား ရှိတယ်လို့လည်း မစ္စပါဂိုနစ်က ဆိုပါတယ်။
ဒါပေမယ့်လည်း
မြို့ပေါ်မှာနေကြတဲ့ ဒုက္ခသည်တွေအပေါ် စိုးရိမ်ပူပန်ရမှုတွေကတော့
တမျိုးတဘာသာပါ။
ဒီဒုက္ခသည်တွေဟာ တိုက်ခန်းနဲ့ဘာနဲ့ နေကြရတာတော့ အမှန်ပါ။
ဒါပေမယ့်
တရားဝင်နေထိုင်ကြတာမဟုတ်လို့ သက်ဆိုင်ရာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး
အာဏာပိုင်တွေရဲ့ အဖမ်းအဆီးခံကြရမှာ၊ နေရင်းနိုင်ငံတွေကို ပြန်ပို့ခံကြရမှာတွေကို
အမြဲပူပန်နေရပြီး မြို့ပြမှာနေတဲ့ ဒုက္ခသည်တွေဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ
မဟာမင်းကြီးရုံး (ယူအန်အိတ်ချ်စီအာ) ရဲ့ တရားဝင် အကာအကွယ်ပေး စောင့်ရှောက်
မှု ပိုပြီးလိုအပ်နေပါတယ်လို့လည်း မစ္စပါဂိုနစ်က ရှင်းပြပါတယ်။
၁၉၉၀
ခုနှစ်တွေထဲက ဂျော်ဂျီယာရဲ့ ခွဲထွက်
ဒေသတွေဖြစ်တဲ့ တောင်အိုဇက်စတီးယားနဲ့
အက်ဘ်ခါဇီးယား နယ်မြေတွေက ဒုက္ခ
သည်တွေ၊ အိုးပစ်အိမ်ပစ် ထွက်ပြေးနေကြ
ရသူတွေ
သိန်းနဲ့ချီရှိနေပြီး ဒီဒုက္ခသည်တွေ
ဟာ ဒုက္ခသည်စခန်းရယ်လို့ ကျကျနနမရှိဘဲ
ဒုက္ခသည်စုဆောင်းရေးဌာနတွေမှာ အခုထိ
နေထိုင်နေကြရပုံကိုလည်း မစ္စပါဂိုနစ်က
အခုလို
ဆက်ပြောပြပါတယ်။
"ဒုက္ခသည်စုဆောင်းရေးဌာနတွေမှာ
နေမှုထိုင်မှု အခြေအနေတွေဟာ အံ့သြဖို့ကောင်း
လောက်အောင်ကို တုန်လှုပ်ချောက်ချားစရာ
အခြေအနေတွေလို့ပဲ ပြောပါရစေတော့
ရှင်။ အခြေခံအကျဆုံး လူတယောက်အတွက်
လိုအပ်ချက်ဖြစ်တဲ့ သောက်ရေ၊ သုံးရေ
မရှိ၊ မိလ္လာစနစ်ဆိုတာကတော့ ဝေလာဝေး၊
နေကြထိုင်ကြရတာကလည်း တကယ့်ကို
ကျင်းခလုပ်တွေပါ။
"အဘိုး၊
အဘွား၊ အဖေ၊ အမေ၊ သားသမီး၊ မြေးတွေအားလုံး အခန်းလေးတခုထဲမှာ စုပြီး
တော့
ပြွတ်သိပ်နေကြရပါတယ်။ အကျိုးဆက်အဖြစ် အခန်းကျဉ်းလေးထဲမှာ မျိုးဆက်
သုံးစုစာ
မိသားစုမှာ အချင်းချင်းတင်းမာမှုတွေ ပိုများလာပါတယ်။ ကလေးတွေက
ကျောင်းမသွားကြဘူး၊
ရေမရှိလို့၊ ညစ်ပတ်လို့ ဖြစ်ရတဲ့ ကျန်းမာရေးပြဿနာတွေက
လည်း ရှင်းလို့ကို
မနိုင်နိုင်အောင်ပါပဲ။"
ပြီးခဲ့တဲ့ဇွန်လကမှ
အမေရိကန်ပြည်ထောင်စု မင်နီဆိုးတားပြည်နယ် စိန့်ပေါလ်မြို့ကို
ရောက်ရှိလာခဲ့တဲ့
ထိုင်း-မြန်မာနယ်စပ် အုန်းဖျန် ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ရသူ
ကိုနေကော်က
နာဂစ်မုန်တိုင်းအပြီး ဒုက္ခသည်တွေ သူတို့စခန်းကို ရောက်လာတဲ့
အတွက် ကြုံရတဲ့
အတွေ့အကြုံကိုလည်း ဗွီအိုအေကို အခုလိုပြောပြပါတယ်။
"မြစ်ဝကျွန်းပေါ်
နာဂစ်မုန်တိုင်းနဲ့ပတ်သက်ပြီး လူသစ်တွေ တော်တော်များတယ်။
သူတို့က
မြစ်ဝကျွန်းပေါ်မှာ လုံး၀ အခြေချနေထိုင်လို့ မရတဲ့အတွက် သူ့နည်းသူ့ဟန်နဲ့
ထွက်လာကြတာပဲ။ ပျှမ်းမျှခြင်း ထောင်ဂဏန်းတော့ ကျော်မယ်ထင်တယ်။
ရောက်တော့လည်း ပလာက
အရမ်းအဝင်မခံဘူး၊ ထိုင်းလုံခြုံရေးပေါ့၊ ပုလိပ်ခေါ်မယ်
ထင်တယ်။
"ယူအန်အိတ်ချ်စီအာကတော့
ချပေးတဲ့ပမာဏအပေါ်မှာ နည်းနည်းတော့ အခက်အခဲ
ရှိတယ်။ ကျနော်တို့က စာပြန်တင်ရတယ်၊
အဆင့်ဆင့်ပေါ့။ ရုံးအဆင့်ဆင့်တင်တဲ့နေရာ
မှာ အပေါ်ကိုမရောက်တော့ လောလောဆယ်
ရောက်လာတဲ့လူသစ်တွေက နည်းနည်း
တော့ အခက်အခဲရှိတာပေါ့။"
ဒုက္ခသည်တွေအနေနဲ့
သူတို့ ဒုက္ခသည်အဖြစ် ရပ်တည်ရေး နိုင်ငံရေးခိုလှုံခွင့်စနစ်တွေ၊
ဒုက္ခသည်မှတ်ပုံတင်ရေးလုပ်ငန်း၊ စာရွက်စာတမ်း ပြုစုရေးလုပ်ငန်းနဲ့ နယ်စပ်တွေမှာ
စောင့်ကြည့်ရေးလုပ်ငန်းတွေပါ
ပါဝင်ပြီး ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်
ဖို့နဲ့ အမျိုးသမီးတွေအပေါ်
လိင်မှုဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် တခြား အကြမ်းဖက်
တာတွေ မကျရောက်ရအောင်
စွမ်းအားမြှင့်လုပ်ဆောင်ရမယ်လို့ မစ္စပါဂိုနစ်က ပြောပြ
သွားပါတယ်။
အနေနဲ့ အလှူရှင်နိုင်ငံကြီးတွေထံမှာ အမေရိကန်ဒေါ်လာ ၆၃ သန်း ၅ သိန်းကို တင်ပြ
တောင်းခံထားတယ်လို့ မစ္စပါဂိုနစ်က ပြောပြသွားပါတယ်။