သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ္ဍာရေး အကျပ်အတည်း ဖြေရှင်းရေး စက်မှု ထိပ်သီးများ ဆွေးနွေး


တကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေး အကျပ်အတည်း ဖြေရှင်းဖို့ စက်မှု ထိပ်သီး ၇ နိုင်ငံ ခေါင်းဆောင်တွေအကြား အင်မတန် အားကောင်းတဲ့ သဘောတူညီမှု တရပ်ကို ရလိုက်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟင်နရီ ပေါ်လ်ဆန် က ပြောလိုက်ပါတယ်။

ဟင်နရီ ပေါ်လ်ဆန် ဟာ စက်မှု ထိပ်သီး ၇ နိုင်ငံ က တာဝန်ရှိသူတွေနဲ့ သောကြာနေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်မှာ တွေ့ဆုံအပြီး အခုလို ပြောလိုက်တာပါ။ နိုင်ငံတကာ ငွေကြေး ရံပုံငွေအဖွဲ့ IMF အစည်းအဝေး တခု မတိုင်ခင် စက်မှု ထိပ်သီး ၇ နိုင်ငံ ဖြစ်တဲ့ အမေရိကန်၊ ဂျပန်၊ ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ်၊ ကနေဒါ နဲ့ အီတလီ နိုင်ငံတွေက တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြတာပါ။ တနင်္ဂနွေနေ့မှာတော့ ဥရောပတိုက် က ခေါင်းဆောင်တွေ ပြင်သစ်နိုင်ငံ ပါရီ မြို့မှာ တွေ့ဆုံပြီး ဘဏ္ဍာရေး အကျပ်အတည်းကို ကိုင်တွယ် ဖြေရှင်းဖို့ ပူးတွဲ စီမံကိန်းတရပ် ဆွေးနွေး ရေးဆွဲကြဖို့ ရှိပါတယ်။

မနေ့က ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ မစ္စတာ ဘုရှ် က တကမ္ဘာလုံးက ရင်းနှီးမြှုပ်နှံသူတွေ ကို အာမခံ ပြောကြားဖို့ ကြိုးစားခဲ့ပါတယ်။ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် တာဝန်ရှိသူတွေဟာ အခိုင်အမာ လုပ်ဆောင် နေတယ်လို့ မစ္စတာ ဘုရှ် က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG