သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး အကျပ်အတည်း ဖြေရှင်းရေး ငွေကြေးဆိုင်ရာ ကမ္ဘာ့ ခေါင်းဆောင်များဆွေးနွေး


ကမ္ဘာ့ငွေကြေး အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရေး ဥရောပ ခေါင်းဆောင်များ ကမ္ဘာ့ဘဏ်၊ IMF အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ ကတာဝန်ရှိသူများ သီးခြားစီစည်းဝေးတိုင်ပင်နေကြပါတယ်။ ပါရီမြို့မှာပြင်သစ်သမ္မတ နီကိုလိုင်စာကိုဇီ က အီးယူ ဥရောပ သမဂ္ဂဝင် ၁၄နိုင်ငံ ခေါင်းဆောင်များကို အိမ်ရှင်အဖြစ် ထိပ်သီးအစည်းအဝေးပွဲကို ဒီနေ့ ကျင်းပပေးနေပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ဂေါ်ဒါန် ဘရောင်းက ဗြိတိန်နိုင်ငံမှာ လုပ်သလို ဘဏ်တချို့ကို တပိုင်းတဝက် နိုင်ငံပိုင် ပြုလုပ်ရေး ပုံစံမျိုး တခြား အီးယူ နိုင်ငံများကို နားချတိုက်တွန်းဖို့ ရည်ရွယ်ထားကြောင်း ပြောဆိုပါတယ်။ IMF အပြည်ပြည်ဆိုင်ရာ ငွေကြေး ရံပုံငွေ အဖွဲ့နဲ့ ကမ္ဘာ့ ဘဏ်တို့ကလည်း ဝါရှင်တန်မြို့မှာ ဒီကိစ္စကို စည်းဝေး တိုင်ပင်နေကြပါတယ်။ စနေ့နေ့ကတော့ G7ခေါ် ကမ္ဘာ့ စက်မှု ထွန်းကား ၇နိုင်ငံက ဘဏ္ဍာရေး ဝန်ကြီးများနဲ့ အိမ်ဖြူတော်မှာ သမ္မတ ဘုရှ် စည်းဝေးပါတယ်။ သမ္မတ ဘုရှ်က IMF ရုံးကို သွားရောက်ပြီးတော့ ချမ်းသာတဲ့ နိုင်ငံများနဲ့ ဖွံ့ဖြိုးစ နိုင်ငံများ ပါဝင်တဲ့ နိုင်ငံ ၂၀က ဘဏ္ဍာရေး ဝန်ကြီးများ၊ ဘဏ် တာဝန်ခံများနဲ့လည်း ဆွေးနွေးပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG