ဒီမနက်အစောပိုင်းမှာ
တိုက်ကြီးမြို့ကနေ ရန်ကုန်ကိုလာတဲ့ စီအန်ဂျီ ဓာတ်ငွေ့ယာဉ်သုံး
ခရီးသည်တင်ယာဉ်တစီး
ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူ ၇ ဦး သေဆုံးခဲ့ပါတယ်။ လောလော
ဆယ်အထိတော့ စီအန်ဂျီဓာတ်အိုးက
ပေါက်ကွဲတယ်လို့ သိရပါတယ်။ အကြောင်းစုံကို
ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက်
ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
တိုက်ကြီးမြို့ကနေ
ကုန်စိမ်းတွေတင်ပြီး ရန်ကုန်၊ သီရိမင်္ဂလာဈေးကို ထွက်ခွာလာတဲ့
ခရီးသည်တင် ဟိုင်းလက်စ်ကား
ယာဉ်အမှတ် ပ/ ၁၆၃၂ ဟာ ဒီနေ့မနက် ၂ နာရီခွဲ
လောက်မှာ အင်းစိန်မြို့နယ်အတွင်း
ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ စုစုပေါင်း ၇ ဦး ပွဲချင်းပြီး
သေဆုံးပြီး ၁ ဦး လွတ်မြောက်သွားတယ်လို့
သိရပါတယ်။
အင်းစိန်မြို့နယ်
ရဲစခန်းက နေ့လယ်ပိုင်း တာဝန်ကျရဲအရာရှိတဦးက မော်တော်ယာဉ်
ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး
လူသေဆုံးတဲ့အကြောင်း ခုလိုပြောပါတယ်။
"အော်
ဟုတ်ကဲ့ခင်ဗျ၊ အဲဒါတော့ ဒီမနက်ထွက်သွားတဲ့ တာဝန်မှူးပဲ အကုန်လုံးသိမယ်ဗျ။
ကျနော်က
ဒီနေ့မှဝင်တဲ့ တွဲဖက်တာဝန်မှူးပါခင်ဗျ။ ကြားတာကတော့ လူ ၇ ယောက်
သေတာပဲကြားတယ်။
ကျနော် အသေးစိတ်ကိုတော့ မသိပါဘူးခင်ဗျ။"
အဲဒီကားဟာ
စီအန်န်ဂျီ ဓာတ်ငွေ့သုံးကားဖြစ်ပြီးတော့ အင်းစိန်လမ်းမကြီး နည်းပညာ
တက္ကသိုလ်ရှေ့အရောက်မှာ
ကားပေါ်ပါလာတဲ့ ဂက်စ်အိုး ပေါက်ကွဲတာဖြစ်တယ်လို့
အင်းစိန်မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတဦးကလည်း
ခုလိုပြောပါတယ်။
"ဖြစ်တာကဟုတ်ပါတယ်၊ ဂက်စ်အိုးပေါက်တာပါ၊ ဂက်စ်အိုးတလုံးတည်း ပေါက်တာပါ။"
ကားပေါ်ပါလာတဲ့
၅၀ လီတာဝင် ဂက်စ်အိုး ၄ လုံးပါတဲ့အထဲက ၁ လုံးပေါက်ကွဲတာ
ဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူတွေကတော့
ဒရိုင်ဘာနဲ့ စပယ်ယာ အပါအဝင် ခရီးသည် အမျိုးသမီး ၄ ဦးနဲ့
အမျိုးသား ၁
ဦးဖြစ်ပြီးတော့ ကျန်ခရီးသည် ၁ ဦးက ခုန်ချလွတ်မြောက်သွားတာ
ဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေကို
မေးမြန်းခဲ့တဲ့ ရန်ကုန်က စာနယ်ဇင်းသမားတဦး
က ပြောပြပါတယ်။
ပြီးခဲ့တဲ့လကလည်း
ရန်ကုန်မြို့၊ လှည်းတန်းမီးပွိုင့်အနားမှာ အမှတ် ၄၅ ဘတ်စ်ကားတစီး
အလားတူ
ပေါက်ပွဲမှုဖြစ်ပွားခဲ့ပြီး ခရီးသည်တချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အဲဒီ
ပေါက်ကွဲမှုရဲ့ တရားခံကို ရှာဖွေဖော်ထုတ်ဖို့ လိုက်လံစုံစမ်းနေတယ်လို့လည်း
အစိုးရပိုင်
သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
ပေါက်ကွဲမှုတွေ
ဖြစ်ပွားခဲ့တိုင်း မြန်မာစစ်အစိုးရဟာ အတိုက်အခံတွေရဲ့ လက်ချက်ဆိုပြီး
စွပ်စွဲပြောဆိုမှုတွေ ရှိပါတယ်။ အခုပေါက်ကွဲမှုနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း
ရဲတပ်ဖွဲ့ရုံးကို
ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တရားဝင် ထုတ်ဖော်ပြောဆိုဖို့
ငြင်းဆိုခဲ့ပါတယ်။
မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက ဓာတ်ငွေ့အိုးတွေ အပါအဝင် ဆက်စပ်
ပစ္စည်းတွေကို ဖြုတ်တပ်၊ လဲလှယ်ခြင်းမပြုဖို့ သတိပေးကြေညာချက် ထုတ်ပြန်ခဲ့ပြီး
မလိုက်နာသူတွေကိုလည်း အရေးယူမယ်လို့ သတိပေးထုတ်ပြန်မှုတွေ ရှိတယ်လို့ သိရ
ပါတယ်။