သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြေးပြဿနာ ကြုံနေရတဲ့ ဘဏ်များအတွက် အစိုးရများ ၀ိုင်းကူညီမည်


ကမ္ဘာ့စီးပွားရေး ကျဆင်းအောင် ခြိမ်းခြောက်နေ
တဲ့ ငွေကြေးဈေးကွက် အကျပ်အတည်း ပြန်ပြီး
ကောင်းမွန်လာအောင်၊ ငွေထုတ်မချေးနိုင်ဘဲ
ဖြစ်နေတဲ့ ဘဏ်တွေ ပြန်ပြီးလည်ပတ်လာနိုင်
အောင် ကမ္ဘာတ၀ှမ်းက အစိုးရတွေ ပူးပေါင်းပြီး
ကြားဝင်ကူညီပေးနေကြပါပြီ။ ဒေါ်လာဘီလီယံ
ပေါင်းများစွာ သုံးစွဲပြီး ကူညီသွားမှာပါ။

ပြီးခဲ့တဲ့နေ့တွေအတွင်း ကမ္ဘာ့ငွေကြေး အကျပ်
အတည်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးပြောဆိုမှုတွေကို
အမေရိကန်နဲ့ ပြင်သစ်တို့မှာ လုပ်ခဲ့ကြပါတယ်။ ဗြိတိန်အစိုးရက ပြောတာကတော့
ဗြိတိန်မှာ အဓိကကျတဲ့ ဘဏ်ကြီးသုံးခုအတွက် ၆၃ ဘီလီယံဒေါ်လာ ကူညီသွားမယ်။
ဒီအကူအညီကို ဘဏ်တွေက အရင်းအနှီးကောင်းတွေအဖြစ် အပြည့်အ၀ အသုံးချရင်
အစိုးရဟာ ဒီဘဏ်တခုချင်းစီမှာ အစုရှယ်ရာ အများဆုံးထည့်ဝင်သူ ဖြစ်လာနိုင်ပါတယ်။

ဂျာမဏီအစိုးရကလည်း သူ့ရဲ့ငွေကြေးစနစ် ပြန်ကောင်းလာဖို့အတွက် ဒေါ်လာဘီလီယံ
ပေါင်း ၆၀၀ ကျော် အားဖြည့်ကူညီမယ့် အစီအစဉ်တခု ရှိပါတယ်။ ဒီအစီအစဉ်က
ငွေတွေအများအပြား ထုတ်ချေးနိုင်မှာဖြစ်ပြီး ပိုက်ဆံတွေလည်း ပြန်ပြီး လည်ပတ်လာ
အောင် ကူညီပါလိမ့်မယ်။

အမေရိကန်မှာလည်း ဒေါ်လာဘီလီယံ ၇၀၀ သုံးစွဲပြီး အစိုးရက ကြားဝင်ကူညီမယ့်
အစီအစဉ်ကို မြန်မြန် အကောင်အထည်ဖော်နိုင်အောင် လုပ်နေပါတယ်။ ဒီအစီအစဉ်
အတွက် ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ သမ္မတဘုရှ် အစိုးရက တိုင်ပင်ဆွေးနွေး
နေပါတယ်။

အခုလို အစိုးရတွေက ပြဿနာတက်နေတဲ့ ငွေကြေးစနစ်တွေကို ပြန်အားကောင်းလာ
အောင် ၀င်ပြီးကူညီလာတဲ့အတွက် ကမ္ဘာတ၀ှမ်းက စတော့ခ်ရှယ်ရာဈေးကွက်တွေ
ဒီကနေ့ ပြန်ပြီးမြင့်တက်လာပါတယ်။ လန်ဒန်က ရှယ်ရာတွေ ဈေးကွက်ဖွင့်ပြီး
နေ့တ၀က်မှာပဲ ၄% လောက် မြင့်တက်လာပါတယ်။ ပြင်သစ်နဲ့ ဂျာမဏီက စတော့ခ်
ရှယ်ရာ ဈေးကွက်တွေမှာတော့ ၆% ပြန်တက်လာပါတယ်။ ဟောင်ကောင်မှာ ၁၀% ထိ
မြင့်တက်ခဲ့ပြီး သြစတြေးလျနိုင်ငံမှာ ၅.၅%၊ တောင်ကိုရီးယားမှာ ၄% နဲ့ တခြား
အာရှက ဈေးကွက်တွေမှာလည်း ဈေးတွေပြန်တက်လာပါတယ်။ ဒါပေမယ့် ရုရှားနဲ့
ထိုင်ဝမ်မှာတော့ စတော့ခ်ရှယ်ရာ အရောင်းအ၀ယ်တွေ ကျဆင်းခဲ့ပါတယ်။
XS
SM
MD
LG