သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတရွေးကောက်ပွဲဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ


နိုဝင်္ဘာလ ၄ ရက်နေ့မှာ ကျင်းပပြုလုပ်တော့မယ့် အမေရိကန်နိုင်ငံ ရွေးကောက်ပွဲဆိုင်ရာ အီဒီယံ အသုံးအနှုန်းများဖြစ်တဲ့ Battleground State, Swing State နဲ့ Maverick တို့ကို တင်ပြထားပါတယ်

Battleground State - တိုက်ရိုက်အဓိပ္ပါယ် ဖွင့်ဆိုချက် = တိုက်ပွဲဖြစ်ပွားရာ (သို့) စစ်မြေပြင် နယ်မြေပြည်နယ်။

အသုံးအနှုန်းဖြစ်ပေါ်လာတဲ့ နောက်ခံသမိုင်းကတော့ အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်ပေါင်း ငါးဆယ့်ရှိတဲ့အနက် သမိုင်းတလျှောက် ဒီမိုကရက်တစ်ပါတီ အမြဲနိုင်တဲ့ ပြည်နယ်ရှိသလို၊ ရီပတ်ဘလစ်ကန်ပါတီကလည်း သူတို့ အပိုင်း အနိုင်ရနိုင်တဲ့ ပြည်နယ်တွေ ရှိကြပါတယ်။ ဒါပေမဲ့ ပြည်နယ်တချို့ ကတော့ အပြာရောင် ဒီမိုကရက်တစ် နိုင်မလား၊ အနီရောက် ရီပတ်ဘလစ်ကန်ကို မဲရမလား နှစ်ပါတီကြား အကြိတ်အနယ် မဲဆွယ်ရမဲ့ ပြည်နယ်တွေကို battleground states လို့ ခေါ်ဆိုပါတယ်။ အီဒီယံ မှာ အကြိတ်အနယ် အပြိုင်ချဲရမယ့် ပြည်နယ်တွေ (သို့) ရွေးကောက်ပွဲ စစ်မြေပြင် လို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။

အခုဆိုရင် ဒီ ရွေးကောက်ပွဲ စစ်မြေပြင် ပြည်နယ်တွေမှာ ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် အိုဘားမား နဲ့ ရီပတ်ဘလစ်ကန်ပါတီ အထက်လွှတ်တော်အမတ် မက်ကိန်း တို့ ငွေအင်အား၊ လူအင်အား များစွာသုံးပြီး မဲဆွယ်စည်းရုံးရေးကို မပြတ်လုပ်ဆောင်နေကြပါတယ်။ အပြာလည်းမဟုတ် အနီလည်းမဖြစ်တဲ့ ဒီပြည်နယ်တွေကို ခရမ်းရောင်ပြည်နယ်လို့ သတ်မှတ်ထားကြပါတယ်။

"Battleground states like Florida, where we don't know whether the Republican or the Democrat will win. Will also decide who goes to the White House."
"ဖလော်ရီဒါပြည်နယ် လို့ အကြိတ်အနယ် အပြိုင်ချဲရမဲ့ ပြည်နယ်တွေဟာ ရီပတ်ဘလစ်ကန်ဘဲ နိုင်မလား၊ ဒီမိုကရက်တစ်ဘဲ နိုင်မလား ဆိုတာကို ကျနော်တို့ မပြောနိုင်သေးဘူး။ အဲဒီပြည်နယ်တွေကဘဲ အိမ်ဖြူတော်ကို ဘယ်သူရောက်မလဲ ဆိုတာကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။"

Swing State - တိုက်ရိုက်အဓိပ္ပါယ် ဖွင့်ဆိုချက် = လွှဲနိုင်တဲ့ပြည်နယ်။ ပါတီတွေရဲ့ မဲဆွယ်လုပ်ကိုင်နိုင်ခြင်းအပေါ်မူတည်ကာ အနိုင်ရရှိနိုင်တဲ့ ပြည်နယ်တွေကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့် ဘယ်ပါတီကို မဲပေးဆိုတာကို ဆုံးဖြတ်မထားသေးတဲ့ မဲဆန္ဒရှင် (Swing Voters) တွေ အများစုကျန်နေသေးတဲ့ ပါတီအမတ်လောင်းတွေရဲ့ မဲဆွယ်လုပ်ဆောင်မှုပေါ်မူတည်ပြီး အဆုံးအဖြတ် ပေးတာကြောင့် နှစ်ဖက်ပါတီ နိုင်ခြေရှိတဲ့ ပြည်နယ်တွေ ဖြစ်ပါတယ်။

"In swing states North Carolina, Missouri, and Indiana, polls show Senator Obama is leading that maybe partly because Democratic National Committee has been more money there on TV ads."
"နှစ်ဖက်ပါတီလုံး နိုင်ခြေရှိတဲ့ North Carolina, Missouri, and Indiana မှာ လူထုစစ်တမ်း ကောက်ခံချက်အရ အထက်လွှွတ်တော်အမတ် အိုဘားမာ က အသာစီးရနေတယ်။ အဲဒါကလည်း နိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်မဲဆွယ်လှုပ်ရှားရေး ကော်မတီက တီဗွီ ကြော်ငြာတွေမှာ ငွေပိုသုံးနေလို့ ဖြစ်နိုင်တယ်။"

Maverick = ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ကို ရည်းညွှန်းသုံးစွဲပါတယ်။

နောက်ကြောင်းဇစ်မြစ်ကတော့ Texas ပြည်နယ်မှာ ၁၉ ရာစုလယ်လောက်က Samuel Maverick ( 1803-1870) ဆိုတဲ့ နွားခြံပိုင်ရှင် တဦးရှိပါတယ်။ သူဟာ နိုင်ငံရေးသမား တဦးလည်းဖြစ်သလို Texas မှာ နွားတွေမွေးတဲ့အတိုင်း တခြားနွားပိုင်ရှင်တွေက နွားတွေပျောက်တဲ့အခါ ပြန်ရှာတွေ့တဲ့အခါ ပိုင်ရှင်ဘယ်သူဘယ်ဝါ ဖြစ်တဲ့ဆိုတာကို အလွယ်တကူ ပြောနိုင်အောင် နွားတွေရဲ့ ပေါင်ဘေးမှာ သံပူထိုး တဆိပ်ခတ်ကြပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းကို Samuel Maverick က နွားတွေကို ရက်စက်ရာ ရောက်တဲ့ဆိုပြီး အများလုပ်တဲ့ ဓလေ့မလိုက်နာ မလုပ်ဆောင်ခဲ့ပါ။ ဒါပေမဲ့ တခြားနွားပိုင်ရှင်တွေက Samuel Maverick က တဆိပ်မခတ်ထားတဲ့ နွားတွေမှန်သမျှကို သူ့နွားတွေဆိုပြီး ရယူလိမ့်မယ်လို့ စွပ်စွဲပြောဆို ထင်မှားကြတယ်။ နောက်ပိုင်း Maverick စကားလုံးက တဆိပ်မခတ်ထားတဲ့ နွားတွေကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့် တဆိပ်မခတ်ထားတဲ့ နွားပေါက်ဟာ လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်လို့ အဓိပ္ပါယ် ရှိပါတယ်။ လူပုဂ္ဂိုလ်ဆိုရင်လည်း ဒီလူဟာ တမူထူးခြား လွတ်လွတ်လပ်လပ် အတွေးအခေါ်ရှိသူ လို့ ခေါ်ဆိုနိုင်ပါတယ်။

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာလည်း ရီပတ်ဘလစ်ကန်လို့ ဆိုပေမဲ့ လွှတ်တော်မှာ မဲပေးတဲ့အခါ ပါတီစွဲအရ မဲပေးချင်မှ မဲပေးတာဖြစ်ပါတယ်။ သူမှန်တဲ့ထင်ရင် သူလုပ်တဲ့သဘောရှိတဲ့အတွက်ကြောင့်လည်း Maverick လို့ တင်စားခေါ်ဝေါ်လာကြခြင်း ဖြစ်ပါတယ်။

Maverick ကို သီးခြားတွေးခေါ်တက်သူ လို့လည်း ခေါ်ဆိုသုံးစွဲနိုင်ပါတယ်။

"While mostly agree with Republican party conservatives' principles, Senator John McCain has a media reputation as a maverick for having disagreed with his party."
"အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်းအနေနဲ့ အများအားဖြင့် ရီပတ်ဘလစ်ကန် ရှေ့ရိုးစွဲ မူတွေကို သဘောတူတာတွေရပေမဲ့ သူပါတီနဲ့လည်း သဘောမတူတဲ့ အခါတွေရှိတဲ့အတွက်ကြောင့်လည်း သူဟာ သီးခြားတွေးခေါ်သူလို့ မီဒီယာမှာ သတင်းကြီးနေပါတယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG