အတောမသတ်နိုင်သေးတဲ့
ကမ္ဘာ့ငွေကြေး အကျပ်
အတည်း ပြဿနာကို
ကိုင်တွယ်ဖြေရှင်းဖို့နဲ့
ယိမ်းယိုင်နေတဲ့ ကမ္ဘာ့အစုရှယ်ရာဈေးကွက်
ပြန်လည်တည်ငြိမ်လာစေဖို့အတွက် အမေရိကန်
သမ္မတ ဘုရှ်က တခြားနိုင်ငံ့ခေါင်းဆောင်တွေနဲ့
ပူးပေါင်းဆောင်ရွက်နေပါတယ်။ မနေ့ကလည်း
သမ္မတဘုရှ်က
အီတလီနိုင်ငံဝန်ကြီးချုပ် စီလ်ဗီယို
ဘယ်လူစကိုးနီး (Silvio Berlusconi) ကို
အိမ်ဖြူ
တော်မှာ ဖိတ်ခေါ်ဆွေးနွေးခဲ့ပါတယ်။
အလားတူ ဥရောပခေါင်းဆောင်တွေကလည်း
ခေါင်းချင်းဆိုင်ပြီး စီမံကိန်းသစ်တွေ ချမှတ်နိုင်ခဲ့
ပါတယ်။ အဲဒီနောက် ကမ္ဘာ့အစုရှယ်ရာဈေးဟာ
တပတ်ကြာ အထိနာခဲ့ရာက ပြန်လည်ဦးမော့လာနိုင်ခဲ့ပါတယ်။
အကြောင်းစုံကို
ဗွီအိုအေသတင်းထောက် မိုက်ကယ် ဘိုးမန်း (Michael Bowman) နဲ့ ပေါ်လာ
ဝုဖ်ဆင်
(Paula Wolfson) သတင်းပေးပို့ထားတာကို နော်ရှိုးက တင်ပြပေးထားပါတယ်။
မနေ့က
အမေရိကန်သမ္မတဘုရှ်နဲ့ အီတလီဝန်ကြီးချုပ် စီလ်ဗီယို ဘယ်လူစကိုးနီးတို့ဟာ
ဝါရှင်တန်မြို့တော်မှာရှိတဲ့
သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပြီး အမေရိကန်နဲ့ ဥရောပ
နိုင်ငံတို့ ကမ္ဘာ့စီးပွားရေး
အကျပ်အတည်း ပြဿနာကို တုံ့ပြန်ရာမှာ ဟန်ချက်ညီညီရှိဖို့
ဆွေးနွေးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့တုန်းကလည်း အဓိကဘဏ္ဍာရေး
ဝန်ကြီးတွေ ဝါရှင်တန်မြို့တော်မှာ
တွေ့ဆုံခဲ့ကြပါတယ်။ ဒါ့အပြင် တနင်္ဂနွေနေ့တုန်းက
လည်း ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ ဥရောပ ၁၅ နိုင်ငံက ခေါင်းဆောင်တွေ အရေး
ပေါ် ထိပ်သီးအစည်းအဝေး
ကျင်းပပြီး အရှုံးပေါ်နေတဲ့ ဘဏ်တွေကို အစိုးရက
ကယ်တင်ဖို့၊ ဘဏ်ကကြွေးတွေကို
အာမခံပေးဖို့နဲ့ ဘဏ်တွေ ဆက်ပြီး ငွေထုတ်ချေး
ပေးနိုင်ဖို့အတွက် စီမံကိန်းတရပ်
ချမှတ်နိုင်ခဲ့ပါတယ်။ ဒေါ်လာ ၁ ထရီလီယံကနေ
၃ ထရီလီယံအထိ ကုန်ကျမယ့် အဲဒီစီမံကိန်းကို
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့
(IMF) အပါအဝင် တခြား နိုင်ငံတကာအဖွဲ့အစည်းတွေက
ကြိုဆိုခဲ့ကြပါတယ်။
အခုလို
အတ္တလန္တိတ်သမုဒ္ဒရာ တဖက်တချက်က နိုင်ငံ့ခေါင်းဆောင်တွေ ခေါင်းချင်းဆိုင်
ဆွေးနွေးပြီး
သွေးကြောပိတ်နေတဲ့ ချေးငွေဈေးကွက် ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှား
လည်ပတ်နိုင်ဖို့အတွက်
ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် တခုပြီးတခု ချမှတ်ကြပြီး
မကြာခင်မှာပဲ ကမ္ဘာ့အစုရှယ်ရာဈေးဟာ
သီတင်းတပတ်လုံး ၁၅% ကနေ ၂၅%
အရှုံးတွေနဲ့
ဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့ရာကနေ သိသိသာသာ
ပြန်လည်ဦးမော့လာခဲ့ရပါ
တယ်။ အခုလို တိုးတက်မှုလက္ခဏာတွေကြောင့်
အတိုင်းအတာတခုအထိ စိတ်သက်သာ
ရာ ရခဲ့ပေမယ်လို့လည်း ဒါဟာ အခြေမခိုင်သေးဘူးဆိုတာနဲ့
ဈေးကွက်ဟာ ခုထိ ခိုင်ခိုင်
မာမာ မရှိသေးဘူး ဆိုတာကိုတော့ ကမ္ဘာ့ခေါင်းဆောင်တွေ
သတိမူထားကြဆဲ ဖြစ်ပါ
တယ်။
ဘယ်လိုပဲဖြစ်ဖြစ်
မျှော်လင့်ချက် ထိန်းထားဟန်ရှိတဲ့ သမ္မတဘုရှ်က
အခုလိုပြောခဲ့ပါ
တယ်။
"ကျနော်တို့
တိုင်းပြည်စီးပွားရေးတွေမှာ တကယ်ပဲ ခက်ခဲတဲ့ကာလတွေကို ရင်ဆိုင်
နေရတာပါ။ ဒါပေမယ့် ဒီစိန်ခေါ်မှုတွေကို ကျနော်တို့
အစွမ်းကုန်ကြိုးစားပြီး အဆုံးမ
တော့ ရင်ဆိုင်ကျော်လွှားနိုင်မယ်ဆိုတာ
ယုံကြည်ပါတယ်။"
နောက်
သမ္မတဘုရှ် ပြောသွားတာကတော့ ပမာဏကြီးတဲ့ ကြွေးဆုံးတွေကြောင့်
လုပ်ငန်းလည်ပတ်ဖို့ အသက်ရှုကြပ်သွားတဲ့ ပုဂ္ဂလိကဘဏ်တွေ
ပုံမှန်အတိုင်း ပြန်ပြီး
လည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့ အရင်းအနှီးတွေရနိုင်ဖို့အပြင်
ငွေကြေးစနစ် ပိုမို
ခိုင်မာလာဖို့နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စားသုံးသူ ပြည်သူတွေ
လိုအပ်တဲ့ချေးငွေ
တွေ ရရှိနိုင်ဖို့အတွက် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက
ခေါင်းဆောင်တွေ အဓိက
ဇောင်းပေးကြိုးစားနေတယ် ဆိုတာပဲ ဖြစ်ပါတယ်။
အီတလီဝန်ကြီးချုပ်
စီလ်ဗီယို ဘယ်လူစကိုးနီးကလည်း ဒီလောက်ကြီးမားတဲ့
ငွေကြေး
အကျပ်အတည်းမျိုး ကမ္ဘာမှာ တခါမှ မကြုံဖူးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်
လက်တွေ့
ကြုံတွေ့နေရတဲ့ ကမ္ဘာလုံးနီးပါးဆိုင်ရာ ဘဏ္ဍာရေးပြဿနာကြီးကို တကယ်ရင်ဆိုင်
ကျော်လွှားနိုင်မယ်ဆိုတာ သူ့အနေနဲ့
ရာနှုန်းပြည့် ယုံကြည်တယ်လို့ အီတလီဘာသာ
စကားနဲ့ ပြောခဲ့ပါတယ်။
တချိန်ထဲမှာပဲ ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး အလစ္စတဲ ဒါလင် (Alistair Darling) ကလည်း…
"ကျနော်တို့အားလုံး
ပြတ်ပြတ်သားသားနဲ့ မြန်မြန်ဆန်ဆန် အတူပူးပေါင်း ဆောင်ရွက်
လိုက်ကြမယ်ဆိုရင် ဒီလိုခက်ခဲတဲ့ကာလကို မုချရင်ဆိုင်ကျော်လွှားနိုင်မယ်ဆိုတာ
ဘယ်နည်းနဲ့မဆို ရဲရဲကြီး ယုံကြည်နိုင်ပါတယ်" လို့ ပြောခဲ့ပါတယ်။
ပြန်လည်ဦးမော့လာတဲ့
အမေရိကန် အစုရှယ်ရာဈေးကွက်ကို ကြည့်မယ်ဆိုရင်တော့
ကိန်းဂဏန်း ၃ ခုထိ
ထိုးတက်ခဲ့ပါတယ်။ ဥရောပမှာ မနေ့ နေ့လယ်ခင်းကဆိုရင် ၈%
ကနေ ၁၂% ထိ တက်ခဲ့ပါတယ။် မနေ့က
ဈေးအပိတ်မှာ
ဟောင်ကောင်အစုရှယ်ရာ
ဈေးကတော့ ၁၀% နီးပါး တက်ခဲ့ပါတယ်။ တခြား စီးပွားရေးတက်သစ်စ
တိုင်းပြည်တွေ
ဖြစ်တဲ့ မက္ကဆီကိုနဲ့ မလေးရှားမှာလည်း အစုရှယ်ရာဈေးတွေက
အပေါင်းလက္ခဏာ
ဘက်ကို ပြန်ရောက်ခဲ့ပါတယ်။
အစုရှယ်ယာဈေးတွေက ပြီးခဲ့တဲ့သုံးလေးပတ်နဲ့စာရင်
ဈေးသက်သာသေးတာမို့
ဈေးပေါပေါနဲ့ ရှယ်ရာတွေဝယ်ထားသူ ရင်းနှီးမြှုပ်နှံသူတွေက
မကြာခင်မှာ အမြတ်
အစွန်းရဖို့အတွက် မျှော်လင့်နေကြတယ်လို့
အမေရိကန်အခြေစိုက် Standard and
Poor ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မဟာဗျူဟာ
လေ့လာသုံးသပ်သူ အကြီးအကဲ
ဆမ် စတိုဗောလ် (Sam Stovall) က ပြောပါတယ်။ ဒါ့အပြင် အခု
လူတိုင်းလူတိုင်း
အစုရှယ်ရာဈေး အခြေအနေ ဘယ်လောက်ဆိုးသလဲဆိုတာကို ပြောနေကြတာမှန်ပေ
မယ့် ဒါဟာ အဆိုးဆုံးအခြေအနေ
ဖြစ်နေတာမို့ တဖက်ကကြည့်ရင် ဒီအချိန်ဟာ အစု
ရှယ်ရာတွေ ဖမ်းဝယ်ဖို့ အကောင်းဆုံးအချိန်ပါပဲလို့
မစ္စတာ စတိုဗောလ်က ဆိုပါတယ်။
နိုင်လို့ ငွေထုတ်ချေးသူဖြစ်တဲ့ ဘဏ်တွေက အိမ်တွေကို အိမ်ဝယ်သူတွေလက်က
ပြန်လည်သိမ်းယူခဲ့ရတဲ့ Foreclosure လို့ခေါ်တဲ့ ဖြစ်ရပ်အများအပြား ပျံ့နှံ့သွားရာကနေ
အခုလို တိုင်းပြည်တခုလုံး ငွေကြေးနဲ့ ဘဏ္ဍာရေးအကျပ်အတည်း ပြဿနာ ရင်ဆိုင်ခဲ့
ရတာလို့ အများက နားလည်ထားကြပါတယ်။ စီးပွားရေးပညာရှင်တွေ ကြောက်ရွံ့စိုးရိမ်
တာတခုကတော့ တကယ်လို့ ဘဏ်တွေအနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်သူ
တွေကို ဆက်ပြီး ငွေထုတ်ချေးဖို့ တွန့်ဆုတ်နေရင်၊ ထုတ်ချေးဖို့လည်း မတတ်နိုင်ကြ
တော့ဘူးဆိုရင် ကမ္ဘာ့စီးပွားရေး လည်ပတ်မှုကြီးတခုလုံး ရပ်တန့်သွားနိုင်တဲ့ အနေ
အထားရှိတာကိုပဲ ဖြစ်ပါတယ်။