ထိုင်းနဲ့
ကမ္ဘောဒီးယားနိုင်ငံအကြား အငြင်းပွားနေတဲ့
နယ်နိမိတ်ဒေသကနေ ထိုင်းတပ်ဖွဲ့တွေ ၂၄
နာရီ
အတွင်း ပြန်ရုပ်သိမ်းမပေးရင် နှစ်နိုင်ငံအကြား
လက်နက်ကိုင်ပဋိပက္ခ
ဖြစ်လိမ့်မယ်လို့ ကမ္ဘောဒီးယား
ဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) က သတိပေး
ပြောကြားလိုက်ပါတယ်။
ဒီဒေသ သေရေး ရှင်ရေး
စစ်တလင်းပြင်ဖြစ်မလာခင်
ထိုင်းတပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းပေးဖို့ ၀န်ကြီးချုပ်
ဟွန်ဆန်က တနင်္လာနေ့မှာ ထိုင်းနိုင်ငံကို အခုလို သတိပေး ပြောကြားလိုက်တာပါ။
ထိုင်းတပ်သား ၈၄ ယောက် တနင်္လာနေ့က ကမ္ဘောဒီးယားနိုင်ငံထဲကို တမီလာလောက်
အထိ ၀င်လာပြီး
ကမ္ဘောဒီးယားတပ်တွေနဲ့ မီတာ ၄၀ လောက်အကွာမှာ စခန်းချနေခဲ့
ကြတယ်လို့ မစ္စတာဟွန်ဆန်က
ပြောပါတယ်။
ဖနွမ်းပင်မြို့မှာ တွေ့ဆုံအပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်က အခုလို ပြောဆိုလိုက်တာပါ။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဟော် နမ်ဟွန်း
(Hor Namhong) နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။