နာဂစ်ဆိုင်ကလုန်းမုန်တိုင်းနောက်ပိုင်း
မုန်တိုင်းသင့် မြစ်ဝကျွန်းပေါ်ဒေသမှာ WFP
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ပုံမှန်
အစားအစာ ဝေငှတာတွေကို မကြာခင် ရပ်ဆိုင်း
တော့မှာဖြစ်ပြီး
တကယ်တမ်းလိုအပ်နေသူတွေကိုပဲ ရွေးချယ်ထောက်ပံ့သွားဖို့ရှိတယ်လို့
WFP က ပြောပါတယ်။
WFP တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းပြီး ကိုသားညွန့်ဦးက
တင်ပြပေးထားပါတယ်။
ဘန်ကောက်မြို့
WFP အာရှ-ပစိဖိတ်ရုံးတာဝန်ခံ ပေါလ် ရမ်စ်လေကို ဆက်သွယ်
မေးမြန်းကြည့်ခဲ့ပါတယ်။
နာဂစ်မုန်တိုင်းပြီးကတည်းက
၆ လတာလောက် ပုံမှန် အဲဒီဒေသမှာရှိတဲ့ တဦးချင်းကို
ရိက္ခာဖြန့်ဝေနေတာတွေ
အခုသီတင်းပတ်အတွင်း ရပ်တန့်တော့မယ်လို့ မစ္စတာပေါလ်
ရမ်စ်လေက ပြောပါတယ်။
"အစားအစာ
ပုံမှန်ဖြန့်ဝေနေတာတွေကို ရပ်တန့်တော့မှာပါ။ ဒါပေမယ့် ဒီလိုအပ်ချက်
တွေ
အထူးတလည်ရှိနေတဲ့ လူတွေကိုတော့ ရွေးပြီး ထောက်ပံ့သွားမှာဖြစ်ပါတယ်။
မြစ်ဝကျွန်းပေါ်ဒေသက ဒုက္ခတွေ့နေကြတဲ့ အမျိုးသမီးတွေ၊ ကလေးတွေ အများကြီး
ရှိနေတဲ့
မိသားစုတွေနဲ့ တခြား လိုအပ်ချက် အထူးရှိနေသူတွေကိုပဲ ထောက်ပံ့
သွားတော့မှာပါ။
ဆိုလိုတာက အများကို ပုံမှန် အစားအစာဖြန့်နေတာကနေ အဓိက
လိုအပ်ချက်ရှိသူတွေကိုပဲ
ရွေးပြီး ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။"
အခုလို
ရိက္ခာ ပုံမှန်ဖြန့်ဝေတာတွေ ရပ်လိုက်မယ်ဆိုတော့ မြစ်ဝကျွန်းပေါ်ဒေသမှာ
အစားအစာ
ဖူလုံမှုတွေ ရှိလာပြီလို့ ယူဆလို့ရမလား။
"လူတော်တော်များများက
အခုအချိန်မှာ အလုပ် လုပ်နိုင်ကြပြီး အစားအစာကတော့
ဖူလုံသလောက် ရှိလာပါပြီ။ အခု
သီးနှံပေါ်တဲ့ အချိန်မှာလည်း တစုံတရာ အစားအစာ
လုံလောက်မှု ရှိလာမှာပါ။"
အခုလို
ရိက္ခာဖြန့်ဝေနေတာတွေ ရပ်ပစ်မယ်ဆိုတာ ပြဿနာ တစုံတရာ ရှိတဲ့အပေါ်မှာ
ရော တည်လားခင်ဗျ။
"အဓိက
ကျနော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ ထိုင်းနိုင်ငံတို့၊ အိန္ဒိယနိုင်ငံတို့က
ဝယ်ယူထားတဲ့ အစားအစာတွေကို ပြန်ပြီး သယ်ယူပို့ဆောင်ဖို့ကိစ္စပဲ ဖြစ်ပါတယ်။ အဲဒီ
ဒေသက
အများပြည်သူအားလုံးကို ကျနော်တို့ ပုံမှန် အစားအစာ ဖြန့်ဝေနိုင်ဖို့ အတိုင်း
အတာ
ပမာဏကို သယ်ယူပို့ဆောင်ဖို့ အတော်လေး ခက်ခဲနေပါတယ်။ ပြီးတော့ အစား
အစာတွေ
ဖြန့်ဝေတဲ့နေရာမှာလည်း တကယ့်ကို လိုအပ်နေတဲ့သူတွေကိုပဲ ကျနော်တို့က
အသေအချာ
ရွေးချယ်သတ်မှတ်ပြီး ကူညီထောက်ပံ့သွားနိုင်ဖို့ပါ။"
WFP အနေနဲ့ အစားအစာ ရိက္ခာတွေ ထောက်ပံ့ပေးနေတဲ့နေရာမှာ
ပြီးခဲ့တဲ့လတွေ
တုန်းက ရန်ပုံငွေ ပြတ်တောက်မှုတွေရှိတယ်လို့ သိရပါတယ်။
အဲဒီအခြေအနေကို
ရှင်းပြပေးပါ။
"သြဂုတ်လနဲ့ စက်တင်ဘာလလယ်လောက်မှာ ပြတ်တောက်သွားမှုတွေတော့
ရှိခဲ့ပါ
တယ်။ အဲဒီအချိန်မှာ တဦးချင်းအတွက် ပုံမှန်ပေးတဲ့ အတိုင်းအတာကို
ကျနော်တို့
လျှော့ခဲ့ရပါတယ်။ နောက် သယ်ယူပို့ဆောင်တာတွေ နောက်ကျတာကြောင့်
ဝေငှ
တာတွေမှာလည်း အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း အခု ၆ လကြာ အကူ
အညီတွေ
ပေးပြီးတဲ့အချိန်မှာ လိုတာ မလိုတာ အပထား၊ တဦးချင်း အားလုံးကို အတိုင်း
အတာ
လျှော့ပေးနေရာမှာ အစားထိုးပြီး လိုအပ်ချက်အမှန် ရှိသူတွေကိုပဲ
တိုက်ရိုက်
ဖြန့်ဝေဖို့ လုပ်ကြရတာပါ။"
အခုလို လိုအပ်ချက်ရှိသူတွေကိုပဲ ဖြန့်ဝေတော့မယ်ဆိုတော့
လိုအပ်ချက်ရှိသူတွေ
ဘယ်သူတွေလဲဆိုတာရော တွက်ချက်ပြီးပါပြီလား။
"အစားအသောက် ရိက္ခာလိုအပ်ချက်တွေနဲ့ ပတ်သက်လို့ အာဆီယံ၊
ကုလသမဂ္ဂ၊ မြန်မာ
အစိုးရတို့ပါဝင်တဲ့ သုံးပွင့်ဆိုင်အဖွဲ့ဲကလုပ်ထားတဲ့
စစ်တမ်းကောက်ခံမှုတွေက ကျနော်
တို့အတွက် သိပ်ကို အသုံးဝင်ပါတယ်။ ဘယ်နေရာမှာရှိသူတွေ၊
ဘယ်သူတွေက ရိက္ခာ
လိုအပ်နေတယ်၊ ဘယ်သူတွေကတော့ မလိုအပ်တော့ဘူးဆိုတဲ့ အသေးစိတ်
အချက်
အလက်တွေကို ကျနော်တို့ တွေ့ထားရပါတယ်။ မကြာခင် လာမယ့်အပတ်
သီးနှံ
ရိပ်သိမ်းချိန်မှာလည်း စားနပ်ရိက္ခာ အတော်ကြီး ဖူလုံလာလိမ့်မယ်လို့
ကျနော်တို့
မျှော်လင့်ပါတယ်။ ဒါပေမယ့်လည်း သီးနှံထွက်ရှိမှု ရလဒ်ကိုတော့ ကျနော်တို့
စောင့်ကြည့်ရဦးမှာပါ။ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဒီနှစ်ထွက်မယ့် ကောက်ပဲသီးနှံက
မနှစ်ကထက်တော့ နည်းလာမှာ အမှန်ပါပဲဗျာ။"
WFP အာရှ-ပစိဖိတ်ရေးရာရုံးက မစ္စတာ ပေါလ် ရမ်စ်လေ ရှင်းပြသွားတာ ဖြစ်ပါတယ်။
ဒီနေ့သတင်းတရပ်မှာပဲ FAO ကုလသမဂ္ဂ လယ်ယာနဲ့ စားနပ်ရိက္ခာအဖွဲ့ကြီးကလည်းနာဂစ်မုန်တိုင်းသင့်ဒေသက လယ်သမားတွေအတွက် ကျွဲ၊ နွား၊ ကြက် တိရစ္ဆာန်တွေ
ထောက်ပံ့ပေးမယ်လို့လည်း သိရပါတယ်။