ပြည်ပကတင်သွင်းတဲ့
နို့မှုန့်တွေထဲမှာ ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ မယ်လမင်း ဓာတု
ပစ္စည်းတွေ
မြန်မာနိုင်ငံထဲမှာ ထပ်မံတွေ့ရှိတဲ့အကြောင်း အစိုးရက ပြောဆိုလိုက်ပါ
တယ်။
ဒီလိုအသစ်တွေ့ရှိချက်တွေနဲ့အတူ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နို့မှုန့်တွေကို
ရောင်းဝယ်ဖောက်ကား ဖြန့်ဖြူးတာတွေ မလုပ်ဖို့လည်း တားမြစ်လိုက်ပါတယ်။ ဒီလို
အာဏာပိုင်တွေက ထုတ်ပြန်ကြေညာတာတွေ၊ တားမြစ်တာတွေ ရှိနေပေမယ့် ဒါတွေ
ဟာ
ထိရောက်မှုရှိမယ်၊ မရှိဘူးဆိုတာနဲ့ ပတ်သက်လို့ မေးခွန်းထုတ်နေကြဆဲလည်း
ဖြစ်ပါတယ်။
အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
အိမ်နီးချင်း
တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ နို့မှုန့်တွေမှာ ဘေးအန္တရာယ်ဖြစ်စေတဲ့
မယ်လမင်း
ဓာတုပစ္စည်းပါဝင်လို့ နို့စို့အရွယ် ကလေးငယ်တွေ ကျန်းမာရေးပြဿနာ
တွေနဲ့
ကြုံရတဲ့သတင်းတွေ ထွက်လာတဲ့နောက် မြန်မာနိုင်ငံထဲကို ပြည်ပကတင်သွင်း
နေတဲ့
နို့မှုန့်အမျိုးအစားတွေကို ဆက်လက်စစ်ဆေးမှုတွေ လုပ်နေရာက နောက်ထပ်
စားသုံးဖို့မသင့်တဲ့ အမျိုးအစားတွေကို တွေ့ရတဲ့အကြောင်း အစိုးရက ကြေညာခဲ့တာပါ။
မြန်မာနိုင်ငံထဲကို
တင်သွင်းနေတဲ့ နို့မှုန့်အမျိုးအစား ၈၇ မျိုးကို စစ်ဆေးတဲ့နေရာမှာ
ဒီအထဲက နောက်ထပ် ၇
မျိုးမှာ မယ်လမင်းဓာတ် တွေ့ရတယ်လို့ ပြောဆိုလိုက်တာ
ဖြစ်ပါတယ်။ အစောပိုင်းတုန်းက
နို့မှုန့်အမျိုးအစား ၉ မျိုးမှာ အလားတူတွေ့ရတယ်ဆိုပြီး
ကြေညာခဲ့တာဖြစ်တာမို့
အခုဆိုရင် မသန့်ရှင်းဘူးလို့ အစိုးရက ကြေညာထားတဲ့ အမျိုး
အစား စုစုပေါင်း ၁၆ မျိုး
ရှိသွားပါပြီ။ ဒီလို ဘေးဖြစ်စေတဲ့ နို့မှုန့်တွေကိုလည်း တင်သွင်း
တာတွေ၊
ပြန်လည်ထုပ်ပိုး ဖြန့်ဖြူးရောင်းချတာတွေ၊ တခြား စားသောက်ကုန်တွေမှာ
ထည့်တာတွေ
မလုပ်ဖို့လည်း တားမြစ်လိုက်ပါတယ်။ ဒီလို ကြေညာချက်တွေ၊ တားမြစ်
ချက်တွေကို
အစိုးရပိုင် မီဒီယာတွေကတဆင့် ထုတ်ပြန်ခဲ့တာဖြစ်ပေမယ့် ဒါတွေဟာ
ကျယ်ကျယ်ပြန့်ပြန့်
ထိရောက်မှုရှိမယ်၊ မရှိဘူးဆိုတာကတော့ သံသယတွေက ရှိနေကြ
ဆဲ ဖြစ်ပါတယ်။
"တချို့ကျတော့
သတင်းစာမဖတ်ကြဘူးလေ။ ပြီးတော့ ဆင်ခြေဖုံးဒေသက ပညာ
မတတ်တဲ့သူတွေက
ဒီနို့မှုန့်တံဆိပ်တွေကို သူတို့က ဘယ်လိုလုပ် ဖတ်တတ်မှာလဲ။
သူတို့က ဈေးအခေါ်အဝေါ်ပဲ
ခေါ်နေကြတာ။ လိပ်ပြာဆို လိပ်ပြာ၊ နွားနှစ်ကောင်ဆို
နွားနှစ်ကောင်၊ နွားနီဆို
နွားနီ၊ ဆိုတော့ အဲဒါကို ကြပ်ကြပ်မတ်မတ် သေချာလုပ်ပေးဖို့
လိုတာပေါ့။
"သတင်းစာထဲက
ငါတို့ကြေညာထားတာ ပြီးပြီဆိုပြီးတော့ လုပ်ဖို့မကောင်းဘူး။
ပြန်မလုပ်ရဘူးဆိုတာ
စီးပွားရေးသမားက ဒါကြီးကို ယူပြီးတော့ နို့ခဲပြားလေးတွေလုပ်
မယ်၊ အထုပ်လေးနဲ့ တဆင့်ပြန်ထုတ်မယ်ဆိုရင်
ဘယ်သူက သိနိုင်မှာလဲ။ ရန်ကုန်မှာ
တော့ သိနိုင်မယ်။ ဒါပေမယ့် နယ်မြို့တွေ၊
တောရွာတွေမှာကြတော့ ဒါ တန်တယ်ဟေ့၊
လျှော့ဈေးနဲ့ တန်တာပဲ။ ခါတိုင်းဆို
ဘယ်လောက်ပေးရတာဆိုပြီး သုံးစွဲရင် အများကြီး
ပြဿနာရှိနိုင်တယ်လို့ ကျနာ်ထင်ပါတယ်။
မြန်မာပြည်ကတော့ နို့အေးချောင်းတွေမှာ
ဆိုလည်း တရုတ်ပြည်ကလာတဲ့ နို့မှုန့်ပဲ
သုံးနေရတာ။ နို့ခဲပြားလေးတွေလည်း လုပ်နေ
တာပဲ။ အဲဒါတွေက သာမန်လူအနေနဲ့ ဘယ်လိုမှ
မသိနိုင်ဘူး။"
ရန်ကုန်မြို့ခံတယောက် ပြောပြသွားတာ ဖြစ်ပါတယ်။
ဒီလို
နို့စို့အရွယ် ကလေးငယ်တွေ ကျန်းမာရေးပြဿနာနဲ့ ရင်ဆိုင်ရမယ့်အရေးနဲ့
ပတ်သက်လို့လည်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂ ကလေးများ
အရေးပေါ်ရန်ပုံငွေအဖွဲ့ (UNICEF)
တို့ကလည်း ဆော်သြမှုတွေ လုပ်ခဲ့ကြပါတယ်။ ကုလ
သမဂ္ဂ အဖွဲ့အစည်းတခုဖြစ်တဲ့ UNICRF ကတော့
အခုလို ဘေးအန္တရာယ်ဖြစ်စေတဲ့
နို့မှုန့်ပြဿနာနဲ့ပတ်သက်လို့ တိုက်ရိုက်ပါဝင်
ဖြေရှင်းနေတာမျိုး မရှိပေမယ့် ဒီလိုအခြေ
အနေတွေ မဖြစ်ရလေအောင် အကာအကွယ်ဖြစ်စေမယ့်
နည်းလမ်းတခုအဖြစ် မိခင်နို့
တိုက်ကျွေးရေး လှုပ်ရှားမှုတွေကိုတော့
အလေးပေးဆောင်ရွက်နေတယ်လို့ ရန်ကုန်မြို့
မှာရှိတဲ့ UNICEF ရုံးက ပြန်ကြားရေးအရာရှိ
ဒေါ်စန္ဒာလင်းက ပြောပါတယ်။
"ကျမတို့က
အဓိက မိခင်နို့တမျိုးတည်း ကလေးအသက် ၆ လအထိ တိုက်တဲ့ဟာကို
ဦးစားပေးပြီး
အဆင့်တိုင်းမှာ Advocacy ဝင်ပါတယ်။ ဖြစ်နိုင်ရင် ကျမတို့ အနည်းဆုံး
Regulation
လောက်တော့ရအောင် ကျန်းမာရေးဝန်ကြီးဌာနကိုလည်း Advocate
လုပ်ပါတယ်။
မိခင်နို့အစားထိုး အာဟာရဖြည့် အစားအစာတွေနဲ့ ပတ်သက်ပြီး။
]မိခင်နို့မှာပါပြီး
နို့မှုန့်မှာမပါနိုင်တဲ့ အဓိကဟာတွေက ကလေးရဲ့ ကိုယ်ခံစွမ်းအားကို
မြှင့်တင်ပေးမယ့်အရာ၊ Immunity ကို မြှင့်ပေးမယ့်အရာ၊ Growth Factor
လို့ခေါ်တဲ့
ဟာတွေက မိခင်နို့မှာမှပါတယ်။ အဲဒီမိခင်နို့မှာပါတဲ့ ပုံစံအတိုင်း
တထေရာတည်းဖြစ်
အောင် နို့မှုန့်မှာ ဒီနေ့ဒီအချိန်ထိ တီထွင်ဖန်တီးပြီး
ထည့်နိုင်ခြင်းမရှိသေးဘူးလို့ ကျမတို့
လေ့လာချက်တွေအရ သိရပါတယ်။
"ဒါကြောင့်
ကျမတို့က အမေနို့တမျိုးတည်းတိုက်ဖို့ ပိုပြီးတော့ အားပေးချင်တယ်။
တကယ်တော့
အမေနို့တိုက်တဲ့နှုန်းကလည်း ရှိတော့ရှိတယ်။ ဒါပေမယ့် တခြားဟာတွေ
မရောဘဲ
တမျိုးတည်းတိုက်ဖို့ ကျမတို့အနေနဲ့ ဦးတည်ပြီး ပညာပေးသွားဖို့ အဓိက
ရည်ရွယ်ပါတယ်။
အဲဒါဆို ဒီကိစ္စတွေလည်း ကြိုပြီး ကာကွယ်ပြီးသား ဖြစ်သွားတာပေါ့။
ကျမတို့အပိုင်းက
တွန်းအားပေးတာတော့ အဲဒီအပိုင်းပါ။"
ရန်ကုန်မြို့
UNICEF ရုံးက ပြန်ကြားရေးအရာရှိ ဒေါ်စန္ဒာလင်း ပြောပြသွားတာ ဖြစ်ပါ
တယ်။
တဲ့ ဒီလိုနို့မှုန့်မျိုး တန်ချိန်ပေါင်း ၁၆ တန်ကိုလည်း ဖျက်ဆီးခဲ့ပြီးဖြစ်တယ်လို့ အစောပိုင်း
မှာ ပြောဆိုထားပါတယ်။ နောက်ထပ်လည်း ဒီလို ဘေးအန္တရာယ်ဖြစ်စေမယ့် နို့မှုန့်
အမျိုးအစားတွေ ရှိမရှိ ဆက်လက်စစ်ဆေးသွားမယ်လို့လည်း ကြေညာပြောဆိုထားတာ
ဖြစ်ပါတယ်။