ဘဏ္ဍာငွေကြေးဈေးကွက်ကို ပြန်ကယ်တင်ရေး ကြိုးပမ်းမှုတွေထဲက
နောက်ဆုံးလုပ်ရပ်
တခုမှာ ပုဂ္ဂလိကဘဏ်တွေကနေ ဒေါ်လာ သန်း ၂၅၀,၀၀၀ ခွဲဖိုး
အစုရှယ်ယာတွေကို
အမေရိကန်အစိုးရက ဝယ်ယူနေပြီး ချေးငွေတွေနဲ့ အပ်နှံငွေတွေအပေါ်
အစိုးရအာမခံ
ကြေးတွေကို တိုးမြှင့်လိုက်ပါတယ်။
ဒီအစီအစဉ်ဟာ ဘဏ္ဍာရေးစနစ်ထဲမှာ
ယုံကြည်မှု ပြန်တည်ဆောက်ပေးပြီး
ဘဏ်တွေအနေနဲ့ ငွေပြန်ချေးအောင် အားပေး
လိမ့်မယ်လို့ သူမျှော်လင့်ကြောင်း
အမေရိကန်
သမ္မတဘုရှ် (Mr. Bush) က အိမ်ဖြူတော်မှာ
ဒီကနေ့ပြောပါတယ်။ ရပ်တန့်နေတဲ့ ငွေချေး
ဈေးကွက်ဟာ
ကမ္ဘာလုံးဆိုင်ရာစီးပွားရေး
ဆုတ်ယုတ်ပျက်ပြားမယ့်အရေး ခြိမ်းခြောက်
နေတယ်လို့
စီးပွားရေးပညာရှင်တွေက
ပြောပါတယ်။
ဘဏ်တွေမှာ အစိုးရကဝင်ပြီး စွက်ဖက်တာ
ဟာ လွတ်လပ်တဲ့ဈေးကွက်ကို
ထိန်းချုပ်ဖို့မဟုတ်ဘဲ ထိန်းသိမ်းဖို့သာ ဖြစ်ပါတယ်လို့
မစ္စတာဘုရှ်က ပြောပါတယ်။
ဒီလုပ်ရပ်ကို အစိုးရဟာ မလုပ်ချင်ဘဲ လုပ်ရတာသာဖြစ်ပြီး
စားသုံးသူတွေနဲ့
စီးပွားရေးလုပ်ငန်းတွေကို ငွေကြေးအရ အထောက်အပံ့မပြုဘဲ
ပစ်ထားတဲ့ တခြားနည်းလမ်းဟာ
လက်ခံနိုင်ဖွယ်ရာ မရှိပါဘူးလို့ ဘဏ္ဍာရေးဝန်ကြီး
ဟန်နရီပေါလ်ဆန်က (Henry Paulson) ပြောပါတယ်။
ဥရောပအစိုးရတွေက သူတို့ရဲ့ဘဏ်တွေကို ကယ်တင်ဖို့ ဒေါ်လာကုဋေ ၂၀,၀၀၀
အသုံးပြုမယ်လို့ ပြောလိုက်ပြီးတဲ့နောက် အမေရိကန်ကလည်း အလားတူ လုပ်ဆောင်
တာပါ။