သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ အရေးပေါ်ရန်ပုံငွေ ထူထောင်


လက်ရှိ ကမ္ဘာတဝှမ်းမှာ ကြုံတွေ့နေရတဲ့ ငွေကြေး အကျပ်အတည်းနဲ့ ပတ်သက်ပြီး
အာဆီယံဒေသတွင်း နိုင်ငံတွေကို အကူအညီပေးဖို့ အရေးပေါ်ရန်ပုံငွေတရပ် ထူ
ထောင်ကြဖို့ အာဆီယံနိုင်ငံတွေကြားမှာ သဘောတူခဲ့ကြတယ်လို့ ဖိလစ်ပိုင်သမ္မတ
Gloria Arroyo က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ ဖိလစ်ပိုင် ဒေသဆိုင်ရာအရာရှိတွေကို
ပြောတဲ့မိန့်ခွန်းထဲမှာ ပြောခဲ့တာပါ။ ပြီးခဲ့တဲ့ အပတ် ဝါရှင်တန် ဒီစီမှာကျင်းပခဲ့တဲ့ IMF
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ ဘေးပန်း
ဆွေးနွေးပွဲအနေနဲ့ အာဆီယံ ၁၀ နိုင်ငံက ဘဏ္ဍာရေးအရာရှိတွေ ပြောဆိုခဲ့ကြပြီး
နောက်ပိုင်း အရေးပေါ်ရန်ပုံငွေထူထောင်ရေးကို သဘောတူခဲ့ကြတာလို့ ဆိုပါတယ်။
ဒီရံပုံငွေထဲကို ကမ္ဘာ့ဘဏ်က ဒေါ်လာ ဆယ်ဘီလျံ စပြီးမတည်ပေးဖို့ ကတိပြုထားပြီး
IMF နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့၊ ADB အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ အာဆီယံနဲ့
လက်တွဲနေတဲ့ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနိုင်ငံတွေကိုလည်း ရန်ပုံငွေ ဝိုင်းထည့်
ဝင်ကြဖို့ ဖိလစ်ပိုင်သမ္မတက တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီအရေးပေါ်ရန်ပုံငွေ
က အာဆီယံနိုင်ငံတွေ ကြုံတွေ့နေရတဲ့ ငွေကြေးအခက်အခဲတွေကို ကူညီ ဖြေရှင်း
သွားလိမ့်မယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG