သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ္ဍာရေးအကျပ်အတည်းပေါ် စီးပွားရေးဆိုင်ရာ မြန်မာ စာရေးသူတဦး၏အမြင်


အောက်တိုဘာ ၁၃၊ ၂၀၀၈ - ကမ္ဘာတဝှမ်းမှာဖြစ်နေတဲ့ ဘဏ္ဍာရေးဈေးကွက်
အကျပ်အတည်းကနေ စီးပွားရေးဆုတ်ယုတ်ကျဆင်းမှုဆီထိ ဖြစ်မသွားရအောင်
အစိုးရအသီးသီးက ဝိုင်းဝန်းဖြေရှင်းနေကြပါတယ်။ ဒီဘဏ္ဍာရေးဈေးကွက်အကျပ်
အတည်းဟာ စီးပွားရေးအရ ပွင့်လင်းလွတ်လပ်တယ်ဆိုတဲ့ အမေရိကန်ပြည်ထောင်
စုကနေ စတင်ခဲ့တာပါ။ ဘဏ်တွေ၊ ငွေချေးတဲ့အဖွဲ့အစည်းတွေက ချေးငွေတွေကို
သိပ်ပြီး စည်းကမ်းတင်းကျပ်မှုမရှိဘဲ အလွယ်တကူထုတ်ချေးတာတွေကနေ စတင်ခဲ့
တာလို့ ဆိုကြပါတယ်။

လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်မှာ အစိုးရက ထိန်းချုပ်မှုမရှိဘဲ ဈေးကွက်က
ပဲ သူ့ဖာသာ သတ်မှတ်လုပ်ဆောင်ပါတယ်။ အခုဖြစ်ရတဲ့ အကျပ်အတည်းဟာ
လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ပါလား၊ ဒီလိုမဖြစ်
အောင် တားဆီးနိုင်တဲ့အခြေအနေရော ရှိခဲ့ပါသလား၊ မြန်မာနိုင်ငံလို စီးပွားရေးမျိုး
ကိုရော ဘယ်လိုမျိုး ဘယ်လောက် အတိုင်းအတာထိ သက်ရောက်မှုရှိနိုင်ပါသလဲ
စသည်အားဖြင့် ကမ္ဘာတဝှမ်းမှာဖြစ်နေတဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးဈေးကွက်အကျပ်
အတည်းအပေါ် အမေရိကန်နိုင်ငံကို ခေတ္တရောက်ရှိနေတဲ့ ကမ္ဘာ့စီးပွားရေးဂျာနယ်
ရဲ့ အယ်ဒီတာချုပ် ဦးခင်မောင်ညို (ဘောဂဗေဒ) ရဲ့အမြင်ကို တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG