ကမ္ဘာ့ရေနံစိမ်းဈေး
လျော့ကျလာတာနဲ့
အကြွေးပေးစနစ်ဈေးကွက်တွေမှာ ပြေလျော့မှု
တွေ ဖြစ်ပေါ်လာတာကြောင့်
မနေ့က အမေရိကန်
ပြည်ထောင်စု နယူးယောက်ခ်မြို့ စတော့ခ်
ရှယ်ယာဈေးကွက်
ဈေးမပိတ်ခင်မှာ အစုရှယ်ယာ
ဈေးတွေ ၄% ကျော် ပြန်တက်လာခဲ့ပါတယ်။
နှစ်ပေါင်း ၃၄ နှစ်အတွင်း အဆိုးရွားဆုံးအဖြစ်
အမေရိကန်
စက်မှုထုတ်ကုန် ကျဆင်းမှုဟာ
၂.၈% အထိ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ထိုးဆင်း
ခဲ့တယ်လို့
အစိုးရရဲ့ အစီရင်ခံစာ မနေ့က
နေ့လယ်မှာ ထုတ်ပြန်ခဲ့တာကြောင့်
နယူးယောက်ခ်
စတော့ခ်ရှယ်ယာဈေးကွက် အညွှန်းကိန်းဟာ နေ့လယ်ပိုင်းမှာ ခေတ္တ
ကျဆင်းသွားခဲ့ပါတယ်။
ဈေးကွက်ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေကို
မလိုက်နာခဲ့ကြလို့ အခုလို
ဘဏ္ဍာရေးအကျပ်ဆိုက်မှု ဖြစ်ခဲ့ရတဲ့
အမှားအယွင်းမျိုးတွေအတွက် သူ့အနေနဲ့ ခေါင်းငုံ့
နေရပါတယ်လို့ ဘဏ္ဍာရေးဝန်ကြီး ဟင်နရီ
ပေါ်လ်ဆန် (Henry Paulson) က ပြောဆို
လိုက်ပါတယ်။
အစီရင်ခံစာတစောင်မှာ ဖော်ပြလိုက်တာကြောင့် ကမ္ဘာ့ရေနံစိမ်းဈေး တစည်ကို အမေ
ရိကန်ဒေါ်လာ ၇၀ အောက်ကို မနေ့က ကျဆင်းခဲ့ပါတယ်။ မနေ့က နယူးယောက်ခ်မြို့က
ရေနံဈေးကွက်မှာ ရေနံစိမ်းတစည်ဟာ ၆၉ ဒေါ်လာ ၈၇ ဆင့်နဲ့ ဈေးပိတ်ခဲ့ပါတယ်။
တနေ့တည်းမှာ ဈေးကျဆင်းမှု ၆% ရှိခဲ့ပြီး မနေ့က အမြင့်ဆုံးဈေးကနေ ၄ ဒေါ်လာ
၆၇ ဆင့် ပြုတ်ကျသွားခဲ့တာပါ။ တကြိမ်မှာတော့ ရေနံစိမ်းတစည်ရဲ့ဈေးဟာ ၆၉ ဒေါ်လာ
အထိ ရောက်သွားခဲ့ပြီး နောက်မှ ၈၇ ဆင့် ထပ်တက်လာခဲ့တာ ဖြစ်ပါတယ်။